အေဆာင္မွာေနတဲ့ ေယာက်ာၤးေလးေတြရဲ႕ ကယ္တင္႐ွင္ျဖစ္သြားခဲ့တဲ့ ေၾကာင္ေလးရဲ႕အျဖစ္ ( ႐ုပ္သံ)

တစ္ခါတစ္ေလမွာေတာ့ လူေတြဟာ ေသးငယ္တဲ့အေကာင္ေတြ ၊ ရိုး႐ွင္းလြန္းလွတဲ့အရာေတြကိုေၾကာက္လန္႔တတ္ၾကပါတယ္ ။ အထူးသျဖင့္ ပိုးဟပ္ ၊ အိမ္ေျမာင္ ၊ ႂကြက္ စတဲ့အေကာင္ေလးေတြေပါ့ ။ တစ္ခါတစ္ေလ ေၾကာက္လန္႔လြန္းလို႔ ေအာ္မိေအာ္ရာ ေအာ္သြားမိတဲ့အထိပါပဲ ။ ဒီတစ္ေခါက္ေဖာ္ျပမဲ့ video မွာဆိုရင္ေတာ့ အိမ္တိုင္းလိုလို ေၾကာင္ေမြးထားသင့္တယ္လို႔ေျပာရေလာက္မဲ့ အထိပါပဲ ။ ဘာလို႔လည္း ဆိုရင္ေတာ့ ေကာင္ေလးေတြဟာ သူတို႔ေနထိုင္ေနတဲ့ အေဆာင္အိမ္ထဲမွာ ႐ွိေနတဲ့ႂကြက္တစ္ေကာင္ကိုဖမ္းဖို႔ႀကိဳးစားေနခဲ့ၾကတာပါ ။ ထို႔ေၾကာင့္ အိမ္မွာ႐ွိတဲ့ တုတ္ေတြ ၊ တံျမတ္စည္းေတြ ၊ ေကာ္ျပားေတြ စတဲ့ပစၥည္းမ်ိဳးကိုကိုင္ၿပီး ေအာ္ႀကီးဟစ္က်ယ္ဖမ္းဖို႔ႀကိဳးစားေနခဲ့ၾကတာပါ ။

ဒါကိုသိေနတဲ့ ႂကြက္ကလည္း ခံုေအာက္ထဲမွာပုန္းေအာင္းေနရာမွ လံုးဝထြက္မလာေတာ့ဘူး ။ ဒါေၾကာင့္ ေကာင္ေလးတစ္ေယာက္က အိမ္မွာေမြးထားတဲ့ Tom အမည္႐ွိတဲ့ ေၾကာင္ေလးကိုေခၚလာၿပီး ႂကြက္ဖမ္းခိုင္းခဲ့ပါတယ္ ။ ေကာင္ေလးေတြမွာေတာ့ ႂကြက္ကိုလည္း ေၾကာက္လန္႔ေနၾကပံုရၿပီး ” လုပ္စမ္းပါ Tom ” ဆိုၿပီးေအာ္ဟစ္ကာ Tom ကိုသာ အားကိုးေနခဲ့ၾကပါတယ္ ။

ထို႔ေနာက္ စကၠန့္အနည္းငယ္အၾကာမွာပဲ ေၾကာင္ေလး Tom ဟာ ႂကြက္ကိုဖမ္းႏိုင္ခဲ့ပါတယ္ ။ ထိုအခ်ိန္မွာေတာ့ ေကာင္ေလးတစ္အုပ္စုလံုးက ေၾကာင္ေလးကသူတို႔ကို ကယ္တင္လိုက္တဲ့ပံုစံမ်ိဳးႏွင့္ ေအာ္ဟစ္ကာေအာင္ပြဲခံခဲ့ၾကပါတယ္ ။ အဆိုပါညမွာေတာ့ သူရဲေကာင္းေၾကာင္ေလးကိုဆုခ်တဲ့အေနနဲ႔ ေကာင္ေလးေတြက အခန္းထဲက ကုတင္ေပၚမွာအိပ္ေစခဲ့ၿပီး ၎တို႔မွာေတာ့ အျပင္ဖက္ဧည့္ခန္းထဲမွာအိပ္ခဲ့ၾကေၾကာင္း ေျပာဆိုသြားခဲ့ပါေသးတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တစ်ခါတစ်လေမှာတော့ လူတွေဟာ သေးငယ်တဲ့အကောင်တွေ ၊ ရိုးရှင်းလွန်းလှတဲ့အရာတွေကိုကြောက်လန့်တတ်ကြပါတယ် ။ အထူးသဖြင့် ပိုးဟပ် ၊ အိမ်မြောင် ၊ ကြွက် စတဲ့အကောင်လေးတွေပေါ့ ။ တစ်ခါတစ်လေ ကြောက်လန့်လွန်းလို့ အော်မိအော်ရာ အော်သွားမိတဲ့အထိပါပဲ ။ ဒီတစ်ခေါက်ဖော်ပြမဲ့ video မှာဆိုရင်တော့ အိမ်တိုင်းလိုလို ကြောင်မွေးထားသင့်တယ်လို့ပြောရလောက်မဲ့ အထိပါပဲ ။ ဘာလို့လည်း ဆိုရင်တော့ ကောင်လေးတွေဟာ သူတို့နေထိုင်နေတဲ့ အဆောင်အိမ်ထဲမှာ ရှိနေတဲ့ကြွက်တစ်ကောင်ကိုဖမ်းဖို့ကြိုးစားနေခဲ့ကြတာပါ ။ ထို့ကြောင့် အိမ်မှာရှိတဲ့ တုတ်တွေ ၊ တံမြတ်စည်းတွေ ၊ ကော်ပြားတွေ စတဲ့ပစ္စည်းမျိုးကိုကိုင်ပြီး အော်ကြီးဟစ်ကျယ်ဖမ်းဖို့ကြိုးစားနေခဲ့ကြတာပါ ။

ဒါကိုသိနေတဲ့ ကြွက်ကလည်း ခုံအောက်ထဲမှာပုန်းအောင်းနေရာမှ လုံးဝထွက်မလာတော့ဘူး ။ ဒါကြောင့် ကောင်လေးတစ်ယောက်က အိမ်မှာမွေးထားတဲ့ Tom အမည်ရှိတဲ့ ကြောင်လေးကိုခေါ်လာပြီး ကြွက်ဖမ်းခိုင်းခဲ့ပါတယ် ။ ကောင်လေးတွေမှာတော့ ကြွက်ကိုလည်း ကြောက်လန့်နေကြပုံရပြီး ” လုပ်စမ်းပါ Tom ” ဆိုပြီးအော်ဟစ်ကာ Tom ကိုသာ အားကိုးနေခဲ့ကြပါတယ် ။

ထို့နောက် စက္ကန့်အနည်းငယ်အကြာမှာပဲ ကြောင်လေး Tom ဟာ ကြွက်ကိုဖမ်းနိုင်ခဲ့ပါတယ် ။ ထိုအချိန်မှာတော့ ကောင်လေးတစ်အုပ်စုလုံးက ကြောင်လေးကသူတို့ကို ကယ်တင်လိုက်တဲ့ပုံစံမျိုးနှင့် အော်ဟစ်ကာအောင်ပွဲခံခဲ့ကြပါတယ် ။ အဆိုပါညမှာတော့ သူရဲကောင်းကြောင်လေးကိုဆုချတဲ့အနေနဲ့ ကောင်လေးတွေက အခန်းထဲက ကုတင်ပေါ်မှာအိပ်စေခဲ့ပြီး ၎င်းတို့မှာတော့ အပြင်ဖက်ဧည့်ခန်းထဲမှာအိပ်ခဲ့ကြကြောင်း ပြောဆိုသွားခဲ့ပါသေးတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment