ခွေးနဲ့ selfie ရိုက်ရင်း ပုံတင်ချင်ပေမဲ့လည်း မျက်နှာတစ်ခုလုံး ခွေးကိုက်ခံလိုက်ရတဲ့ မိန်းကလေးရဲ့အဖြစ်




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

Argentina နိုင်ငံမှာနေထိုင်တဲ့ အသက် 17 နှစ်အရွယ် Lara အမည်ရှိတဲ့ မိန်းကလေးဟာ သူမရဲ့ခွေးနဲ့ ဓာတ်ပုံရိုက်နေရင်း သူမရဲ့မျက်နှာခွေးကိုက်ခံခဲ့ရတဲ့အဖြစ်ကို ဝေမျှခဲ့ပါတယ် ။ ပြီးခဲ့တဲ့ January 15 ရက်နေ့က ” Photo session with Kenai goes wrong ” ဆိုတဲ့ caption နဲ့ သူမရဲ့ဓာတ်ပုံတွေကို ဝေမျှခဲ့တာပါ ။ သူမပြောပြထားခဲ့တာကတော့ ခွေးရဲ့တင်ပါးကို ကိုင်မိလိုက်လို့လား ဒါမှမဟုတ် ခွေးလေးကအသက်ကြီးနေလို့ စိတ်ရှုပ်သွားလို့လား ဒါမှမဟုတ် သူမက ခွေးနဲ့တအားကိုနီးနီးကပ်ကပ်နေလိုက်လို့ ခွေးကကြောက်သွားလို့ သူမကိုကိုက်လိုက်တာလား မသေချာမရေရာပါဘူး ဆိုပြီး ဘာလို့ခွေးလေးက ကိုက်လိုက်မှန်းမသိကြောင်း ပြောဆိုသွားခဲ့ပါတယ် ။

Lara ဟာ သူမရဲ့မျက်နှာပေါ်မှာ ဒဏ်ရာအများအပြားရရှိခဲ့တဲ့အပြင် ၊ ကုသမှု 2ကြိမ်ခန့် ခံယူခဲ့ရကာ မျက်နှာ နှင့် သွားဖုံးတွေမှာ ချုပ်ရိုးရာ 40 ခန့်ရှိကြောင်း သိရှိရပါတယ် ။

Lara ကတော့ ခွေးကိုက်ခံရစဉ်အချိန်က မည်သည့်နာကျင်မှုမျိုးကိုမှ မရရှိခဲ့ကြောင်းနှင့် ခွေးလေးကိုလည်းအပြစ်မတင်လိုကြောင်း မတော်တဆမှုကြောင့်သာဖြစ်ပျက်ခဲ့ရတာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။ Lara ဟာ ယခုအချိန်မှာတော့ ဒဏ်ရာတွေသက်သာနေပေမဲ့လည်း သူမရဲ့မျက်နှာမှာတော့ ယောင်ရမ်းမှုတွေရှိနေသေးကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment