မင်္ဂလာစရိတ်ကိုထုတ်ပေးခဲ့တဲ့မိခင်ကိုယ်တိုင် သမီးဖြစ်သူရဲ့ယောင်္ကျားကိုစနိုက်ကျော်ခဲ့တဲ့အပြင် ကိုယ်ဝန်ပါဆောင်ခဲ့တဲ့အဖြစ်

Lauren Wall အမည်ရှိတဲ့ အသက် 34 နှစ်အရွယ်အမျိုးသမီးဟာ လွန်ခဲ့တဲ့15နှစ်ခန့်က £15,000 မင်္ဂလာစရိတ်ထုတ်ပေးခဲ့တဲ့ သူမမိခင်ရဲ့သစ္စာဖောက်ခြင်းကို ခံခဲ့ရပါတယ် ။ သူမအသက် 19နှစ်အရွယ်တုန်းက Paul White အမည်ရှိတဲ့ အမျိုးသားနဲ့ လက်ထပ်ခဲ့ပြီး မိခင်ဖြစ်သူကိုယ်တိုင်က သူမတို့အတွက် အတော်လေးဂုဏ်ယူခဲ့တာပါ ။ သူမတို့လင်မယား 2နှစ်ခန့်ပေါင်းသင်းခဲ့ပြီး March လမှာတော့ သမီးလေးတစ်ယောက်မွေးဖွားခဲ့ပါတယ် ။ သမီးလေးမွေးဖွားပြီး 5လ အကြာမှာမှ သူမတို့ရဲ့ မင်္ဂလာပွဲကိုကျင်းပခဲ့ရာ Lauren ရဲ့မိခင်ကိုယ်တိုင် မင်္ဂလာစရိတ်ထုတ်ပေးခဲ့တာပါ ။ ထို့ကြောင့် Lauren တို့ကလည်း မိခင်ကို ကျေးဇူးတင်တဲ့အနေနဲ့ Honeymoon လိုက်ခဲ့ဖို့ ဖိတ်ခေါ်ခဲ့ပါတယ် ။ သို့ပေမဲ့လည်း Honeymoon ကနေပြန်လာပြီး 3ပတ်အကြာမှာတော့ ခင်ပွန်းဖြစ်သူ Paul ဟာ လုံးဝကို အရင်ကနဲ့မတူအောင် ပြောင်းလဲသွားခဲ့ပါတယ် ။

Paul ဟာ နာရီအတော်ကြာ မကြာခဏပျောက်နေခဲ့ပြီး သူ၏ဖုန်းကိုလည်း လုံးဝယူကြည့်တာမျိုးမခံတော့ပါဘူး ။ မကြာခင်မှာဘဲ Lauren ရဲ့အစ်မဖြစ်သူဟာ မိခင်ဖြစ်သူနဲ့ Paul တို့အချင်းချင်းရေးသားထားကြတဲ့ message တွေကိုတွေ့ရှိသွားခဲ့ပြီး Lauren ကိုပြလိုက်ချိန်မှာတော့ သူမဟာမယုံကြည်နိုင်လောက်အောင်ဖြစ်ခဲ့ပါတယ် ။ ခင်ပွန်းဖြစ်သူကိုယ်တိုင်ကလည်း သူ၏ဖုန်းကို ပြဖို့ကိုငြင်းဆန်ခဲ့ပါတယ် ။ မကြာခင်ရက်ပိုင်မှာပဲ Paul ဟာ သူမကိုထားခဲ့ပြီး အိမ်ကနေထွက်သွားခဲ့ပါတယ် ။ သူမကတော့ သမီးတစ်ယောက်ရှိနေတဲ့ 19 နှစ်အရွယ် မိန်းကလေးတစ်ယောက်သာသာဖြစ်နေတဲ့အတွက် သူမရဲ့ဘဝဟာလုံးဝအဆုံးသတ်သွားသလို ဖြစ်သွားခဲ့ပါတယ် ။

မကြာပါဘူး မိခင် နှင့် Paul အကြားဆက်ဆံရေးဟာ အတော်လေးကိုလျင်မြန်ခဲ့ပြီး Paul ဟာ မိခင်ရဲ့အိမ်မှာအတူတူ လိုက်နေတယ်ဆိုတဲ့သတင်းမျိုး သူမကြားခဲ့ရပါတယ် ။ နောက်ထပ်မကြာခင်မှာပဲ မိခင်ဖြစ်သူဟာ ကိုယ်ဝန်ဆောင်နေရပြီဆိုတာကို သူမကိုယ်တိုင်လမ်းပေါ်မှာ တွေ့ဆုံခဲ့ရတဲ့အတွက် ရင်ကွဲမတက်ခံစားခဲ့ရပါတယ် ။ ထို့ကြောင့် သူမဟာအိမ်ကိုပြန်ပြီး သူမတို့ရဲ့လက်ထပ်ပွဲက ဓာတ်ပုံတွေအကုန်ဖျက်ဆီးပစ်ခဲ့ပါတယ် ။ အဆိုးရွာဆုံးက မိခင်တစ်ယောက်က သူမရဲ့သမီးအပေါ်လုပ်ရပ်တာပဲ ဆိုပြီးသူမက ပြောဆိုခဲ့ပါတယ် ။

ထို့ကြောင့် သူမဟာ Paul နဲ့ တရားဝင်ကွာရှင်းခဲ့ပြီး သူမကိုယ်တိုင်ပျော်ရွှင်နိုင်ဖို့ ကြိုးစားအလုပ်လုပ်ကိုင်ခဲ့ပါတယ် ။ ထို့အပြင် 2006 ခုနှစ် မိခင်ဖြစ်သူနှင့် ခင်ပွန်းဟောင်း Paul တို့၏ မင်္ဂလာပွဲကို စိတ်အနှောင့်အယှက်ဖြစ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ သူမကိုယ်တိုင်တက်ရောက်ခဲ့ပါသေးတယ် ။ ထို့အပြင် သူမရဲ့မိခင်က သူမကို အကြိမ်ကြိမ်အခါခါချောင်းမြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပါသေးတယ် ။ ယခုချိန်မှာတော့ Lauren ဟာ သူမရဲ့နောက်အိမ်ထောင်နှင့် အဆင်ပြေပျော်ရွှင်နေခဲ့ပြီး 4ယောက်မြောက်ကိုယ်ဝန်လွယ်ထားရကြောင်း သိရှိရပါတယ် ။ မိခင်ဖြစ်သူ အသက် 53နှစ်ကတော့ ” ကျွန်မတို့ လက်ထပ်ခဲ့တယ် ၊ ပြသာနာမရှိခဲ့ဘူး ၊ လက်ထပ်ခဲ့တယ် ဒီလောက်ပါဘဲ ” ဆိုပြီးဖြေကြားခဲ့ပေမဲ့ Paul အသက် 35 နှစ်ကတော့ ဖြေရှင်းပြောကြားဖို့ကို ငြင်းဆိုနေလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

  • Leave a Comment