ရေချိုးနေရင်း ခြေချော်ကာ စအိုပေါက်က အိမ်သာဆေးတုတ်တံပေါ်တည့်တည့်ကျသွားခဲ့တဲ့ အသက်12နှစ်အရွယ်ကောင်လေးရဲ့အဖြစ်




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီမတော်တဆဖြစ်ရပ်ကတော့ တရုတ်နိုင်ငံ ၊ Nantong မြို့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ၊ အသက် 12 နှစ်အရွယ်ကောင်လေးဟာ ရေချိုးနေရင်းခြေချော်သွားခဲ့လို့ ရေချိုးခန်းဒေါင့်ဖက်နားမှာထောင်ထားတဲ့ အိမ်သာဆေးတုတ်တံပေါ် စအိုပေါက်နဲ့ကွက်တိထိုးစွပ်မိခဲ့တဲ့အဖြစ်မျိုးနဲ့ ကြုံတွေ့ခဲ့ရပါတယ် ။ ထို့ကြောင့် တုတ်တံဟာစအိုပေါက်တည့်တည့်မှာခံသွားခဲ့လို့ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ပါတယ် ။ ဒါတင်မကပါဘူး စအိုပေါက်ထဲကို 10cm အရှည်ခန့် ခံနေခဲ့ပြီး ၊ အဆိုပါကောင်လေးရဲ့ အူအတွင်းပိုင်းကိုပါ ပေါက်ပြဲသွားစေခဲ့ပါတယ် ။ ထို့ကြောင့် ခန္ဓာကိုယ်အတွင်းပိုင်း နာကျင်မှုများရရှိခဲ့ပြီး ၊ အော့အန်ခဲ့တဲ့အပြင် ၊ အဖျားတက်ပြီး ၊ ဒဏ်ရာအနာရင်းမှုများ ဖြစ်ပွားခဲ့ပါတယ် ။

ထို့ကြောင့် ကောင်လေးကိုချက်ချင်း အရေးပေါ်ခွဲစိတ်မှုများပြုလုပ်ခဲ့ပြီး ၊ အခြေအနေမှာလည်း အတော်လေးဆိုးရွားကြောင်းသိရှိရပါတယ် ။ အခြားသောရောဂါကူးစက်မှုများ မဖြစ်စေရန်အတွက် ဆရာဝန်များကတော့ ဝမ်းဗိုက်အနားအပေါက်ဖောက်ပေးခဲ့ရကြောင်း သိရှိရပါတယ် ။

4နာရီခန့် ခွဲစိတ်ကုသမှုခံယူရပြီးနောက် ကုသမှုအောင်မြင်ခဲ့ပေမဲ့လည်း ကောင်လေးဟာ အဖျားရှိန်တက်နေသေးပြီး ၊ အရေးပေါ်ကုသဆောင်မှာ ကုသမှုခံယူနေရလျက်ရှိသေးကြောင်း သိရှိရပါတယ် ။ ထို့အပြင် နောက်ထပ်ကုသမှုတစ်ကြိမ်ခံယူပြီးမှသာ ပုံမှန်အခြေအနေသို့ပြန်ရောက်နိုင်မည်ဖြစ်ကြောင်းသိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment