အသက်အရွယ်အိုမင်းတဲ့အချိန်မှ စစ်မှန်တဲ့ချစ်ခြင်းကို တွေ့ရှိပြီး ဖူးစာဆုံခဲ့ကြတဲ့ သက်ကြီးအဘိုးအဘွားစုံတွဲ




JRose (Mckzone daily)

Reference : bestie

Unicode

တရုတ်နိုင်ငံမှာ အသက် ၉၆ နှစ်အရွယ် အဖိုးအို Han နဲ့ အသက် ၈၅ နှစ်အရွယ် အဘွားအို Wu တို့ စုံတွဲရဲ့ အချစ်ဇာတ်လမ်းက ကြားမိတဲ့လူတိုင်းကို ကြည်နူးစေပါတယ် ။ ဒီသက်ကြီးစုံတွဲ နှစ်ဦးဟာ Chinese New Year မှာ နှစ်ယောက်သားက တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံကြပြီး စတင် လက်တွဲခဲ့ကြပါတယ် ။ ၎င်းတို့နှစ်ဦးက သူတို့ရဲ့ ကြင်ဖော်တွေက စောစီးစွာသေဆုံးသွားသောကြောင့် ၎င်းတို့နှစ်ဦးဟာ အချိန်အတော်ကြာ တစ်ယောက်တည်းနေထိုင်ခဲ့ကြတာပါ ။ ထို့ကြောင့် သားသမီးများက မိဘများ အထီးကျန်မှာကို စိုးရိမ်သောကြောင့် ၎င်းတို့နှစ်ဦးကို တွေ့ဆုံခွင့်ပေးခဲ့ပါတယ် ။

ပထမအကြိမ်တွေ့ဆုံမှုအပြီးမှာ နှစ်ယောက်သား မကြာခဏ ဖုန်းပြောကြပါတယ် ။ အဘိုးအိုက သားရေဖိနပ်အမြဲဝတ်ထားတာကို သတိပြုမိပြီးနောက် အဘွား Wu က အဘိုးကို ဖိနပ်တစ်ရံကို ပေးခဲ့ပါတယ် ။ အဆိုပါအထူးလက်ဆောင်ဖြင့် အဘိုးအိုက သူ့ရဲ့စေတနာကိုဖော်ပြရန် သူမနဲ့တွေ့ဆုံတိုင်း အဲ့ဖိနပ်ကို အမြဲစီးလေ့ရှိပါတယ် ။ သူတို့နှစ်ယောက်လုံးဟာ အသက်အရွယ်အလိုက် ငယ်ရွယ်နုပျိုကြပါတယ် ။ အကြိမ်များစွာတွေ့ဆုံပြီးနောက် တစ်ဦးနဲ့တစ်ဦး ချစ်ကြိုက်မိပြီး မစ္စတာ Han က မင်္ဂလာပွဲအခမ်းအနားမှာ မစ္စတာ Wu ကို ၁ ကာရက် စိန်လက်စွပ် ပေးခဲ့ပါတယ် ။

သက်ကြီးနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် ဆုံတွေ့ခြင်းမှာ ကံကြမ္မာလို့ ထင်မြင်ကြပါတယ် ။ ကျွန်ုပ်တို့ရဲ့ဘ၀မှာ အချစ်က မရှိမဖြစ်လိုအပ်တာကို တွေ့မြင်နိုင်ပါတယ် ။ အသက်အရွယ်နဲါ ဘဝအဆင့်တိုင်းမှာ ကျွန်ုပ်တို့ရဲ့နှလုံးကို နွေးထွေးရန် လိုအပ်ပါတယ် ။ အချစ်က ပြဿနာများစွာကို ကျော်လွှားနိုင်ရန် ကူညီပေးပြီး ဘဝမှာ အထီးကျန်ပြီး ပင်ပန်းနွမ်းနယ်မှုကို သက်သာစေရန် မှော်ဆန်တဲ့ စွမ်းအားတစ်ခုရှိပါတယ် ။

JRose (Mckzone daily)

Be the first to comment on "အသက်အရွယ်အိုမင်းတဲ့အချိန်မှ စစ်မှန်တဲ့ချစ်ခြင်းကို တွေ့ရှိပြီး ဖူးစာဆုံခဲ့ကြတဲ့ သက်ကြီးအဘိုးအဘွားစုံတွဲ"

Leave a comment

Your email address will not be published.


*