အေျပးၿပိဳင္ပြဲမွာ ေမာပန္းေနတဲ့သားငယ္ေလးကို လက္မေလ်ာ့ေအာင္ ထပ္ၾကပ္မကြာလိုက္ၿပီး အားေပးေနခဲ့တဲ့ ဖခင္

ကိုယ္ေတြရဲ႕မိဘေတြကေတာ့ တကယ့္ကို သားသမီးေတြကို အဆံုးထိအားေပးလႈံ့ေဆာ္ေပးၾကတဲ့သူေတြပါပဲ ။ မၾကာေသးခင္ကမွ Fazly အမည္႐ွိတဲ့ ဖခင္တစ္ဦးဟာ ေက်ာင္းကေနဦးစီးက်င္းပတဲ့ Cross Country Run မွာ ပါဝင္ယွဥ္ၿပိဳင္ေနၿပီး ေမာပန္းႏြမ္းနယ္ေနခဲ့တဲ့ သားေလးကို တစ္လမ္းလံုးထပ္ၾကပ္မကြာလိုက္ၿပီး အားေပးအားေျမာက္လုပ္ေနခဲ့တဲ့ ပံုဟာ Facebook အသံုးျပဳသူေတြရဲ႕ ရင္ထဲကိုလႈပ္ခါေစခဲ့ပါတယ္ ။ 3တန္းအရြယ္သာ႐ွိေသးတဲ့ သားျဖစ္သူမွာလည္း ပင္းပန္ေနေပမဲ့ အေျပးၿပိဳင္ပြဲကို အဆံုးထိအားတင္းကာ အေကာင္းဆံုးယွဥ္ၿပိဳင္ခဲ့ၿပီး ကိုယ့္ကိုယံုၾကည္ခ်က္အျပည့္နဲ႔ ကိုယ့္ကိုယ္ကို စိန္ေခၚေနပံုပါပဲ ။

ထို႔ေၾကာင့္ ဖခင္ျဖစ္သူဟာလည္း သားေနာက္ ဆိုင္ကယ္ႏွင့္အမီလိုက္ၿပီး တစ္ခ်ိဳ႕ေနရာမွာဆိုလ်ွင္ ဆိုင္ကယ္ကိုတြန္းၿပီး သားေလးႏွင့္အတူ ေျပးကာ သားျဖစ္သူအ႐ႈံးမေပးေအာင္ အားေပးစကားမ်ား ေျပာဆိုေနခဲ့တာပါ ။

သားအဖႏွစ္ေယာက္လံုး ပန္းတိုင္အဆံုးထိေရာက္ဖို႔ အေတာ္ေလးကိုစိတ္လႈပ္႐ွားေနပံုရၿပီး ႀကိဳးစားယွဥ္ၿပိဳင္သြားခဲ့တာပါ ။ အဆိုပါ ၿပိဳင္ပြဲမွာ အ႐ႈံး ၊ အႏိုင္ ေတြဟာ အေရးမပါခဲ့ပဲ ဖခင္တစ္ေယာက္ရဲ႕ သားအေပၚခ်စ္တဲ့စိတ္ကို ၿပိဳင္ပြဲမွာ လံုးဝသက္ေသျပလိုက္သလိုပါပဲ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကိုယ်တွေရဲ့မိဘတွေကတော့ တကယ့်ကို သားသမီးတွေကို အဆုံးထိအားပေးလှုံ့ဆော်ပေးကြတဲ့သူတွေပါပဲ ။ မကြာသေးခင်ကမှ Fazly အမည်ရှိတဲ့ ဖခင်တစ်ဦးဟာ ကျောင်းကနေဦးစီးကျင်းပတဲ့ Cross Country Run မှာ ပါဝင်ယှဉ်ပြိုင်နေပြီး မောပန်းနွမ်းနယ်နေခဲ့တဲ့ သားလေးကို တစ်လမ်းလုံးထပ်ကြပ်မကွာလိုက်ပြီး အားပေးအားမြောက်လုပ်နေခဲ့တဲ့ ပုံဟာ Facebook အသုံးပြုသူတွေရဲ့ ရင်ထဲကိုလှုပ်ခါစေခဲ့ပါတယ် ။ 3တန်းအရွယ်သာရှိသေးတဲ့ သားဖြစ်သူမှာလည်း ပင်းပန်နေပေမဲ့ အပြေးပြိုင်ပွဲကို အဆုံးထိအားတင်းကာ အကောင်းဆုံးယှဉ်ပြိုင်ခဲ့ပြီး ကိုယ့်ကိုယုံကြည်ချက်အပြည့်နဲ့ ကိုယ့်ကိုယ်ကို စိန်ခေါ်နေပုံပါပဲ ။

ထို့ကြောင့် ဖခင်ဖြစ်သူဟာလည်း သားနောက် ဆိုင်ကယ်နှင့်အမီလိုက်ပြီး တစ်ချို့နေရာမှာဆိုလျှင် ဆိုင်ကယ်ကိုတွန်းပြီး သားလေးနှင့်အတူ ပြေးကာ သားဖြစ်သူအရှုံးမပေးအောင် အားပေးစကားများ ပြောဆိုနေခဲ့တာပါ ။

သားအဖနှစ်ယောက်လုံး ပန်းတိုင်အဆုံးထိရောက်ဖို့ အတော်လေးကိုစိတ်လှုပ်ရှားနေပုံရပြီး ကြိုးစားယှဉ်ပြိုင်သွားခဲ့တာပါ ။ အဆိုပါ ပြိုင်ပွဲမှာ အရှုံး ၊ အနိုင် တွေဟာ အရေးမပါခဲ့ပဲ ဖခင်တစ်ယောက်ရဲ့ သားအပေါ်ချစ်တဲ့စိတ်ကို ပြိုင်ပွဲမှာ လုံးဝသက်သေပြလိုက်သလိုပါပဲ ။

Jasmine (Mckzone Daily)

Be the first to comment on "အေျပးၿပိဳင္ပြဲမွာ ေမာပန္းေနတဲ့သားငယ္ေလးကို လက္မေလ်ာ့ေအာင္ ထပ္ၾကပ္မကြာလိုက္ၿပီး အားေပးေနခဲ့တဲ့ ဖခင္"

Leave a comment

Your email address will not be published.


*