အေပ်ာ္သေဘာအေနနဲ႔ ဝက္တစ္ေကာင္ကိုႀကိဳးတုတ္ၿပီး 68မီတာအျမင့္ကေန Bungee ခုန္ခ်ခိုင္းခဲ့တဲ့ လူေတြရဲ႕လုပ္ရပ္ (႐ုပ္သံ)

တ႐ုတ္ႏိုင္ငံ Chongqing ျပည္နယ္မွာ႐ွိတဲ့ အပန္ေျဖကစားကြင္းတစ္ခုဟာ ၎တို႔ရဲ႕ကစားကြင္းကို လူအမ်ားလာေရာက္လည္ပတ္ဖို႔အတြက္ marketing ဆင္းတဲ့အေနနဲ႔ ဝက္တစ္ေကာင္ကို အျမင့္ 68 မီတာကေန အတင္း Bungee ခုန္ခ်ခိုင္းခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း အဆိုပါ video ဟာ online ေပၚမွာအေတာ္ေလးပ်ံ့ႏွံ႔သြားခဲ့ခ်ိန္မွာေတာ့ လူအမ်ားရဲ႕ ေဝဖန္တုန္႔ျပန္မႈေတြနဲ႔သာ ၾကံဳေတြ႔ခဲ့ရပါတယ္ ။ ဝက္ကိုေတာ့ ေျခေထာက္ေတြအကုန္လံုးႀကိဳးတုတ္ၿပီး bungee ေမ်ွာ္စင္ေပၚသို႔ တုတ္တစ္ေခ်ာင္းႏွင့္ ထမ္းသယ္ၿပီး ေခၚေဆာင္သြားခဲ့ၾကတာပါ ။ ထို႔ေနာက္ ေမ်ွာ္စင္ေပၚသို႔ေရာက္တာနဲ႔ ဝက္ရဲ႕ေျခေထာက္ေတြအကုန္ႀကိဳးတုတ္လ်က္သားျဖင့္ Bungee ေမ်ွာ္စင္ကေန ပစ္ခ်ကာ အေပ်ာ္သေဘာအေနနဲ႔ Bungee ႀကိဳးခုန္ေစခဲ့ပါတယ္ ။ ခုန္ခ်ၿပီးေနာက္ ႀကိဳးဟာ တက္လိုက္က်လိုက္ျဖစ္ေနခ်ိန္မွာ ဝက္ရဲ႕ေအာ္ဟစ္ေနသံကိုလည္း သနားဖြယ္ရာအထင္းသားႀကီး ၾကားေနရမွာပါ ။

သို႔ေပမဲ့လည္း အဆိုပါအပန္းေျဖကစားကြင္းရဲ႕ ဝန္ထမ္းမ်ားကေတာ့ ဝက္ကိုပစ္ခ်လိုက္တဲ့ခ်ိန္မွာ သူကတည္တည္ၿငိမ္ၿငိမ္ပဲ ၊ အေပၚျပန္ဆြဲတင္ခ်ိန္မွာလည္း တည္တည္ၿငိမ္ၿငိမ္႐ွိေနခဲ့ၿပီး မည္သည့္ထိခိုက္ဒဏ္ရာမ်ိဳးမွ မရ႐ွိခဲ့ေၾကာင္း ေျဖၾကားခဲ့ပါတယ္ ။ တ႐ုတ္ျပည္သူေတြအပါအဝင္ ႏိုင္ငံတကာကလူေတြကလည္း အဆိုပါပန္းျခံဟာ တိရစာၦန္ေတြကို ႏွိပ္စက္ညႇင္းပန္းတဲ့သူေတြသာျဖစ္ေၾကာင္းမ်ိဳးစံု ေဝဖန္႐ႈံ့ခ်ခဲ့ပါတယ္ ။ ထို႔အျပင္ သတင္းအရင္းအျမစ္အရ အဆိုပါဝက္ကို Bungee ႀကိဳးခုန္ခိုင္းၿပီးတာနဲ႔ သားသတ္ရံုသို႔ပို႔ေဆာင္ခဲ့ၾကေၾကာင္း သိ႐ွိရပါတယ္ ။

ထို႔ေၾကာင့္ လူအမ်ားက ” ဝက္ကို Bungee ႀကိဳးခုန္ခိုင္းတာဟာ သူ႔ကိုသတ္လိုက္တာနဲ႔ အတူတူပါပဲ ၊ လူတစ္ေယာက္ကို ေျခလက္ႀကိဳးတုတ္ၿပီး အျမင့္တစ္ေနရာကေန ပစ္ခ်လိုက္တာနဲ႔ အတူတူပါပဲ ။ လူေတြကို ရယ္ေစခ်င္လို႔ လုပ္လိုက္တာ ဟုတ္လား ဒါေပမဲ့ ဘယ္သူကမွ မရယ္ႏိုင္ဘူး ” ဆိုၿပီး ေျပာဆိုခဲ့ၾကပါတယ္ ။ ထို႔ေၾကာင့္ လူအမ်ားစုက အဆိုပါလုပ္ရပ္မ်ိဳးလုပ္ေဆာင္ခဲ့ၾကသူမ်ားကို ဥပေဒအရတရားစြဲဆိုေပးၾကဖို႔ ေတာင္းဆိုေနလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တရုတ်နိုင်ငံ Chongqing ပြည်နယ်မှာရှိတဲ့ အပန်ဖြေကစားကွင်းတစ်ခုဟာ ၎င်းတို့ရဲ့ကစားကွင်းကို လူအများလာရောက်လည်ပတ်ဖို့အတွက် marketing ဆင်းတဲ့အနေနဲ့ ဝက်တစ်ကောင်ကို အမြင့် 68 မီတာကနေ အတင်း Bungee ခုန်ချခိုင်းခဲ့ပါတယ် ။ သို့ပေမဲ့လည်း အဆိုပါ video ဟာ online ပေါ်မှာအတော်လေးပျံ့နှံ့သွားခဲ့ချိန်မှာတော့ လူအများရဲ့ ဝေဖန်တုန့်ပြန်မှုတွေနဲ့သာ ကြုံတွေ့ခဲ့ရပါတယ် ။ ဝက်ကိုတော့ ခြေထောက်တွေအကုန်လုံးကြိုးတုတ်ပြီး bungee မျှော်စင်ပေါ်သို့ တုတ်တစ်ချောင်းနှင့် ထမ်းသယ်ပြီး ခေါ်ဆောင်သွားခဲ့ကြတာပါ ။ ထို့နောက် မျှော်စင်ပေါ်သို့ရောက်တာနဲ့ ဝက်ရဲ့ခြေထောက်တွေအကုန်ကြိုးတုတ်လျက်သားဖြင့် Bungee မျှော်စင်ကနေ ပစ်ချကာ အပျော်သဘောအနေနဲ့ Bungee ကြိုးခုန်စေခဲ့ပါတယ် ။ ခုန်ချပြီးနောက် ကြိုးဟာ တက်လိုက်ကျလိုက်ဖြစ်နေချိန်မှာ ဝက်ရဲ့အော်ဟစ်နေသံကိုလည်း သနားဖွယ်ရာအထင်းသားကြီး ကြားနေရမှာပါ ။

သို့ပေမဲ့လည်း အဆိုပါအပန်းဖြေကစားကွင်းရဲ့ ဝန်ထမ်းများကတော့ ဝက်ကိုပစ်ချလိုက်တဲ့ချိန်မှာ သူကတည်တည်ငြိမ်ငြိမ်ပဲ ၊ အပေါ်ပြန်ဆွဲတင်ချိန်မှာလည်း တည်တည်ငြိမ်ငြိမ်ရှိနေခဲ့ပြီး မည်သည့်ထိခိုက်ဒဏ်ရာမျိုးမှ မရရှိခဲ့ကြောင်း ဖြေကြားခဲ့ပါတယ် ။ တရုတ်ပြည်သူတွေအပါအဝင် နိုင်ငံတကာကလူတွေကလည်း အဆိုပါပန်းခြံဟာ တိရစ္ဆာန်တွေကို နှိပ်စက်ညှင်းပန်းတဲ့သူတွေသာဖြစ်ကြောင်းမျိုးစုံ ဝေဖန်ရှုံ့ချခဲ့ပါတယ် ။ ထို့အပြင် သတင်းအရင်းအမြစ်အရ အဆိုပါဝက်ကို Bungee ကြိုးခုန်ခိုင်းပြီးတာနဲ့ သားသတ်ရုံသို့ပို့ဆောင်ခဲ့ကြကြောင်း သိရှိရပါတယ် ။

ထို့ကြောင့် လူအများက ” ဝက်ကို Bungee ကြိုးခုန်ခိုင်းတာဟာ သူ့ကိုသတ်လိုက်တာနဲ့ အတူတူပါပဲ ၊ လူတစ်ယောက်ကို ခြေလက်ကြိုးတုတ်ပြီး အမြင့်တစ်နေရာကနေ ပစ်ချလိုက်တာနဲ့ အတူတူပါပဲ ။ လူတွေကို ရယ်စေချင်လို့ လုပ်လိုက်တာ ဟုတ်လား ဒါပေမဲ့ ဘယ်သူကမှ မရယ်နိုင်ဘူး ” ဆိုပြီး ပြောဆိုခဲ့ကြပါတယ် ။ ထို့ကြောင့် လူအများစုက အဆိုပါလုပ်ရပ်မျိုးလုပ်ဆောင်ခဲ့ကြသူများကို ဥပဒေအရတရားစွဲဆိုပေးကြဖို့ တောင်းဆိုနေလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment