အသက် 83 နှစ်အရွယ်မှာ အပြာကားစရိုက်ပြီး မင်းသားကိုတော့ လူငယ်လေးတွေကိုသာလိုချင်တယ်ဆိုတဲ့ အဘွားအို




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဂျပန်တွေရဲ့အပြာကားဇာတ်ကောင်တွေဟာဆိုရင် အတော်လေးကို လစာကောင်းလွန်းတဲ့အတွက် လူငယ်မိန်းကလေးတွေအတော်များများဟာ Porn Stars တွေဖြစ်လာခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း အသက် 83 နှစ်အရွယ် အဘွားအိုတစ်ယောက်က Porn star တစ်ယောက်ဖြစ်လာတာကတော့ တော်တော်လေးကိုအံ့သြဖို့ ကောင်းလွန်းလှပါတယ် ။ Ogasawara Yuko အမည်ရှိတဲ့ အမျိုးသမီးဟာငယ်စဉ်အချိန်က စည်းကမ်းတင်းကျပ်လွန်းလှတဲ့ပညာရေးနဲ့ ကြီးလာခဲ့ရတာဖြစ်ပြီး သူမရဲ့ဖခင်ဟာ ရုံဝန်ထမ်းတစ်ယောက်ဖြစ်ပြီး ၊ မိခင်မှာတော့ အိမ်ရှင်မတစ်ယောက်သာ ဖြစ်ပါတယ် ။ သူမဟာ အိမ်ထောင်ကျပြီးနောက် သားနှစ်ယောက်နှင့် သမီးတစ်ယောက်ရှိပါတယ် ။ သူမရဲ့ဘဝတစ်လျှောက်လုံး အိမ်ရှင်မတစ်ယောက်အနေနဲ့ ဘဝကိုရိုးရှင်းစွာ ဖြတ်သန်းလာခဲ့တာပါ ။

သူမရဲ့ခင်ပွန်းဟာ အသက် 59 နှစ်အရွယ်မှာ အသည်းရောဂါနှင့်သေဆုံးသွားခဲရတဲ့အတွက် သူမအတော်လေးကြေကွဲဝမ်းနည်းခဲ့ရပါတယ် ။ သို့ပေမဲ့လည်း 2နှစ်အကြာမှာတော့ မိသားစုတွေရဲ့အားပေးထောက်ပံ့မှုတွေကြောင့် သူမစားသောက်ဆိုင်ဖွင့်ခဲ့ပါတယ် ။ တစ်ရက်မှာတော့ အဆိုပါစားသောက်ဆိုင်သို့ အမြဲလာတဲ့ဖောက်သည်အမျိုးသမီးတစ်ယောက်က သူမကို အပြာဇာတ်ကားရိုက်ကူးချင်လားဆိုပြီး ကမ်းလှမ်းခဲ့ပါတယ် ။ အစပိုင်းက သူမငြင်းဆိုခဲ့ပေမဲ့လည်း နောက်ပိုင်းမှာတော့ ရိုက်ကွင်နေရာသို့ လိုက်ကြည့်ခဲ့ပြီး အဘိုးအိုတစ်ယောက် နှင့် မိန်းမငယ်လေးတစ်ယောက်တို့ အတူရိုက်ကူးနေခဲ့တာကို သူမတွေ့ရှိသွားခဲ့ပါတယ် ။

ထိုအချိန်မှာတော့ သူမက ” ကျွန်မရိုက်ရင်တော့ လူအိုတွေမလိုချင်ဘူး ၊ ရုပ်ချောတဲ့လူငယ်လေးတွေပဲလိုချင်တယ် ” ဆိုပြီးပြောဆိုခဲ့ပါတယ် ။ ထိုအချိန်မှာတော့ Producer က ” အဘွားသာ ဆန္ဒရှိမယ်ဆိုရင် ကျွန်တော်စီစဉ်ပေးနိုင်ပါတယ် ” ဆိုပြီး ပြောဆိုခဲ့ပါတယ် ။ ထို့ကြောင့် Ogasawara ပထမဆုံးရိုက်ကူးခဲ့တဲ့ ဇာတ်ကားမှာ သူမအသက် 81 နှစ်အရွယ်က ဖြစ်ပါတယ် ။သူမကတော့ ” ဒါကျွန်မယောင်္ကျားနဲ့ကလွဲပြီး ကျွန်မ ပထမဆုံး ကောင်လေးတစ်ယောက်နဲ့ ဆက်ဆံခဲ့တာပဲ ” ဆိုပြီးဖြေကြားခဲ့တဲ့အပြင် သူမအတော်လေးကိုစိတ်ကျေနပ်မှုရခဲ့တဲ့အတွက် သူမဘဝဟာ ယခုအချိန်မှာတော့ အတော်လေးပျော်ရွှင်နေရကြောင်း ဖွင့်ဆိုခဲ့ပါသေးတယ် ။ သူမရဲ့သားဖြစ်သူမှာလည်း သူမအဆိုပါ အပြာဇာတ်ကားမျိုးရိုက်ကူးနေတာသိနေပေမဲ့လည်း သူမကြိုက်နှစ်သက်တဲ့အရာကိုသာလုပ်ဖို့ အားပေးစကားပြောခဲ့ပါသေးတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment