ခင္ပြန္းျဖစ္သူႏွင့္ စကားမ်ားရန္ျဖစ္ၿပီးေနာက္ 3ႏွစ္အရြယ္သားေလးကို အဆိပ္တိုက္ေကြၽးပစ္ခဲ့တဲ့ မိခင္

တ႐ုတ္ႏိုင္ငံမွာေနထိုင္လ်က္႐ွိတဲ့ ကေလးမိခင္တစ္ေယာက္ဟာ သူမခင္ပြန္းႏွင့္ရန္ျဖစ္စကားမ်ားၿပီးေနာက္ သူမကိုယ္တိုင္ကေရာ ၊ သူမရဲ႕ 3ႏွစ္အရြယ္ကေလးငယ္ကိုပါ အဆိပ္ျပင္းတဲ့ paraquat ေပါင္းသတ္ေဆးရည္ အတင္းေသာက္ခိုင္းၿပီး အဆိပ္သင့္ၿပီးႏွစ္ေယာက္လံုးေသဆံုးသြားဖို႔ ၾကံရြယ္ခဲ့ပါတယ္ ။ ထို႔ေၾကာင့္ ၿပီးခဲ့တဲ့ January 9 ရက္ေန႔ ၊ ည 7 နာရီအခ်ိန္ခန္႔မွာ Liu အမည္႐ွိတဲ့ ခင္ပြန္းျဖစ္သူဟာ သူ၏ဇနီး ႏွင့္ သား ႏွစ္ေယာက္လံုးဟာ ေပါင္းသတ္ေဆးရည္ေသာက္ၿပီးေနာက္ အဆိပ္သင့္ကာ ေဆးရံုသို႔ေရာက္႐ွိေနေၾကာင္း ဖုန္းလက္ခံရ႐ွိခဲ့ပါတယ္ ။ ကေလးငယ္ဟာ ပထမ Sichuan ေဆးရံုမွာကုသဖို႔အဆင္မေျပတာနဲ႔ Chengdu ၿမိဳ႕မွာ႐ွိတဲ့ေဆးရံုသို႔ ေနာက္တစ္ႀကိမ္ေျပာင္းေရႊ႔ခဲ့ရပါတယ္ ။ ထို႔ေၾကာင့္ ကေလးငယ္ဟာအေရးေပၚကုသမႈမျပဳလုပ္ခင္ 2နာရီခန္႔ အဆိပ္သင့္ေဝဒနာခံစားခဲ့ရေၾကာင္း သိ႐ွိရပါတယ္ ။

ျဖစ္စဥ္ကေတာ့ ဇနီးျဖစ္သူဟာ ေပါင္းသတ္ေဆး 3 ခြက္ခန္႔ေသာက္သံုးခဲ့ၿပီး ကေလးငယ္ကိုေတာ့ ကိုယ္တိုင္ 1ခြက္ေသာက္ခိုင္းခဲ့ပါတယ္ ။ စံုစမ္းစစ္ေဆးခဲ့ခ်ိန္မွာေတာ့ Liu ဟာ သူတို႔ရဲ႕အိမ္ေထာင္ေရးဟာ ေငြေရးေၾကးေရးကိစၥေတြေၾကာင့္ လက္ထပ္ၿပီး 4ႏွစ္လံုးလံုး အက်ပ္အတည္းအေတာ္ျဖစ္ခဲ့လို႔ အဆင္မေျပခဲ့ပါဘူး ။ ထို႔ေၾကာင့္ Liu ဟာ အိမ္ကေနထြက္ၿပီး 2ႏွစ္ခန္႔အျပင္မွာ အလုပ္ထြက္လုပ္ၿပီးေနာက္ ၊ ၿပီးခဲ့တဲ့ ႏွစ္ကမွ အိမ္ျပန္ေရာက္ခဲ့တာျဖစ္ပါတယ္ ။ ဇနီးသည္က ေငြအျမဲေတာင္းေလ့႐ွိၿပီး ကြာ႐ွင္းဖို႔အတြက္ေတာင္းဆိုခဲ့တဲ့အျပင္ ကေလးထိန္းသိမ္ေစာင့္ေ႐ွာက္ခြင့္အတြက္ပါ အျမဲလိုလိုပါၿပီး ရန္႐ွာေလ့႐ွိပါတယ္ ။ အဆိုပါ အခင္းျဖစ္ပြားရာေန႔ကလည္း လင္မယားႏွစ္ေယာက္ရန္ျဖစ္စကားမ်ားခဲ့ၾကေသးေၾကာင္း သိ႐ွိရပါတယ္ ။

သို႔ေပမဲ့လည္း ဇနီးျဖစ္သူရဲ႕ အစ္မေတာ္စပ္သူကေတာ့ သူမရဲ႕တူေလးေမြးဖြားလာခဲ့စဥ္အခ်ိန္ကတည္းက ညီမျဖစ္သူက တစ္ေယာက္တည္းျပဳစုေစာင့္ေ႐ွာက္လာခဲ့တာျဖစ္ၿပီး သားျဖစ္သူကလည္းမိခင္ကို အေတာ္တြယ္ကပ္သူျဖစ္တဲ့အတြက္ သူမရဲ႕ညီမျဖစ္သူက ယခုလိုျပဳလုပ္ခဲ့တာမျဖစ္ႏိုင္ဘဲ ခင္ပြန္းျဖစ္သူကသာ အတင္းဖိအားေပးၿပီး အဆိပ္ေသာက္ခိုင္းခဲ့တာျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း ေနာက္ဆံုးကေလးငယ္ သတိရလာၿပီး ေမးျမန္းစစ္ေဆးခဲ့ခ်ိန္မွာေတာ့ မိခင္ျဖစ္သူက အတင္းအဆိပ္ေသာက္ခိုင္းခဲ့တာျဖစ္ေၾကာင္း ထြက္ဆိုခဲ့ပါတယ္ ။ ပိုၿပီးသိသာထင္႐ွားတာကေတာ့ ကေလးငယ္ရဲ႕ခႏၶာကိုယ္အႏွံ႔ ႐ိုက္ႏွက္ႏွိပ္စက္ခံထားခဲ့ရတဲ့အျပင္ လည္ပင္းမွာလည္း လက္သည္ရာေတြ႔႐ွိခဲ့ရတဲ့အတြက္ မိခင္ျဖစ္သူရဲ႕ကိုယ္ထိလက္ေရာက္ႏွိပ္စက္ခံထားရတာ သိသာထင္႐ွားခဲ့ပါတယ္ ။ မည္သို႔ပင္ျဖစ္ေစကာမူ လင္မယားရန္ျဖစ္ေနတဲ့ၾကားထဲသို႔ ကေလးငယ္ကိုအတင္း ဓားစာခံအေနနဲ႔ မထားသင့္ပါဘူးေလ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တရုတ်နိုင်ငံမှာနေထိုင်လျက်ရှိတဲ့ ကလေးမိခင်တစ်ယောက်ဟာ သူမခင်ပွန်းနှင့်ရန်ဖြစ်စကားများပြီးနောက် သူမကိုယ်တိုင်ကရော ၊ သူမရဲ့ 3နှစ်အရွယ်ကလေးငယ်ကိုပါ အဆိပ်ပြင်းတဲ့ paraquat ပေါင်းသတ်ဆေးရည် အတင်းသောက်ခိုင်းပြီး အဆိပ်သင့်ပြီးနှစ်ယောက်လုံးသေဆုံးသွားဖို့ ကြံရွယ်ခဲ့ပါတယ် ။ ထို့ကြောင့် ပြီးခဲ့တဲ့ January 9 ရက်နေ့ ၊ ည 7 နာရီအချိန်ခန့်မှာ Liu အမည်ရှိတဲ့ ခင်ပွန်းဖြစ်သူဟာ သူ၏ဇနီး နှင့် သား နှစ်ယောက်လုံးဟာ ပေါင်းသတ်ဆေးရည်သောက်ပြီးနောက် အဆိပ်သင့်ကာ ဆေးရုံသို့ရောက်ရှိနေကြောင်း ဖုန်းလက်ခံရရှိခဲ့ပါတယ် ။ ကလေးငယ်ဟာ ပထမ Sichuan ဆေးရုံမှာကုသဖို့အဆင်မပြေတာနဲ့ Chengdu မြို့မှာရှိတဲ့ဆေးရုံသို့ နောက်တစ်ကြိမ်ပြောင်းရွှေ့ခဲ့ရပါတယ် ။ ထို့ကြောင့် ကလေးငယ်ဟာအရေးပေါ်ကုသမှုမပြုလုပ်ခင် 2နာရီခန့် အဆိပ်သင့်ဝေဒနာခံစားခဲ့ရကြောင်း သိရှိရပါတယ် ။

ဖြစ်စဉ်ကတော့ ဇနီးဖြစ်သူဟာ ပေါင်းသတ်ဆေး 3 ခွက်ခန့်သောက်သုံးခဲ့ပြီး ကလေးငယ်ကိုတော့ ကိုယ်တိုင် 1ခွက်သောက်ခိုင်းခဲ့ပါတယ် ။ စုံစမ်းစစ်ဆေးခဲ့ချိန်မှာတော့ Liu ဟာ သူတို့ရဲ့အိမ်ထောင်ရေးဟာ ငွေရေးကြေးရေးကိစ္စတွေကြောင့် လက်ထပ်ပြီး 4နှစ်လုံးလုံး အကျပ်အတည်းအတော်ဖြစ်ခဲ့လို့ အဆင်မပြေခဲ့ပါဘူး ။ ထို့ကြောင့် Liu ဟာ အိမ်ကနေထွက်ပြီး 2နှစ်ခန့်အပြင်မှာ အလုပ်ထွက်လုပ်ပြီးနောက် ၊ ပြီးခဲ့တဲ့ နှစ်ကမှ အိမ်ပြန်ရောက်ခဲ့တာဖြစ်ပါတယ် ။ ဇနီးသည်က ငွေအမြဲတောင်းလေ့ရှိပြီး ကွာရှင်းဖို့အတွက်တောင်းဆိုခဲ့တဲ့အပြင် ကလေးထိန်းသိမ်စောင့်ရှောက်ခွင့်အတွက်ပါ အမြဲလိုလိုပါပြီး ရန်ရှာလေ့ရှိပါတယ် ။ အဆိုပါ အခင်းဖြစ်ပွားရာနေ့ကလည်း လင်မယားနှစ်ယောက်ရန်ဖြစ်စကားများခဲ့ကြသေးကြောင်း သိရှိရပါတယ် ။

သို့ပေမဲ့လည်း ဇနီးဖြစ်သူရဲ့ အစ်မတော်စပ်သူကတော့ သူမရဲ့တူလေးမွေးဖွားလာခဲ့စဉ်အချိန်ကတည်းက ညီမဖြစ်သူက တစ်ယောက်တည်းပြုစုစောင့်ရှောက်လာခဲ့တာဖြစ်ပြီး သားဖြစ်သူကလည်းမိခင်ကို အတော်တွယ်ကပ်သူဖြစ်တဲ့အတွက် သူမရဲ့ညီမဖြစ်သူက ယခုလိုပြုလုပ်ခဲ့တာမဖြစ်နိုင်ဘဲ ခင်ပွန်းဖြစ်သူကသာ အတင်းဖိအားပေးပြီး အဆိပ်သောက်ခိုင်းခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။ သို့ပေမဲ့လည်း နောက်ဆုံးကလေးငယ် သတိရလာပြီး မေးမြန်းစစ်ဆေးခဲ့ချိန်မှာတော့ မိခင်ဖြစ်သူက အတင်းအဆိပ်သောက်ခိုင်းခဲ့တာဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ် ။ ပိုပြီးသိသာထင်ရှားတာကတော့ ကလေးငယ်ရဲ့ခန္ဓာကိုယ်အနှံ့ ရိုက်နှက်နှိပ်စက်ခံထားခဲ့ရတဲ့အပြင် လည်ပင်းမှာလည်း လက်သည်ရာတွေ့ရှိခဲ့ရတဲ့အတွက် မိခင်ဖြစ်သူရဲ့ကိုယ်ထိလက်ရောက်နှိပ်စက်ခံထားရတာ သိသာထင်ရှားခဲ့ပါတယ် ။ မည်သို့ပင်ဖြစ်စေကာမူ လင်မယားရန်ဖြစ်နေတဲ့ကြားထဲသို့ ကလေးငယ်ကိုအတင်း ဓားစာခံအနေနဲ့ မထားသင့်ပါဘူးလေ ။

Jasmine (Mckzone Daily)

  • Leave a Comment