ဆိုးသြမ္းတယ္လို႔စြပ္စြဲၿပီး ခႏၶာကိုယ္တစ္ခုလံုးကိုပလာယာျဖင့္ညႇပ္ကာ အျပစ္ေပးျခင္းခံခဲ့ရတဲ့ 7ႏွစ္အရြယ္ ကေလးငယ္

ဒီအျဖစ္အပ်က္ကေတာ့ တ႐ုတ္ႏိုင္ငံက 7ႏွစ္အရြယ္ေကာင္မေလးႏွင့္သူမ၏ေမာင္ႏွမတို႔ကို မိဘမ်ားကအေဝးတစ္ေနရာတြင္အလုပ္လုပ္ရန္အတြက္ အဘြားျဖစ္သူႏွင့္ထားခဲ့ျခင္းမွစတင္ခဲ့တာပါ။ အိမ္နီးနားခ်င္းေတြက ကေလးငယ္ရဲ႕ခႏၶာကိုယ္တစ္ခုလံုးမွာ အမာရြတ္ေတြနဲ႔ျပည့္နက္ေနတာကိုေတြ႔႐ွိလို႔အာဏာပိုင္မ်ားကိုတိုင္ၾကားခဲ့၍ အဘြားျဖစ္သူကို ကေလးငယ္မ်ားအားႏွိပ္စက္ညႇင္းပန္းမႈျဖင့္ ဖမ္းဆီးခဲ့ျခင္းျဖစ္ပါတယ္ ။ Video ထဲမွာေတာ့ ကေလးမေလးဟာအျပာေရာင္ဂါဝန္ကိုဝတ္ဆင္ထားၿပီး သူမ၏ေျခလက္ေတြမွာဒဏ္ရာအသစ္မ်ား ႏွင့္အမာရြတ္ေဟာင္းမ်ားကိုျပသခဲ့ပါတယ္ ။ ဒါေပမဲ့ အိမ္နီးနာခ်င္းတစ္ေယာက္က သူမရဲ႕ဂါဝန္ကိုေက်ာကုန္းအထိပင့္တင္လိုက္ခ်ိန္မွာေတာ့ အမာရြတ္မ်ားႏွင့္ အနာေဖးဗရပြတို႔ႏွင့္ ျပည့္နက္ေနတာကိုေတြ ့႐ွိခဲ့ၿပီး ကေလးငယ္ရဲ႕ကိုယ္ခႏၶာအေလးခ်ိန္ကလည္း ေတာ္ေတာ္ေလးေလ်ာ့က်ေနတာကိုသိ႐ွိခဲ့ရပါတယ္ ။

ရဲအရာ႐ွိေတြရဲ႕ေျပာဆိုခ်က္အရ အဘြားျဖစ္သူဟာ ကေလးငယ္ကိုဆိုးသြမ္းလြန္းတယ္လို႔အေၾကာင္းျပၿပီး ႏွိပ္စက္ညွင္းပန္းေနခဲ့ျခင္းျဖစ္ပါတယ္ ။ကေလးငယ္ကိုလည္း လ်ွပ္စစ္ေၾကးနန္းႀကိဳး ၊ပိုက္လံုးမ်ားျဖင့္ ႐ိုက္ႏွက္ခဲ့ၿပီး ၊သူမ၏အေရျပားကိုလည္း ပလာယာျဖင့္ညႇပ္ခဲ့ေၾကာင္း ရဲအရာ႐ွိမ်ားကထပ္ေလာင္းေျပာဆိုထားပါတယ္ ။ အျခား video တစ္ခုမွာေတာ့ ကေလးမေလး၏မ်က္ႏွာႏွင့္ လက္ေခ်ာင္းမ်ားကဒဏ္ရာအေၾကာင္းေမးျမန္းၾကည့္ေသာအခါ ကေလးမေလးကအဘြားျဖစ္သူဟာ သူမ၏ႏႈတ္ခမ္းႏွင့္ မ်က္ခြံမ်ားကိုအဘြားျဖစ္သူက လက္ျဖင့္ဆိတ္ခဲ့ေၾကာင္း ေျပာျပထားပါတယ္ ။ သူမ၏အျခားေမာင္းႏွမႏွစ္ေယာက္မွာလည္း အဘြားျဖစ္သူ၏ႏွိပ္စက္ျခင္းကိုခံခဲ့ရေၾကာင္း သိ႐ွိရပါတယ္ ။

အဘြားျဖစ္သူကိုေတာ့ အခ်ဳပ္ခန္းထဲတြင္းဖမ္းဆီးထိန္းသိမ္းထားၿပီး ႏွိပ္စက္ညႇင္းပန္းမႈအတြက္ဆက္လက္စံုစမ္းစစ္ေဆးလ်က္႐ွိေနေၾကာင္းသိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)
Source: thesun.co.uk

Unicode

ဆိုးသွမ်းတယ်လို့စွပ်စွဲပြီး ခန္ဓာကိုယ်တစ်ခုလုံးကိုပလာယာဖြင့်ညှပ်ကာ အပြစ်ပေးခြင်းခံခဲ့ရတဲ့ 7နှစ်အရွယ် ကလေးငယ်

ဒီအဖြစ်အပျက်ကတော့ တရုတ်နိုင်ငံက 7နှစ်အရွယ်ကောင်မလေးနှင့်သူမ၏မောင်နှမတို့ကို မိဘများကအဝေးတစ်နေရာတွင်အလုပ်လုပ်ရန်အတွက် အဘွားဖြစ်သူနှင့်ထားခဲ့ခြင်းမှစတင်ခဲ့တာပါ။ အိမ်နီးနားချင်းတွေက ကလေးငယ်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာ အမာရွတ်တွေနဲ့ပြည့်နက်နေတာကိုတွေ့ရှိလို့အာဏာပိုင်များကိုတိုင်ကြားခဲ့၍ အဘွားဖြစ်သူကို ကလေးငယ်များအားနှိပ်စက်ညှင်းပန်းမှုဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ် ။ Video ထဲမှာတော့ ကလေးမလေးဟာအပြာရောင်ဂါဝန်ကိုဝတ်ဆင်ထားပြီး သူမ၏ခြေလက်တွေမှာဒဏ်ရာအသစ်များ နှင့်အမာရွတ်ဟောင်းများကိုပြသခဲ့ပါတယ် ။ ဒါပေမဲ့ အိမ်နီးနာချင်းတစ်ယောက်က သူမရဲ့ဂါဝန်ကိုကျောကုန်းအထိပင့်တင်လိုက်ချိန်မှာတော့ အမာရွတ်များနှင့် အနာဖေးဗရပွတို့နှင့် ပြည့်နက်နေတာကိုတွေ့ရှိခဲ့ပြီး ကလေးငယ်ရဲ့ကိုယ်ခန္ဓာအလေးချိန်ကလည်း တော်တော်လေးလျော့ကျနေတာကိုသိရှိခဲ့ရပါတယ် ။

ရဲအရာရှိတွေရဲ့ပြောဆိုချက်အရ အဘွားဖြစ်သူဟာ ကလေးငယ်ကိုဆိုးသွမ်းလွန်းတယ်လို့အကြောင်းပြပြီး နှိပ်စက်ညှင်းပန်းနေခဲ့ခြင်းဖြစ်ပါတယ် ။ကလေးငယ်ကိုလည်း လျှပ်စစ်ကြေးနန်းကြိုး ၊ပိုက်လုံးများဖြင့် ရိုက်နှက်ခဲ့ပြီး ၊သူမ၏အရေပြားကိုလည်း ပလာယာဖြင့်ညှပ်ခဲ့ကြောင်း ရဲအရာရှိများကထပ်လောင်းပြောဆိုထားပါတယ် ။ အခြား video တစ်ခုမှာတော့ ကလေးမလေး၏မျက်နှာနှင့် လက်ချောင်းများကဒဏ်ရာအကြောင်းမေးမြန်းကြည့်သောအခါ ကလေးမလေးကအဘွားဖြစ်သူဟာ သူမ၏နှုတ်ခမ်းနှင့် မျက်ခွံများကိုအဘွားဖြစ်သူက လက်ဖြင့်ဆိတ်ခဲ့ကြောင်း ပြောပြထားပါတယ် ။ သူမ၏အခြားမောင်းနှမနှစ်ယောက်မှာလည်း အဘွားဖြစ်သူ၏နှိပ်စက်ခြင်းကိုခံခဲ့ရကြောင်း သိရှိရပါတယ် ။

အဘွားဖြစ်သူကိုတော့ အချုပ်ခန်းထဲတွင်းဖမ်းဆီးထိန်းသိမ်းထားပြီး နှိပ်စက်ညှင်းပန်းမှုအတွက်ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိနေကြောင်းသိရှိရပါတယ် ။

Jasmine (Mckzone Daily)
Source: thesun.co.uk

Be the first to comment on "ဆိုးသြမ္းတယ္လို႔စြပ္စြဲၿပီး ခႏၶာကိုယ္တစ္ခုလံုးကိုပလာယာျဖင့္ညႇပ္ကာ အျပစ္ေပးျခင္းခံခဲ့ရတဲ့ 7ႏွစ္အရြယ္ ကေလးငယ္"

Leave a comment

Your email address will not be published.


*