နာမည္ႀကီးခ်င္လို႔ ေၾကာင္မႀကီးရဲ႕ႏို႔ကိုစို႔ျပခဲ့တဲ့ အမ်ိဳးသား

တစ္ခ်ိဳ႕ေသာသူေတြက social media ေပၚမွာ အျခားေသာသူေတြရဲ႕စိတ္ဝင္စားမႈေတြကို အေတာ္ေလးလိုခ်င္ၾကတဲ့သူေတြ႐ွိပါတယ္ ။ ဒီတစ္ေခါက္မွာလည္း Azim Nazhan (@hansvil-) အမည္နဲ႔ Twitter အသံုးျပဳသူတစ္ဦးဟာ သူ႔ရဲ႕ follower ေတြကို သူေၾကာင္မႀကီးရဲ႕ႏို႔ကိုစို႔ေနတာျမင္ခ်င္လား ဆိုၿပီးေမးျမန္းခဲ့ပါတယ္ ။ ထို႔အျပင္ retweets 28 ႀကိမ္ရရင္ ေၾကာင္မႀကီးရဲ႕ႏို႔စို႔ျပမယ္ ဆိုၿပီးေရးသားခဲ့ပါတယ္ ။ ထို႔ေနာက္ သူလိုခ်င္တဲ့ retweet ေတြရတဲ့အခ်ိန္မွာေတာ့ ရြံ႐ွာဖြယ္ေကာင္းလြန္းလွတဲ့ လုပ္ရပ္မ်ိဳးလုပ္ျပခဲ့ပါတယ္ ။

ထို႔အျပင္ ေၾကာင္ေပါက္စေလးေတြနဲ႔အတူေရာၿပီး ေၾကာင္မႀကီးရဲ႕ႏို႔စို႔ေနခဲ့တာကို ကိုယ္တိုင္ဓာတ္ပံု႐ိုက္ၿပီး ေဝမ်ွခဲ့ပါတယ္ ။ ဒါတင္မကေသးပါဘူး ေၾကာင္မႀကီးရဲ႕ႏို႔ေတြ သူ႔ရဲ႕ႏႈတ္ခမ္းေပၚမွာ ေပက်ံေနေသးတဲ့ပံုကိုလည္း ေဝမ်ွခဲ့ပါေသးတယ္ ။ သို႔ေပမဲ့လည္း ကံဆိုးစြာနဲ႔ internet က အဆိုပါေၾကာင္မႀကီးႏို႔စို႔ေနတဲ့ပံုစံမ်ိဳးကို လက္မခံတဲ့အတြက္ ေနာက္ဆံုး အဆိုပါအမ်ိဳးသားက ႏြားႏို႔ဘူးထဲက ႏို႔ေတြကိုေသာက္ၿပီး ဟန္ျပ႐ိုက္ယူထားခဲ့တဲ့ပံုသာျဖစ္ေၾကာင္း ျပန္လည္ဝန္ခံေျပာဆိုခဲ့ပါတယ္ ။

Azim ဟာ ယခုကဲ့သို႔အျပဳအမႈမ်ိဳးျပဳလုပ္ျခင္းဟာ ပထမဆံုးအႀကိမ္မဟုတ္ေတာ့ပါဘူး ။ အရင္တစ္ေခါက္ကလည္း retweets 3 ေခါက္ရရင္ ငန္းမတစ္ေကာင္ကို လည္ပင္းညစ္ျပမယ္ဆိုၿပီး ေျပာဆိုခဲ့ၿပီးေနာက္ ၊ အမွန္တကယ္ကို ငန္မႀကီးကို လည္ပင္းညစ္ျပခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း ဒီတစ္ေခါက္ ေၾကာင္မႀကီးႏို႔စို႔ျပတဲ့ပံုေတြကေတာ့ retweets 6000 ေက်ာ္ရ႐ွိခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း တိရစာၦန္ေတြကို ႏွိပ္စက္ၿပီး social media ေပၚမွာ နာမည္ႀကီးခ်င္ၾကတဲ့ လူေတြရဲ႕လုပ္ရပ္ေတြဟာ အေတာ္ေလးစက္ဆုပ္ရြံ႐ွာဖို႔ ေကာင္းလြန္းလွပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တစ်ချို့သောသူတွေက social media ပေါ်မှာ အခြားသောသူတွေရဲ့စိတ်ဝင်စားမှုတွေကို အတော်လေးလိုချင်ကြတဲ့သူတွေရှိပါတယ် ။ ဒီတစ်ခေါက်မှာလည်း Azim Nazhan (@hansvil-) အမည်နဲ့ Twitter အသုံးပြုသူတစ်ဦးဟာ သူ့ရဲ့ follower တွေကို သူကြောင်မကြီးရဲ့နို့ကိုစို့နေတာမြင်ချင်လား ဆိုပြီးမေးမြန်းခဲ့ပါတယ် ။ ထို့အပြင် retweets 28 ကြိမ်ရရင် ကြောင်မကြီးရဲ့နို့စို့ပြမယ် ဆိုပြီးရေးသားခဲ့ပါတယ် ။ ထို့နောက် သူလိုချင်တဲ့ retweet တွေရတဲ့အချိန်မှာတော့ ရွံရှာဖွယ်ကောင်းလွန်းလှတဲ့ လုပ်ရပ်မျိုးလုပ်ပြခဲ့ပါတယ် ။

ထို့အပြင် ကြောင်ပေါက်စလေးတွေနဲ့အတူရောပြီး ကြောင်မကြီးရဲ့နို့စို့နေခဲ့တာကို ကိုယ်တိုင်ဓာတ်ပုံရိုက်ပြီး ဝေမျှခဲ့ပါတယ် ။ ဒါတင်မကသေးပါဘူး ကြောင်မကြီးရဲ့နို့တွေ သူ့ရဲ့နှုတ်ခမ်းပေါ်မှာ ပေကျံနေသေးတဲ့ပုံကိုလည်း ဝေမျှခဲ့ပါသေးတယ် ။ သို့ပေမဲ့လည်း ကံဆိုးစွာနဲ့ internet က အဆိုပါကြောင်မကြီးနို့စို့နေတဲ့ပုံစံမျိုးကို လက်မခံတဲ့အတွက် နောက်ဆုံး အဆိုပါအမျိုးသားက နွားနို့ဘူးထဲက နို့တွေကိုသောက်ပြီး ဟန်ပြရိုက်ယူထားခဲ့တဲ့ပုံသာဖြစ်ကြောင်း ပြန်လည်ဝန်ခံပြောဆိုခဲ့ပါတယ် ။

Azim ဟာ ယခုကဲ့သို့အပြုအမှုမျိုးပြုလုပ်ခြင်းဟာ ပထမဆုံးအကြိမ်မဟုတ်တော့ပါဘူး ။ အရင်တစ်ခေါက်ကလည်း retweets 3 ခေါက်ရရင် ငန်းမတစ်ကောင်ကို လည်ပင်းညစ်ပြမယ်ဆိုပြီး ပြောဆိုခဲ့ပြီးနောက် ၊ အမှန်တကယ်ကို ငန်မကြီးကို လည်ပင်းညစ်ပြခဲ့ပါတယ် ။ သို့ပေမဲ့လည်း ဒီတစ်ခေါက် ကြောင်မကြီးနို့စို့ပြတဲ့ပုံတွေကတော့ retweets 6000 ကျော်ရရှိခဲ့ပါတယ် ။ သို့ပေမဲ့လည်း တိရစ္ဆာန်တွေကို နှိပ်စက်ပြီး social media ပေါ်မှာ နာမည်ကြီးချင်ကြတဲ့ လူတွေရဲ့လုပ်ရပ်တွေဟာ အတော်လေးစက်ဆုပ်ရွံရှာဖို့ ကောင်းလွန်းလှပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment