ကွန်ဒုံးနှစ်ခု အသုံးပြုခဲ့ပေမဲ့လည်း ဇနီးသည်ကကိုယ်ဝန်ရလာလို့ ကွန်ဒုံးထုတ်လုပ်တဲ့ကုမ္ပဏီကိုတရားစွဲဆိုမယ့် အမျိုးသား




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လိင်ဆက်ဆံတဲ့နေရာမှာ အကာအကွယ်အနေနဲ့ ကွန်ဒုံးကိုအသုံးပြု ကြပေမဲ့လည်း တစ်ချို့ကတော့ မတော်တဆကိုယ်ဝန်ရလာတာမျိုးလည်း ဖြစ်တတ်ပါတယ် ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံ Haining မြို့မှာနေထိုင်တဲ့ အမျိုးသားတစ်ယောက်ဟာ လိင်ဆက်ဆံတဲ့တစ်ကြိမ်ထဲမှာ ကွန်ဒုံးနှစ်ခုအသုံးပြုခဲ့ပေမဲ့လည်း နှစ်ခုလုံးအပေါက်တွေရှိနေခဲ့တဲ့အတွက် နောက်ဆုံးသူ၏ဇနီးသည်မှာ ကိုယ်ဝန်ရလာခဲ့ပါတယ် ။ ထို့ကြောင့် ချွတ်ယွင်းချက်တွေရှိနေတဲ့ Durex အမှတ်တံဆိပ် ကွန်ဒုံးကို ယခုအချိန်မှာ ပြန်လည်တရားစွဲဆိုဖို့ လုပ်ဆောင်နေလျက်ရှိကြောင်း သိရှိရပါတယ် ။ Wang အမည်ရှိတဲ့ အဆိုပါအမျိုးသားဟာ ကလေး2ယောက်ရှိနေပြီဖြစ်တဲ့အတွက် သူ၏ဇနီးသည်ကော ၊ သူကပါ နောက်ထပ်ကလေး မလိုချင်တော့ပါဘူး ။ ထို့နောက် အဆိုပါကွန်ဒုံးကိုအသုံးပြုပြီး လိင်ဆက်ဆံမှု ပြုလုပ်အပြီးမှာတော့ အပေါက်ရှိနေကြောင်း အံ့သြထိတ်လန့်စွာတွေ့ရှိခဲ့လို့ ဇနီးသည်ကို ကိုယ်ဝန်တားဆေးတွေ ဝယ်တိုက်ခဲ့ရကြောင်း ပြောဆိုခဲ့ပါသေးတယ် ။

နောက်တစ်ရက်မှာ အဆိုပါဝယ်ယူလာခဲ့တဲ့ ကွန်ဒုံးကိုအသုံးပြုပြီး ထပ်မံဆက်ဆံမှုလုပ်ပြီးခဲ့ချိန်မှာ ထပ်ပြီးအပေါက်တွေ့ခဲ့ပါတယ် ။ ကံဆိုးစွာနဲ့ပဲ ဒီတစ်ခေါက်မှာတော့ ဇနီးသည်က ကိုယ်ဝန်ဆောင်သွားခဲ့ပါတယ် ။ ဇနီးသည်ကတော့ ကိုယ်ဝန်ထပ်မလိုချင်တော့လို့ ဖျက်ချဖို့စီစဉ်နေလျက်ရှိပါတယ် ။ ထို့ကြောင့် Wang ဟာ ဆေးဆိုင်ကိုသွားပြီး ကွန်ဒုံးအတုတွေရောင်ချမှုအတွက် စိတ်ဆိုးဒေါသထွက်စွာ အပြစ်ရှာခဲ့ပါတယ် ။ သို့ပေမဲ့လည်း ဆေးခန်းကတော့ သူတို့ကိုဆဲဆိုမဲ့အစား Durex ကွန်ဒုံးကုမ္ပဏီနှင့်သာဆက်ပြီးဖြေရှင်းသင့်ကြောင်း Wang ကိုပြောဆိုခဲ့ပါတယ် ။ Durex ကုမ္ပဏီကတော့ ကွန်ဒုံးတန်ဖိုး နှင့် သန္ဓေးသားဆေးတွေရဲ့တန်ဖိုးကို လျော်ကြေးပြန်ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပေမဲ့ Wang ကတော့ သူတို့လင်မယားနှစ်ယောက်လုံး ကိုယ်ဝန်ဖျက်ချဖို့အတွက် ခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေအတွက် အဆိုပါလျော်ကြေးကို သဘောမတူနိုင်ကြောင်း ပြောဆိုခဲ့ပါတယ် ။

ထို့ကြောင့် Wang ဟာ လူသုံးကုန်နှင့်ပက်သက်ပြီး ပြသာနာများကိုထိန်းချုပ်ကာကွယ်ပေးတဲ့အဖွဲ့အစည်းကို တိုင်ကြားပြီး အကူအညီတောင်းခံခဲ့ပေမဲ့လည်း အဆိုပါအဖွဲ့အစည်းက Wang ကို ကွန်ဒုံးမည်သို့မည်ပုံအသုံးပြုခဲ့ကြောင်း အရင်ဆုံးသက်သေပြဖို့ ပြောဆိုခဲ့ပါတယ် ။ ထို့အပြင် Wang ဝယ်ယူခဲ့ပြီး အသုံးပြုခဲ့တဲ့ ကွန်ဒုံးကိုပါ သက်သေအနေနဲ့ ပြခိုင်ခဲ့တဲ့အတွက် Wang ဟာ အတော်လေးကိုအကျပ်ရိုက်ခဲ့ပါတယ် ။ အဆိုပါ အဖွဲ့အစည်းက ကူညီပြီးမဖြေရှင်းပေးရင်တော့ Wang က Durex ကုမ္ပဏီကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment