ချမ်းသာကြွယ်ဝပြီး ရက်စက်လွန်းတဲ့ကွင်းဆက်လူသတ်သမားရဲ့နေအိမ်မှာတွေ့ရှိခဲ့တဲ့များစွာသော အရိုးအပိုင်းအစများ




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီတစ်ခေါက်ဖော်ပြမဲ့ ကွင်းဆက်လူသတ်သမားကတော့ ထိုင်းနိုင်ငံမှာနေထိုင်တဲ့ အသက် 40 အရွယ် Apichai အမည်ရှိတဲ့အမျိုးသားဖြစ်ပါတယ် ။ Apichaiဟာ သူ၏ချစ်သူမိန်းကလေးကိုသတ်ပစ်ခဲ့တဲ့လုပ်ရပ်မှာ အမျိုးသားတစ်ယောက်ကိုငွေကြေးပေးကာ ငှါးရမ်းခဲ့ပြီး အဆိုပါအမျိုးသားက ရဲအရာရှိတွေဆီမှာထွက်ဆိုခဲ့ရင်နဲ့ အဆိုပါအမှုကိုဖော်ထုတ်နိုင်ခဲ့တာပါ ။ ဖြစ်စဉ်ကတော့ နှစ်ယောက်စလုံး မူးယစ်ဆေးအလွန်အကျွံသုံးစွဲပြီး မူးဝေနေတဲ့အချိန်မှာ Apichai က ချစ်သူမိန်းကလေးရဲ့ဦးခေါင်းကို ဆေးတံနဲ့ရိုက်နှက်ပစ်ခဲ့ပါတယ် ။ ထို့နောက် မိန်းကလေးကို သံသေတ္တာထဲအတင်းတွန်းထဲခဲ့ပြီးနောက် မိန်းကလေးရဲ့အော်ဟစ်အကူအညီတောင်းသံကို မည်သူမျှမကြားနိုင်အောင် သီချင်းကျယ်လောင်စွာဖွင့်ထားခဲ့ပါတယ် ။ အဆိုပါ အသက် 22နှစ်အရွယ် Kuk-Kit အမည်ရှိတဲ့မိန်းကလေးဟာ အသက်မရှုနိုင်ဘဲ မွန်းကြပ်သွားခဲ့ပြီးနောက် သံသေတ္တာအတွင်းထဲတွင်သာ သေဆုံးသွားခဲ့ရပါတယ် ။

သို့ပေမဲ့လည်း Apichai ရဲ့ နေအိမ်ခြံဝန်းကိုဆက်လက်ပြီးစစ်ဆေးခဲ့ချိန်မှာတော့ လူတစ်ဦးတစ်ယောက်ထက်ပိုတဲ့ အရိုးအပိုင်းအစတွေကို တွေ့ရှိခဲ့ရပါတယ် ။ အရိုးအပိုင်းအစပေါင်း 288 ခုထက်ကျော်လွန်းတဲ့ အရိုးတွေကိုအဝတ်စနှင့်ထုပ်ပြီး သံသေတ္တာထဲတွင်ထည့်ထားကာ သေတ္တာကိုလည်းသံကြိုးတွေနှင့်ချည်နှောင်ထားပြီး လေ့ကျင့်ခန်းလုပ်ရာတွင်အသုံးပြုတဲ့ ဝိတ်တုံးနှင့်အတူ ခြံဝန်ထဲမှာရှိတဲ့ ရေကန်ထဲမှာ တွေ့ရှိခဲ့ရတာပါ ။

Apichai ရဲ့ မိသားစုဟာ လူသတ်မှုကျူ းလွန်ခဲ့တာ ပထမဆုံးအကြိမ်မဟုတ်ခဲ့ပါဘူး ။ Apichai ရဲ့ဖခင်ဖြစ်သူကလည်း 15 နှစ်အရွယ်မိန်းကလေးတစ်ယောက်ကို သတ်ပြီး သံသေတ္တာထဲထည့်ကာ အလောင်းဖျောက်ဖျက်မှုအတွက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်းသိရှိရပါတယ် ။ ထို့အပြင် ပျောက်ဆုံးနေသော လူအများစုရဲ့အမှုမှတ်တမ်းတွေမှာဆိုရင် Apichai ပါဝင်ပက်သက်နေခဲ့တဲ့အတွက် ၊ 12 နှစ်အရွယ် မိန်းကလေးပျောက်ဆုံးမှုမှာလည်း အဓိကတရားခံဖြစ်နိုင်၍ ဆက်လက်ပြီးစုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment