အသက္ 90 အရြယ္ မိခင္ကိုျပဳစုေစာင့္ေ႐ွာက္ရမွာ သူ႔ရဲ႕တာဝန္ပါဆိုတဲ့ စိတ္ပိုင္းဆိုင္ရာခ်ိဳ႕ယြင္းေနတဲ့အမ်ိဳးသား

ဗီယက္နမ္ႏိုင္ငံမွာေနထိုင္တဲ့အသက္ 50 အရြယ္ စိတ္ပိုင္းဆိုင္ရာခ်ိဳ႕ယြင္းေနတဲ့အမ်ိဳးသားဟာ သူ႔ကိုဘဝတစ္ေလ်ွာက္လံုးျပဳစုေစာင့္ေ႐ွာက္လာခဲ့တဲ့ က်န္းမာေရးခ်ိဳ႕တဲ့ေနတဲ့မိခင္ၿပီး ျပန္လည္ၿပီးျပဳစုေစာင့္ေ႐ွာက္ေနလ်က္႐ွိပါတယ္ ။ အဆိုပါ အသက္ 90 အရြယ္မိခင္မွာေတာ့ သားသမီး 5ေယာက္႐ွိၿပီး ႏွစ္ေယာက္မွာဆံုးပါးသြားခဲ့ၿပီျဖစ္ၿပီး က်န္ႏွစ္ေယာက္မွာေတာ့ အိမ္ေထာင္သည္မ်ားျဖစ္၍သီးသန္႔ခြဲေနလ်က္႐ွိကာ ယခုအငယ္ဆံုးမွာေတာ့ စိတ္ပိုင္းဆိုင္ရာခ်ိဳ႕ယြင္းေနတဲ့သားကိုေတာ့ သူမတစ္ဘဝလံုးျပဳစုေစာင့္ေ႐ွာက္ေနခဲ့တာပါ ။ အငယ္ဆံုးသားမွာ သူမကိုအျမဲမွီခိုေနရလ်က္႐ွိၿပီး မိခင္ရဲ႕အုပ္ထိန္မႈနဲ႔ပဲ ႀကီးျပင္းလာခဲ့ရတာျဖစ္ပါတယ္ ။

ယခုခ်ိန္မွာေတာ့ မိခင္ဟာ အသက္အရြယ္အေတာ္ေလးႀကီးလာခဲ့လို႔ သားေလးကိုေစာင့္ေ႐ွာက္ဖို႔မေျပာနဲ႔ သူမကိုယ္သူမေတာင္ ဂ႐ုမစိုက္ႏိုင္ေတာ့ပါဘူး ။ ေဆးကုသမႈအတြက္ လံုေလာက္တဲ့ေငြေၾကးမ႐ွိလို႔ မိခင္ျဖစ္သူကေတာ့ အိပ္ရာထဲမွာအျမဲေနေလ့႐ွိၿပီး ” အိပ္စက္ျခင္းကသာ အေကာင္းဆံုးျဖစ္ေၾကာင္း ” ေျပာဆိုခဲ့ပါတယ္ ။ မိခင္ရဲ႕အေျခအေနကိုၾကည့္ၿပီး စိတ္ပိုင္းဆိုင္ရာခ်ိဳ႕ယြင္းေနတဲ့သားဟာ မိခင္ျဖစ္သူကိုျပန္ၿပီး ျပဳစုေစာင့္ေ႐ွာက္ရမွာ သူ႔ရဲ႕တာဝန္ဆိုၿပီး သိျမင္လာခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း သူ၏စိတ္ပိုင္းဆိုင္ရာအေျခအေနေၾကာင့္ အလုပ္႐ွာမရခဲ့ပါဘူး ။ ထို႔အျပင္ မိခင္ကိုတစ္ေယာက္ထဲ ထားခဲ့လ်ွင္ တစ္ခုခုဆိုးဆိုးရြားရြားျဖစ္မွာဆိုးတဲ့အတြက္ သားျဖစ္သူဟာ ေနမထြက္ခင္ မိခင္အိပ္စက္ေနတဲ့အခ်ိန္ေတြမွာ အလုပ္ထြက္႐ွာၿပီး ေနထြက္တာနဲ႔ အိမ္အေရာက္ျပန္လာကာ မိခင္ကို ေစာင့္ေ႐ွာက္ေလ့႐ွိပါတယ္ ။

သားျဖစ္သူဟာ အမႈိက္ေတြလိုက္ေကာက္ၿပီး ရလာတဲ့ပိုက္ဆံနဲ႔ မိခင္အတြက္စားစရာေတြ ဝယ္လာေပးေလ့႐ွိပါတယ္ ။ မိခင္ျဖစ္သူက အစားအစာ စားေသာက္ရခက္မွန္းသိေနေတာ့ မိခင္အတြက္ႏြားႏို႔အျမဲဝယ္လာေပးေလ့႐ွိပါတယ္ ။ မိခင္အတြက္ အရာအားလံုးအျမဲဂ႐ုတစိုက္ျပဳစုေစာင့္ေ႐ွာက္ေနခဲ့တဲ့ သားျဖစ္သူရဲ႕လုပ္ရပ္ဟာ onlineေပၚမွာ အေတာ္ေလးကိုပ်ံ့ႏွံ႔သြားခဲ့ၿပီးေနာက္ လူအမ်ားကိုလည္း အံ့ၾသေလးစားသြားေစခဲ့တဲ့ အထိပါပဲ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဗီယက်နမ်နိုင်ငံမှာနေထိုင်တဲ့အသက် 50 အရွယ် စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေတဲ့အမျိုးသားဟာ သူ့ကိုဘဝတစ်လျှောက်လုံးပြုစုစောင့်ရှောက်လာခဲ့တဲ့ ကျန်းမာရေးချို့တဲ့နေတဲ့မိခင်ပြီး ပြန်လည်ပြီးပြုစုစောင့်ရှောက်နေလျက်ရှိပါတယ် ။ အဆိုပါ အသက် 90 အရွယ်မိခင်မှာတော့ သားသမီး 5ယောက်ရှိပြီး နှစ်ယောက်မှာဆုံးပါးသွားခဲ့ပြီဖြစ်ပြီး ကျန်နှစ်ယောက်မှာတော့ အိမ်ထောင်သည်များဖြစ်၍သီးသန့်ခွဲနေလျက်ရှိကာ ယခုအငယ်ဆုံးမှာတော့ စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေတဲ့သားကိုတော့ သူမတစ်ဘဝလုံးပြုစုစောင့်ရှောက်နေခဲ့တာပါ ။ အငယ်ဆုံးသားမှာ သူမကိုအမြဲမှီခိုနေရလျက်ရှိပြီး မိခင်ရဲ့အုပ်ထိန်မှုနဲ့ပဲ ကြီးပြင်းလာခဲ့ရတာဖြစ်ပါတယ် ။

ယခုချိန်မှာတော့ မိခင်ဟာ အသက်အရွယ်အတော်လေးကြီးလာခဲ့လို့ သားလေးကိုစောင့်ရှောက်ဖို့မပြောနဲ့ သူမကိုယ်သူမတောင် ဂရုမစိုက်နိုင်တော့ပါဘူး ။ ဆေးကုသမှုအတွက် လုံလောက်တဲ့ငွေကြေးမရှိလို့ မိခင်ဖြစ်သူကတော့ အိပ်ရာထဲမှာအမြဲနေလေ့ရှိပြီး ” အိပ်စက်ခြင်းကသာ အကောင်းဆုံးဖြစ်ကြောင်း ” ပြောဆိုခဲ့ပါတယ် ။ မိခင်ရဲ့အခြေအနေကိုကြည့်ပြီး စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေတဲ့သားဟာ မိခင်ဖြစ်သူကိုပြန်ပြီး ပြုစုစောင့်ရှောက်ရမှာ သူ့ရဲ့တာဝန်ဆိုပြီး သိမြင်လာခဲ့ပါတယ် ။ သို့ပေမဲ့လည်း သူ၏စိတ်ပိုင်းဆိုင်ရာအခြေအနေကြောင့် အလုပ်ရှာမရခဲ့ပါဘူး ။ ထို့အပြင် မိခင်ကိုတစ်ယောက်ထဲ ထားခဲ့လျှင် တစ်ခုခုဆိုးဆိုးရွားရွားဖြစ်မှာဆိုးတဲ့အတွက် သားဖြစ်သူဟာ နေမထွက်ခင် မိခင်အိပ်စက်နေတဲ့အချိန်တွေမှာ အလုပ်ထွက်ရှာပြီး နေထွက်တာနဲ့ အိမ်အရောက်ပြန်လာကာ မိခင်ကို စောင့်ရှောက်လေ့ရှိပါတယ် ။

သားဖြစ်သူဟာ အမှိုက်တွေလိုက်ကောက်ပြီး ရလာတဲ့ပိုက်ဆံနဲ့ မိခင်အတွက်စားစရာတွေ ဝယ်လာပေးလေ့ရှိပါတယ် ။ မိခင်ဖြစ်သူက အစားအစာ စားသောက်ရခက်မှန်းသိနေတော့ မိခင်အတွက်နွားနို့အမြဲဝယ်လာပေးလေ့ရှိပါတယ် ။ မိခင်အတွက် အရာအားလုံးအမြဲဂရုတစိုက်ပြုစုစောင့်ရှောက်နေခဲ့တဲ့ သားဖြစ်သူရဲ့လုပ်ရပ်ဟာ onlineပေါ်မှာ အတော်လေးကိုပျံ့နှံ့သွားခဲ့ပြီးနောက် လူအများကိုလည်း အံ့သြလေးစားသွားစေခဲ့တဲ့ အထိပါပဲ ။

Jasmine (Mckzone Daily)

  • Leave a Comment