ညဈေးတန်းက ကြက်ကြော်ဗန်းထဲမှာ မမျှော်လင့်ဘဲတွေ့လိုက်ရတဲ့ လမ်းဘေးကြွက်အကြီးစား ( ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အာရှကလူတွေ အတော်များများဟာဆိုရင် ညဖက်အပျော် လျှောက်လည် ၊ လျှောက်စားဖို့ဆိုရင် အဓိကသွားကြတာကတော့ ညဈေးတန်းပါပဲ ။ ဘာလို့လည်းဆိုရင် ညဈေးတန်းမှာရှိတဲ့အစားအစာတွေဟာ နေ့ခင်ဖက်မှာရရှိနိုင်တဲ့အစားအစာတွေထက်ပိုဆုံးပြီး တစ်နေရာတည်းစားစုပြီးရှိနေလို့ပါပဲ ။ သို့ပေမဲ့လည်း ညဈေးတန်းက အစားအစာတွေကိုကြိုက်ကြတာ လူတွေတင်မဟုတ်ပါဘူး ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံ Kuala Lumpur မြို့မှာရှိတဲ့ ညဈေးတန်းတစ်ခုမှာဆိုရင် အတော်လေးကြီးတဲ့ လမ်းဘေးကြွက်တစ်ကောင်ဟာ အစားအသောက်ဗန်းထဲအထိဝင်ပြီး စားသောက်နေခဲ့လို့ပါပဲ ။

Facebook စာမျက်နှာမှာ ရေးသားထားတာကတော့ အဆိုပါဆိုင်မှာရရှိတဲ့ ကြက်ကြော်တွေဟာ အတော်လေးကိုကောင်းပြီး နာမည်ကြီးတယ်လို့ဆိုပါတယ် ။ ၎င်းကြွက်ကလည်း ဗန်းထဲမှာကျန်ရှိနေတဲ့ စားကြွင်းစားကျန်များကို လာရောက်စားသောက်နေပုံရပါတယ် ။

ကြွက်တစ်ကောင်လုံး အစားအသောက်ဗန်းထဲဝင်ပြီး စားသောက်နေပေမဲ့လည်း မည်သူတစ်ဦးတစ်ယောက်ကမှ သတိထားမိပုံမရပါဘူး ။ Video ရိုက်ကူးနေခဲ့တဲ့သူကလည်း နောက်တစ်ကြိမ်အဆိုပါဖြစ်ရပ်မျိုးမဖြစ်ပွားအောင် ဆိုင်ရှင်ကို သတိပေးလိုက်မယ်လို့တော့ ယုံကြည်မိပါတယ် ။ အဆိုပါ video ကို ပြန်လည်ဝေမျှသူတွေလည်း အများအပြားရှိခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment