အေလာင္းေကာင္သရဲပံုစံ အဝတ္စျဖဴ နဲ႔ကိုယ့္ကိုထုပ္ပိုးၿပီး လမ္းေဘးမွာထိုင္ေနခဲ့လို႔ အဖမ္းခံလိုက္ရတဲ့ ေကာင္ေလး

ၿပီးခဲ့တဲ့ January 17 ရက္ေန႔က အင္ဒိုနီး႐ွားႏိုင္ငံမွာေနထိုင္တဲ့ အသက္ 17ႏွစ္အရြယ္ေကာင္ေလးဟာ ကိုယ့္ကိုအဝတ္စျဖဴ နဲ႔ထုပ္ပိုးၿပီး ‘Pocong’ အေလာင္းေကာင္သရဲပံုစံဟန္ေဆာင္ေနခဲ့လို႔ ရဲအရာ႐ွိေတြရဲ႕ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရပါတယ္ ။ MS အမည္႐ွိတဲ့ အဆိုပါေကာင္ေလးရဲ ေျခာက္လွန္႔မႈေတြေၾကာင့္ အခ်ိဳ႕သူေတြဆိုရင္ ဆိုင္ကယ္ေမွာက္ၾကတဲ့အထိပါပဲ ။ ထို႔ေၾကာင့္ ေဒသခံေတြက ရဲအရာ႐ွိေတြကို “Pocong ” အေလာင္းေကာင္ လမ္းေဘးမွာထိုင္ေနခဲ့တာကိုျမင္ၿပီး အေၾကာက္လန္႔လြန္ကာ ဆိုင္ကယ္ေမွာက္ခဲ့ၾကတဲ့အျပင္ ၊ အဆိုပါေန႔က ေသာၾကာေန႔ညက ျဖစ္ပ်က္ခဲ့တာျဖစ္တဲ့အတြက္ ပိုၿပီးဆိုးရြားစြာေၾကာက္လန္႔ခဲ့ရတာျဖစ္ေၾကာင္း တိုင္ၾကားခဲ့ၾကပါတယ္ ။

ထို႔ေၾကာင့္ရဲအရာ႐ွိေတြက အေလာင္းေကာင္ေတြ႔႐ွိတဲ့ေနရာကို သြားေရာက္စစ္ေဆးခဲ့ခ်ိန္မွာေတာ့ MS အမည္႐ွိတဲ့ေကာင္ေလးကို ေတြ႔႐ွိသြားခဲ့ပါတယ္ ။ စစ္ေဆးေမးျမန္းခဲ့ခ်ိန္မွာေတာ့ ေကာင္ေလးဟာ မဂၤလာခန္းမအလွဆင္တဲ့ လုပ္ငန္းေတြလုပ္ကိုင္ေနသူျဖစ္ၿပီး အသံုးမလိုေတာ့တဲ့ အျဖဴေရာင္ပိတ္စကိုေတြ႔႐ွိခဲ့ၿပီး ယခုကဲ့သို႔အၾကံဥာဏ္မ်ိဳးရကာ ေဒသခံေတြကိုေနာက္ေျပာင္ဖို႔ ျပဳလုပ္ခဲ့မိတာျဖစ္ေၾကာင္း ထြက္ဆိုခဲ့ပါတယ္ ။

ထို႔ေၾကာင့္ ရဲအရာ႐ွိေတြက ေဒသခံေတြကို ေၾကာက္လွန္႔မႈမ႐ွိေအာင္ ျပန္လည္ေျဖ႐ွင္းေပးခဲ့ပါတယ္ ။ အဆိုပါေကာင္ေလးရဲ႕ေနာက္ေျပာင္မႈေၾကာင့္ အခ်ိဳ႕ေသာသူေတြဆိုရင္ ဆိုင္ကယ္ေပၚကေနေတာင္ ျပဳတိက်ခဲ့ၿပီး ဒဏ္ရာရ႐ွိခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။ ထို႔ေၾကာင့္ အျခားေသာသူေတြထိခိုက္ဒဏ္ရာရ႐ွိတဲ့အထိ ေနာက္ေျပာင္မႈမ်ိဳးထပ္ျပီးအျပဳလုပ္ၾကဖို႔ ရဲအရာ႐ွိေတြက သတိေပးေျပာၾကားခဲ့ရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ပြီးခဲ့တဲ့ January 17 ရက်နေ့က အင်ဒိုနီးရှားနိုင်ငံမှာနေထိုင်တဲ့ အသက် 17နှစ်အရွယ်ကောင်လေးဟာ ကိုယ့်ကိုအဝတ်စဖြူ နဲ့ထုပ်ပိုးပြီး ‘Pocong’ အလောင်းကောင်သရဲပုံစံဟန်ဆောင်နေခဲ့လို့ ရဲအရာရှိတွေရဲ့ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ် ။ MS အမည်ရှိတဲ့ အဆိုပါကောင်လေးရဲ ခြောက်လှန့်မှုတွေကြောင့် အချို့သူတွေဆိုရင် ဆိုင်ကယ်မှောက်ကြတဲ့အထိပါပဲ ။ ထို့ကြောင့် ဒေသခံတွေက ရဲအရာရှိတွေကို “Pocong ” အလောင်းကောင် လမ်းဘေးမှာထိုင်နေခဲ့တာကိုမြင်ပြီး အကြောက်လန့်လွန်ကာ ဆိုင်ကယ်မှောက်ခဲ့ကြတဲ့အပြင် ၊ အဆိုပါနေ့က သောကြာနေ့ညက ဖြစ်ပျက်ခဲ့တာဖြစ်တဲ့အတွက် ပိုပြီးဆိုးရွားစွာကြောက်လန့်ခဲ့ရတာဖြစ်ကြောင်း တိုင်ကြားခဲ့ကြပါတယ် ။

ထို့ကြောင့်ရဲအရာရှိတွေက အလောင်းကောင်တွေ့ရှိတဲ့နေရာကို သွားရောက်စစ်ဆေးခဲ့ချိန်မှာတော့ MS အမည်ရှိတဲ့ကောင်လေးကို တွေ့ရှိသွားခဲ့ပါတယ် ။ စစ်ဆေးမေးမြန်းခဲ့ချိန်မှာတော့ ကောင်လေးဟာ မင်္ဂလာခန်းမအလှဆင်တဲ့ လုပ်ငန်းတွေလုပ်ကိုင်နေသူဖြစ်ပြီး အသုံးမလိုတော့တဲ့ အဖြူရောင်ပိတ်စကိုတွေ့ရှိခဲ့ပြီး ယခုကဲ့သို့အကြံဉာဏ်မျိုးရကာ ဒေသခံတွေကိုနောက်ပြောင်ဖို့ ပြုလုပ်ခဲ့မိတာဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ် ။

ထို့ကြောင့် ရဲအရာရှိတွေက ဒေသခံတွေကို ကြောက်လှန့်မှုမရှိအောင် ပြန်လည်ဖြေရှင်းပေးခဲ့ပါတယ် ။ အဆိုပါကောင်လေးရဲ့နောက်ပြောင်မှုကြောင့် အချို့သောသူတွေဆိုရင် ဆိုင်ကယ်ပေါ်ကနေတောင် ပြုတိကျခဲ့ပြီး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ် ။ ထို့ကြောင့် အခြားသောသူတွေထိခိုက်ဒဏ်ရာရရှိတဲ့အထိ နောက်ပြောင်မှုမျိုးထပ်ပြီးအပြုလုပ်ကြဖို့ ရဲအရာရှိတွေက သတိပေးပြောကြားခဲ့ရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment