ဝမ္းခ်ဳပ္ေနတာကို အတင္းညႇစ္ၿပီး အိမ္သာတက္လိုက္လို႔ ႏွလံုးရပ္ၿပီးေသဆံုးသြားခဲ့ရတဲ့ အမ်ိဳးသား

တ႐ုတ္ႏိုင္ငံ ၊ Wenzhou ၿမိဳ႕မွာေနထိုင္တဲ့ အသက္ 72 ႏွစ္အရြယ္ Zhu အမည္႐ွိတဲ့ အမ်ိဳးသားဟာ ဝမ္းခ်ဳပ္ေနတာကို အတင္းညႇစ္ၿပီး အိမ္သာတက္လိုက္လို႔ ႏွလံုးရပ္ၿပီး ေသဆံုးသြားခဲ့ရပါတယ္ ။ အဆိုပါအမ်ိဳးသားဟာ အရင္ခ်ိန္ကတည္းက ႏွလံုးေရာဂါ ႏွင့္ ေသြးတိုးေရာဂါ ခံစားေနရသူလည္း ျဖစ္ပါတယ္ ။ အဆိုပါအျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့ January 7 ရက္ေန႔က ျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး Zhu ဟာ 3ရက္ခန္႔ဝမ္းခ်ဳပ္ၿပီး အဆိုပါညမွာ အိမ္သာရေအာင္တက္ဖို႔ ဆံုးျဖတ္ခဲ့ပါတယ္ ။

သို႔ေပမဲ့လည္း ညႇစ္ဖို႔ႀကိဳးစားေနရင္ကေန သတိလစ္သြားၿပီး လဲက်သြားခဲ့ပါတယ္ ။ ထို႔ေနာက္ မိသားစုဝင္ေတြက ေဆးရံုသို႔အလ်င္အျမန္ေခၚေဆာင္သြားခဲ့ေပမဲ့လည္း ေသဆံုးသြားခဲ့ပါတယ္ ။ ဆရာဝန္မ်ားကေတာ့ Zhu ဟာ မစင္စြန္႔ရာတြင္ အတင္းညႇစ္ၿပီး အားအကုန္သံုးခဲ့တဲ့အတြက္ ႏွလံုးရပ္ရင္းကေန ေသဆံုးသြားခဲ့ရတာျဖစ္ေၾကာင္း ႐ွင္းျပခဲ့ပါတယ္ ။

ထို႔ေၾကာင့္ က်င္ႀကီး ၊ က်င္ငယ္ေတြကို အားအကုန္သံုးၿပီး ညႇစ္ၿပီး မစင္စြန္႔မယ္ဆိုရင္ ခႏၶာကိုယ္အတြင္းပိုင္းမွာ႐ွိတဲ့ အာရံုေၾကာေတြကိုပ်က္ဆီးေစၿပီး ၊ ႏွလံုးခုန္ႏႈန္းလည္း ေျပာင္းလဲေစကာ ၊ ေသြးေပါင္က်မႈေတြကို ျဖစ္ေစေၾကာင္း သိ႐ွိရပါတယ္ ။ အဆိုပါအခ်က္ေတြက ႏွလံုးကိုေထာက္ပံ့ေပးေနတဲ့ ေသြးေၾကာေတြကို ထိခိုက္ေစခဲ့တဲ့အတြက္ ႏွလံုးရပ္သြားခဲ့ရတာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တရုတ်နိုင်ငံ ၊ Wenzhou မြို့မှာနေထိုင်တဲ့ အသက် 72 နှစ်အရွယ် Zhu အမည်ရှိတဲ့ အမျိုးသားဟာ ဝမ်းချုပ်နေတာကို အတင်းညှစ်ပြီး အိမ်သာတက်လိုက်လို့ နှလုံးရပ်ပြီး သေဆုံးသွားခဲ့ရပါတယ် ။ အဆိုပါအမျိုးသားဟာ အရင်ချိန်ကတည်းက နှလုံးရောဂါ နှင့် သွေးတိုးရောဂါ ခံစားနေရသူလည်း ဖြစ်ပါတယ် ။ အဆိုပါအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ January 7 ရက်နေ့က ဖြစ်ပျက်ခဲ့တာဖြစ်ပြီး Zhu ဟာ 3ရက်ခန့်ဝမ်းချုပ်ပြီး အဆိုပါညမှာ အိမ်သာရအောင်တက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။

သို့ပေမဲ့လည်း ညှစ်ဖို့ကြိုးစားနေရင်ကနေ သတိလစ်သွားပြီး လဲကျသွားခဲ့ပါတယ် ။ ထို့နောက် မိသားစုဝင်တွေက ဆေးရုံသို့အလျင်အမြန်ခေါ်ဆောင်သွားခဲ့ပေမဲ့လည်း သေဆုံးသွားခဲ့ပါတယ် ။ ဆရာဝန်များကတော့ Zhu ဟာ မစင်စွန့်ရာတွင် အတင်းညှစ်ပြီး အားအကုန်သုံးခဲ့တဲ့အတွက် နှလုံးရပ်ရင်းကနေ သေဆုံးသွားခဲ့ရတာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ် ။

ထို့ကြောင့် ကျင်ကြီး ၊ ကျင်ငယ်တွေကို အားအကုန်သုံးပြီး ညှစ်ပြီး မစင်စွန့်မယ်ဆိုရင် ခန္ဓာကိုယ်အတွင်းပိုင်းမှာရှိတဲ့ အာရုံကြောတွေကိုပျက်ဆီးစေပြီး ၊ နှလုံးခုန်နှုန်းလည်း ပြောင်းလဲစေကာ ၊ သွေးပေါင်ကျမှုတွေကို ဖြစ်စေကြောင်း သိရှိရပါတယ် ။ အဆိုပါအချက်တွေက နှလုံးကိုထောက်ပံ့ပေးနေတဲ့ သွေးကြောတွေကို ထိခိုက်စေခဲ့တဲ့အတွက် နှလုံးရပ်သွားခဲ့ရတာဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment