႐ိုက္ႏွက္ႏွိပ္စက္ခံရတဲ့အျပင္ အစာအငတ္ထားျခင္းခံခဲ့ရတဲ့ ေခြးေလးရဲ႕ ကူကယ္ရာမဲ့ခဲ့တဲ့အျဖစ္

ဘယ္အိမ္ေမြးတိရစာၦန္ကိုမဆို ေမြးျမဴ ထားမယ္ဆိုရင္ေတာ့ ဂ႐ုစိုက္မႈေတြ ၊ ခ်စ္ျခင္းေမတၱာေတြ ေပးသင့္ပါတယ္ ။ ဘာလို႔လည္းဆိုေတာ့ သူတို႔ေတြက သခင္ေတြကိုသာမွီခိုအားထားေနရၿပီး လူေတြနည္းတူ အသက္႐ွင္႐ုန္းကန္ေနရလို႔ပါပဲ ။ ဒီတစ္ေခါက္ေဖာ္ျပမဲ့ ေခြးေလးကိုေတာ့ တိရစာၦန္ေတြကို ကူညီကယ္ဆယ္ေပးေနတဲ့ A Fortress of Fur ဆိုတဲ့ Facebook group တစ္ခုကေန ေဝမ်ွေဖာ္ျပထားခဲ့တာပါ ။ ဓာတ္ပံုေတြထဲမွာေတာ့ ဆိုးဝါးလြန္းလွတဲ့ေခြးေလးရဲ႕ အျဖစ္ကိုျမင္ေတာ့ရမွာျဖစ္ၿပီး ေခြးေလးကိုအသက္ေသသည္အထိ အစာအငတ္ထားခဲ့ၿပီးေနာက္ဆံုး ေခြးေလးကို မိသားစုတစ္ခုက ျပန္လည္ေမြးစားခဲ့တာပါ ။

ေခြးေလးကိုေတာ့ သူ႔ရဲ႕မူလပိုင္႐ွင္က အစာအငတ္ထားၿပီး ၊ သံႀကိဳးေတြနဲ႔ ခ်ည္ေႏွာင္ထားခဲ့တာပါ ။ ဒါေၾကာင့္ ေခြးေလးဟာ အာဟာရပ်က္ၿပီး အ႐ိုးေပၚအေရတင္ျဖစ္ေနခဲ့ကာ လမ္းမေလ်ွာက္ႏိုင္ေတာ့တဲ့အထိပါပဲ ။ ထို႔ေၾကာင့္ ကယ္ဆယ္ေပးခဲ့တဲ့အဖြဲ႔က ေခြးေလးကိုနီးစပ္ရာေဆးခန္းသို႔ အလ်င္အျမန္ပို႔ေဆာင္ခဲ့ၿပီးေနာက္ အစာ ႏွင့္ ေရမ်ားတိုက္ေကြၽးခဲ့ပါတယ္ ။

ေခြးေလးကို အခ်ိန္အေတာ္ၾကာျပဳစုခဲ့ၾကေပမဲ့လည္း ေခြေလးဟာ လူေတြကိုေၾကာက္ေနတုန္းဆိုတာ သူ႔ရဲ႕မ်က္လံုးထဲမွာ အထင္းသားျမင္ေတြ႔ရမွာပါ ။ သို႔ေပမဲ့လည္း ေခြးေလးကိုေမြးစားခဲ့တဲ့ မိသားစုေတြထံ ေရာက္ခဲ့ခ်ိန္မွာေတာ့ ေခြးေလးဟာ သူ႔ရဲ႕စိတ္ရင္းကိုျပဳသခဲ့ၿပီး ယခုခ်ိန္မွာေတာ့ ေျပးလႊားေဆာ့ကစားေနပါၿပီ ။ “ဒါေၾကာင့္ အသက္တစ္ေခ်ာင္းခ်င္းစီတိုင္းကို ကူညီကယ္တင္လိုက္တာက သူတို႔ရဲ႕ဘဝကို လံုးဝေျပာင္းလဲေစခဲ့ၿပီး ဆင္းရဲဒုကၡကေန ကင္းလႊတ္ေစခဲ့တဲ့အျပင္ ဘဝတစ္ခုကိုျပန္ရလိုက္တာပါပဲ ” ဆိုၿပီး ေရးသားကာ ေဝမ်ွခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဘယ်အိမ်မွေးတိရစ္ဆာန်ကိုမဆို မွေးမြူ ထားမယ်ဆိုရင်တော့ ဂရုစိုက်မှုတွေ ၊ ချစ်ခြင်းမေတ္တာတွေ ပေးသင့်ပါတယ် ။ ဘာလို့လည်းဆိုတော့ သူတို့တွေက သခင်တွေကိုသာမှီခိုအားထားနေရပြီး လူတွေနည်းတူ အသက်ရှင်ရုန်းကန်နေရလို့ပါပဲ ။ ဒီတစ်ခေါက်ဖော်ပြမဲ့ ခွေးလေးကိုတော့ တိရစ္ဆာန်တွေကို ကူညီကယ်ဆယ်ပေးနေတဲ့ A Fortress of Fur ဆိုတဲ့ Facebook group တစ်ခုကနေ ဝေမျှဖော်ပြထားခဲ့တာပါ ။ ဓာတ်ပုံတွေထဲမှာတော့ ဆိုးဝါးလွန်းလှတဲ့ခွေးလေးရဲ့ အဖြစ်ကိုမြင်တော့ရမှာဖြစ်ပြီး ခွေးလေးကိုအသက်သေသည်အထိ အစာအငတ်ထားခဲ့ပြီးနောက်ဆုံး ခွေးလေးကို မိသားစုတစ်ခုက ပြန်လည်မွေးစားခဲ့တာပါ ။

ခွေးလေးကိုတော့ သူ့ရဲ့မူလပိုင်ရှင်က အစာအငတ်ထားပြီး ၊ သံကြိုးတွေနဲ့ ချည်နှောင်ထားခဲ့တာပါ ။ ဒါကြောင့် ခွေးလေးဟာ အာဟာရပျက်ပြီး အရိုးပေါ်အရေတင်ဖြစ်နေခဲ့ကာ လမ်းမလျှောက်နိုင်တော့တဲ့အထိပါပဲ ။ ထို့ကြောင့် ကယ်ဆယ်ပေးခဲ့တဲ့အဖွဲ့က ခွေးလေးကိုနီးစပ်ရာဆေးခန်းသို့ အလျင်အမြန်ပို့ဆောင်ခဲ့ပြီးနောက် အစာ နှင့် ရေများတိုက်ကျွေးခဲ့ပါတယ် ။

ခွေးလေးကို အချိန်အတော်ကြာပြုစုခဲ့ကြပေမဲ့လည်း ခွေလေးဟာ လူတွေကိုကြောက်နေတုန်းဆိုတာ သူ့ရဲ့မျက်လုံးထဲမှာ အထင်းသားမြင်တွေ့ရမှာပါ ။ သို့ပေမဲ့လည်း ခွေးလေးကိုမွေးစားခဲ့တဲ့ မိသားစုတွေထံ ရောက်ခဲ့ချိန်မှာတော့ ခွေးလေးဟာ သူ့ရဲ့စိတ်ရင်းကိုပြုသခဲ့ပြီး ယခုချိန်မှာတော့ ပြေးလွှားဆော့ကစားနေပါပြီ ။ “ဒါကြောင့် အသက်တစ်ချောင်းချင်းစီတိုင်းကို ကူညီကယ်တင်လိုက်တာက သူတို့ရဲ့ဘဝကို လုံးဝပြောင်းလဲစေခဲ့ပြီး ဆင်းရဲဒုက္ခကနေ ကင်းလွှတ်စေခဲ့တဲ့အပြင် ဘဝတစ်ခုကိုပြန်ရလိုက်တာပါပဲ ” ဆိုပြီး ရေးသားကာ ဝေမျှခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment