အိမ္ေမြးျခေသၤ့ေလးရဲ႕ ေမြးေန႔ကို အ႐ုပ္ဆိုးအက်ည္တန္စြာက်င္းပခဲ့တဲ့ ပိုင္႐ွင္အမ်ိဳးသားရဲ႕လုပ္ရပ္(႐ုပ္သံ)

ခ်မ္းသာႂကြယ္ဝလြန္းတဲ့သူေတြဟာ သူတို႔ရဲ႕ခ်မ္းသာႂကြယ္ဝမႈေတြကို ဥစၥာစည္းစိမ္ေတြနဲ႔ေဖာ္ျပေလ့႐ွိသလို႔ ၊ တစ္ခ်ိဳ႕ေတြဆိုရင္ ေတာ႐ိုင္တိရစာၦန္ေတြျဖစ္တဲ့ ျခေသၤ့ ၊ က်ားသစ္ နဲ႔ က်ားေတြကို အိမ္ေမြးတိရစာၦန္အျဖစ္ေမြးထားၿပီး ခ်မ္းသာႂကြယ္ဝမႈေတြကို ႂကြားဝါျပေလ့႐ွိပါတယ္ ။ ဒီတစ္ေခါက္မွာလည္း ျခေသၤ့တစ္ေကာင္ကို အိမ္ေမြးအျဖစ္ ေမြးျမဴထားခဲ့ၿပီးေနာက္ အဆိုပါျခေသၤ့ေလးရဲ႕ ေမြးေန႔ပြဲကိုလည္း ပိုင္႐ွင္ကက်င္းပေပးခဲ့ပါေသးတယ္ ။ သို႔ေပမဲ့လည္း ပိုင္႐ွင္က ေမြးေန႔ကိတ္ကိုျခေသၤ့ေလးရဲ႕မ်က္ႏွာတည့္တည့္ ပစ္ေပါက္ပစ္ခဲ့ပါတယ္ ။

ထိုအခ်ိန္မွာေတာ့ အေတာ္ေၾကာက္လန္႔သြားပံုရတဲ့ျခေသၤ့ေလးဟာ သူ႔ရဲ႕လက္ဖဝါးနဲ႔ မ်က္ႏွာေပၚမွာေပက်ံေနတဲ့ ကိတ္မုန္႔ေတြကို အတင္းဖယ္ထုတ္ေနခဲ့ပါတယ္ ။ ထို႔အျပင္ ေၾကာက္လန္႔စြာနဲ႔ အခန္းအႏွံ႔ပတ္ေျပးေနခဲ့ပါေသးတယ္ ။ အဆိုပါ video ကို A Fortress Of Fur ဆိုတဲ့ Facebook စာမ်က္ႏွာတစ္ခုက ေဝမ်ွလိုက္ခ်ိန္မွာေတာ့ ျခေသၤ့ေလးရဲ႕ပိုင္႐ွင္ဟာ လူအမ်ားရဲ႕ေဝဖန္ပစ္တင္႐ႈံခ်မႈကိုခံခဲ့ရပါတယ္ ။ ထို႔အျပင္ ” ေတာ႐ိုင္တိရစာၦန္ကို အိမ္ေမြးတိရစာၦန္အေနနဲ႔ ေမြးထားရံုမကပဲ ဒီလိုလုပ္ၾကတယ္ဆိုေတာ့ ေတာ္ေတာ္ေလးရယ္စရာေကာင္းေနလား ..ဆိုးဝါးလိုက္တာ…တိရစာၦန္တိုင္းကိုေတာ့ ေထာက္ထားစာနာသင့္တယ္ ” ဆိုၿပီး ေရးသားထားခဲ့ပါေသးတယ္ ။

အဆိုပါျခေသၤ့ေလးရဲ႕ေမြးေန႔ပြဲကို လူငယ္အေတာ္မ်ားမ်ားကေရာက္႐ွိလာၾကၿပီး ၊ ျခေသၤ့ေလးရဲ႕မ်က္ႏွာကို ေမြးေန႔ကိတ္နဲ႔ပစ္ေပါက္ၿပီးခ်ိန္မွာေတာ့ လူအမ်ားကသာ ဝိုင္းဖြဲ႔ရယ္ေမာေနခဲ့ၾကတာပါ ။ လြတ္လပ္စြာ ေနထိုင္သင့္တဲ့ေတာ႐ိုင္းတိရစာၦန္ကို အိမ္ေမြးတိရစာၦန္အေနနဲ႔ ေမြးျမဴထားတဲ့အျပင္ ယခုလိုလုပ္ရပ္မ်ိဳးျပဳလုပ္ခဲ့တဲ့အတြက္ လူအမ်ားကတာဝန္႐ွိသူမ်ား အေရးယူေပးဖို႔ကိုပါ ေတာင္းဆိုခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ချမ်းသာကြွယ်ဝလွန်းတဲ့သူတွေဟာ သူတို့ရဲ့ချမ်းသာကြွယ်ဝမှုတွေကို ဥစ္စာစည်းစိမ်တွေနဲ့ဖော်ပြလေ့ရှိသလို့ ၊ တစ်ချို့တွေဆိုရင် တောရိုင်တိရစ္ဆာန်တွေဖြစ်တဲ့ ခြင်္သေ့ ၊ ကျားသစ် နဲ့ ကျားတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ်မွေးထားပြီး ချမ်းသာကြွယ်ဝမှုတွေကို ကြွားဝါပြလေ့ရှိပါတယ် ။ ဒီတစ်ခေါက်မှာလည်း ခြင်္သေ့တစ်ကောင်ကို အိမ်မွေးအဖြစ် မွေးမြူထားခဲ့ပြီးနောက် အဆိုပါခြင်္သေ့လေးရဲ့ မွေးနေ့ပွဲကိုလည်း ပိုင်ရှင်ကကျင်းပပေးခဲ့ပါသေးတယ် ။ သို့ပေမဲ့လည်း ပိုင်ရှင်က မွေးနေ့ကိတ်ကိုခြင်္သေ့လေးရဲ့မျက်နှာတည့်တည့် ပစ်ပေါက်ပစ်ခဲ့ပါတယ် ။

ထိုအချိန်မှာတော့ အတော်ကြောက်လန့်သွားပုံရတဲ့ခြင်္သေ့လေးဟာ သူ့ရဲ့လက်ဖဝါးနဲ့ မျက်နှာပေါ်မှာပေကျံနေတဲ့ ကိတ်မုန့်တွေကို အတင်းဖယ်ထုတ်နေခဲ့ပါတယ် ။ ထို့အပြင် ကြောက်လန့်စွာနဲ့ အခန်းအနှံ့ပတ်ပြေးနေခဲ့ပါသေးတယ် ။ အဆိုပါ video ကို A Fortress Of Fur ဆိုတဲ့ Facebook စာမျက်နှာတစ်ခုက ဝေမျှလိုက်ချိန်မှာတော့ ခြင်္သေ့လေးရဲ့ပိုင်ရှင်ဟာ လူအများရဲ့ဝေဖန်ပစ်တင်ရှုံချမှုကိုခံခဲ့ရပါတယ် ။ ထို့အပြင် ” တောရိုင်တိရစ္ဆာန်ကို အိမ်မွေးတိရစ္ဆာန်အနေနဲ့ မွေးထားရုံမကပဲ ဒီလိုလုပ်ကြတယ်ဆိုတော့ တော်တော်လေးရယ်စရာကောင်းနေလား ..ဆိုးဝါးလိုက်တာ…တိရစ္ဆာန်တိုင်းကိုတော့ ထောက်ထားစာနာသင့်တယ် ” ဆိုပြီး ရေးသားထားခဲ့ပါသေးတယ် ။

အဆိုပါခြင်္သေ့လေးရဲ့မွေးနေ့ပွဲကို လူငယ်အတော်များများကရောက်ရှိလာကြပြီး ၊ ခြင်္သေ့လေးရဲ့မျက်နှာကို မွေးနေ့ကိတ်နဲ့ပစ်ပေါက်ပြီးချိန်မှာတော့ လူအများကသာ ဝိုင်းဖွဲ့ရယ်မောနေခဲ့ကြတာပါ ။ လွတ်လပ်စွာ နေထိုင်သင့်တဲ့တောရိုင်းတိရစ္ဆာန်ကို အိမ်မွေးတိရစ္ဆာန်အနေနဲ့ မွေးမြူထားတဲ့အပြင် ယခုလိုလုပ်ရပ်မျိုးပြုလုပ်ခဲ့တဲ့အတွက် လူအများကတာဝန်ရှိသူများ အရေးယူပေးဖို့ကိုပါ တောင်းဆိုခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment