ကျောင်းဝန်းထဲထိဝင်ပြီး ကျောင်းသားတစ်ဦးကိုပါးရိုက်ခဲ့တဲ့ အဘွားအိုရဲ့မရှုမလှခဲ့တဲ့အဖြစ် (ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီအဖြစ်အပျက်ကတော့ ထိုင်းနိုင်ငံမှာဖြစ်ပွားခဲ့တာဖြစ်ပြီး ကျောင်းဝန်းထဲမှာ ကျောင်းသားတစ်ဦး နဲ့ အဘွားအိုတစ်ယောက်တို့ရဲ့ ရန်ပွဲဟာ Twitter နဲ့ Facebook စာမျက်နှာတွေမှာပါ အတော်လေးရေပန်းစားနေလျက်ရှိပါတယ် ။ Video ထဲမှာတော့ အဘွားအိုအရွယ်အမျိုးသမီးကြီးတစ်ယောက်ဟာ ကျောင်းသားလေးရဲ့မျက်နှာတည့်တည့် ပါးရိုက်ပစ်ခဲ့ပြီးနောက်မှာတော့ ကျောင်းသားက ဒေါသကြီးစွာပြန်လည်တုန့်ပြန်ရိုက်နှက်ပစ်ခဲ့လို့ ဘေးကလူတွေပါဝင်ပြီး ဝိုင်းဆွဲရတဲ့အထိပါပဲ ။

Video ကို ဝေမျှခဲ့သူရဲ့ပြောပြချက်အရ အဘွားအိုဟာ Samut Parkan School ကျောင်းဝန်းထဲမှာ ကျယ်လောင်စွာဖုန်းပြောဆိုနေခဲ့တာပါ ။ ထို့ကြောင့် အဆိုပါနေရာမှာရှိနေခဲ့ကြတဲ့ ကျောင်းသူ၊ ကျောင်းသားများက စိတ်အနှောင့်အယှက်ဖြစ်ခဲ့ကြပြီး သူမကိုအသံလျော့ပြီး ပြောဆိုဖို့တောင်းဆိုခဲ့ကြပါတယ် ။ ထိုအချိန်မှာတော့ အဘွားအိုဟာ ဒေါသဖြင့်ကျောင်းသူ ၊ ကျောင်းသားတွေကို ပြောဆိုခဲ့ပြီး နောက်ဆုံး ကျောင်းသားလေးကို ပါးရိုက်ပစ်ခဲ့တာပါ ။

ထို့ကြောင့် ကျောင်းသားလေးမှာလည်း ဒေါသမထိန်းနိုင်တော့ဘဲ အဘွားအိုကိုပြန်ရန်တွေ့ခဲ့ပါတယ် ။ အနီးအနားရှိမျက်မြင်သက်သေများကတော့ ပထမဆုံးကိုယ်ထိလက်ရောက်ပြုလုပ်ခဲ့သည်မှာ အဘွားအိုဖြစ်၍ အဘွားအို၏အမှားသာဖြစ်ကြောင်း ထောက်ပြခဲ့ကြပါတယ် ။ #GrandmaSlapsStudent ဆိုတဲ့စားသားလေးဟာလည်း Twitter ပေါ်မှာ အတော်လေး ရေပန်းစားနေလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment