မိဘေတြနဲ႔ ငါးဖမ္းထြက္တုန္း လည္ပင္းေပါက္ထြက္သည္အထိ ဓား႐ွည္ႏႈတ္သီးငါးရဲ႕ တိုက္ခိုက္ျခင္းခံခဲ့ရတဲ့ေကာင္ေလး

မိသားစုဝင္ေတြ ၊ သူငယ္ခ်င္းေတြ နဲ႔အတူငါးဖမ္းထြက္ရတာဟာ အမွန္တကယ္ကိုေပ်ာ္ရႊင္ဖို႔ေကာင္းလြန္းလွပါတယ္ ။ သို႔ေပမဲ့လည္း ဒီတစ္ေခါက္ေဖာ္ျပမဲ့ အင္ဒိုနီး႐ွားႏိုင္ငံက ေကာင္ေလးတစ္ေယာက္မွာေတာ့ မိဘေတြနဲ႔ငါးဖမ္းထြက္ရင္း မေမ်ွာ္လင့္ဘဲ ငါးေတြရဲ႕တိုက္ခိုက္ျခင္းကိုခံခဲ့ရပါတယ္ ။ ျဖစ္စဥ္ကေတာ့ Muhammad Idul အမည္႐ွိတဲ့ေကာင္ေလး နဲ႔ သူ၏မိဘႏွစ္ပါးတို႔ဟာ အင္ဒိုနီး႐ွာႏိုင္ငံ ၊ Sulawesi ကြၽန္းမွာ ၿပီးခဲ့တဲ့ January 15 ရက္ေန႔က ငါးဖမ္းထြက္ခဲ့ၾကပါတယ္ ။ မိသားစုလိုက္ ငါးဖမ္းေနၾကတုန္း ေရထဲမွ ဓား႐ွည္ႏႈတ္သီးငါးေတြဟာ ခုန္ထြက္လာခဲ့ၿပီး ၎တို႔မိသားစုေတြကို တိုက္ခိုက္ခဲ့ၾကပါတယ္ ။

မေမ်ွာ္လင့္ထားဘဲ ဓား႐ွည္ႏႈတ္သီးငါးတစ္ေကာင္ဟာ Idul ရဲ႕လည္ပင္တည့္တည့္ သူ၏ႏႈတ္သီး႐ွည္ျဖင့္ ထိုးၿပီးတိုက္ခိုက္ခဲ့လို႔ Idul ရဲ႕လည္ပင္ဟာ အျခားတစ္ဖက္သို႔ ေပါက္ထြက္သြားသည္အထိ ဒဏ္ရာႀကီးမားစြာရ႐ွိခဲ့ၿပီး ငါးရဲ႕ႏႈတ္သီးဟာလည္း Idul ရဲ႕လည္ပင္မွာခံေနခဲ့ပါတယ္ ။ ထို႔ေၾကာင့္ အဆိုပါေနရာမွ အလ်င္အျမန္ထြက္ေျပးတိမ္းေ႐ွာင္ခဲ့ၾကၿပီး မိဘႏွစ္ပါးက Idul ကိုေဆးရံုသို႔အလ်င္အျမန္ေခၚေဆာင္ သြားခဲ့ပါတယ္ ။ ထို႔ေၾကာင့္ ၿပီးခဲ့တဲ့ January 20 ရက္ေန႔က Idul ကိုဆရာဝန္ 5ေယာက္က ဦးစီးၿပီး ခြဲစိတ္ကုသေပးခဲ့ရပါတယ္ ။

ငါးရဲ႕ ႏႈတ္သီးကို Idul ရဲ႕လည္ပင္ကေန ဖယ္ထုတ္ေပးႏိုင္ၿပီး Idul မွာလည္း တည္ၿငိမ္တဲ့အေျခအေနသို႔ ေရာက္႐ွိသြားခဲ့ေပမဲ့လည္း အဆိုပါဒဏ္ရာကေန ေရာဂါေတြမကူးစက္သြားေအာင္ 4 ရက္ခန္႔ အနီးကပ္ၾကည့္႐ႈေစာင့္ေ႐ွာက္ခဲ့ရေၾကာင္း ဆရာဝန္မ်ားက ေျပာဆိုခဲ့ပါတယ္ ။ Idul ဟာ အေျခအေနတည္ၿငိမ္သြားၿပီျဖစ္ေပမဲ့လည္း အဖ်ား႐ွိေနေသးေသာေၾကာင့္ အဖ်ားထက္ၿပီးတက္လာမွာကို မိဘေတြကပိုၿပီးစိုးရိမ္ေနလ်က္႐ွိပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မိသားစုဝင်တွေ ၊ သူငယ်ချင်းတွေ နဲ့အတူငါးဖမ်းထွက်ရတာဟာ အမှန်တကယ်ကိုပျော်ရွှင်ဖို့ကောင်းလွန်းလှပါတယ် ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ အင်ဒိုနီးရှားနိုင်ငံက ကောင်လေးတစ်ယောက်မှာတော့ မိဘတွေနဲ့ငါးဖမ်းထွက်ရင်း မမျှော်လင့်ဘဲ ငါးတွေရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ် ။ ဖြစ်စဉ်ကတော့ Muhammad Idul အမည်ရှိတဲ့ကောင်လေး နဲ့ သူ၏မိဘနှစ်ပါးတို့ဟာ အင်ဒိုနီးရှာနိုင်ငံ ၊ Sulawesi ကျွန်းမှာ ပြီးခဲ့တဲ့ January 15 ရက်နေ့က ငါးဖမ်းထွက်ခဲ့ကြပါတယ် ။ မိသားစုလိုက် ငါးဖမ်းနေကြတုန်း ရေထဲမှ ဓားရှည်နှုတ်သီးငါးတွေဟာ ခုန်ထွက်လာခဲ့ပြီး ၎င်းတို့မိသားစုတွေကို တိုက်ခိုက်ခဲ့ကြပါတယ် ။

မမျှော်လင့်ထားဘဲ ဓားရှည်နှုတ်သီးငါးတစ်ကောင်ဟာ Idul ရဲ့လည်ပင်တည့်တည့် သူ၏နှုတ်သီးရှည်ဖြင့် ထိုးပြီးတိုက်ခိုက်ခဲ့လို့ Idul ရဲ့လည်ပင်ဟာ အခြားတစ်ဖက်သို့ ပေါက်ထွက်သွားသည်အထိ ဒဏ်ရာကြီးမားစွာရရှိခဲ့ပြီး ငါးရဲ့နှုတ်သီးဟာလည်း Idul ရဲ့လည်ပင်မှာခံနေခဲ့ပါတယ် ။ ထို့ကြောင့် အဆိုပါနေရာမှ အလျင်အမြန်ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး မိဘနှစ်ပါးက Idul ကိုဆေးရုံသို့အလျင်အမြန်ခေါ်ဆောင် သွားခဲ့ပါတယ် ။ ထို့ကြောင့် ပြီးခဲ့တဲ့ January 20 ရက်နေ့က Idul ကိုဆရာဝန် 5ယောက်က ဦးစီးပြီး ခွဲစိတ်ကုသပေးခဲ့ရပါတယ် ။

ငါးရဲ့ နှုတ်သီးကို Idul ရဲ့လည်ပင်ကနေ ဖယ်ထုတ်ပေးနိုင်ပြီး Idul မှာလည်း တည်ငြိမ်တဲ့အခြေအနေသို့ ရောက်ရှိသွားခဲ့ပေမဲ့လည်း အဆိုပါဒဏ်ရာကနေ ရောဂါတွေမကူးစက်သွားအောင် 4 ရက်ခန့် အနီးကပ်ကြည့်ရှုစောင့်ရှောက်ခဲ့ရကြောင်း ဆရာဝန်များက ပြောဆိုခဲ့ပါတယ် ။ Idul ဟာ အခြေအနေတည်ငြိမ်သွားပြီဖြစ်ပေမဲ့လည်း အဖျားရှိနေသေးသောကြောင့် အဖျားထက်ပြီးတက်လာမှာကို မိဘတွေကပိုပြီးစိုးရိမ်နေလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment