CEO တစ္ေယာက္ျဖစ္ခဲ့ေပမဲ့ မိတ္ေဆြအစစ္အမွန္မ႐ွိခဲ့လို႔ အေရာင္းဝန္ထမ္းအလုပ္ဝင္လုပ္ေနခဲ့တဲ့ 81ႏွစ္အရြယ္အဘိုးအို

ထိုင္းႏိုင္ငံမွာေနထိုင္တဲ့ Palakorn Tesnam အမည္႐ွိတဲ့ အမ်ိဳးသားဟာ Shopping mall တစ္ခုမွာအလုပ္ဝင္လုပ္ေနခဲ့တဲ့ အသက္ 81 ႏွစ္အရြယ္အဘိုးအိုရဲ႕ အေၾကာင္းကို သူ႔ရဲ႕ Facebook စာမ်က္ႏွာေပၚမွာ ေဝမ်ွသြားခဲ့ပါတယ္ ။ Palakorn ဟာ ေစ်းဝယ္ထြက္ေနရင္း Pracha အမည္႐ွိတဲ့အဘိုးအိုဟာ သူ႔အားခ်ဥ္းကပ္လာၿပီး shopping လွည္း လိုအပ္လား ဒီနားယူလို႔ရတယ္ ဆိုၿပီး စကားစေျပာလာခဲ့ပါတယ္ ။ ထို႔ေနာက္ အသက္အရြယ္ႀကီးေနၿပီး အခုထိအလုပ္ဝင္လုပ္ေနေသးတဲ့ အဘိုးအိုေၾကာင့္ Palakorn ဟာ သိခ်င္စိတ္ျပင္းျပလာၿပီး အဘိုးအိုအား ဘာလို႔အခုထိ အလုပ္ဝင္လုပ္ေနေသးတာလဲဆိုၿပီး ေမးျမန္းခဲ့ခ်ိန္မွာေတာ့ အဘိုးအိုက “အခုခ်ိန္ထိထမင္းစားပြဲေပၚမွာ ငါ့အတြက္အစားအစာ႐ွိေနေသးဖို႔ လိုေနလို႔ပဲ” ဆိုၿပီးေျဖဆိုခဲ့ပါတယ္ ။

ထို႔အျပင္ ” ငါအခုထိ ဗိုက္ဆာေနေသးတယ္ ၊ အဲ့ေၾကာင့္ အလုပ္မလုပ္လို႔မရဘူး ၊ စကၠန္႔တိုင္းက ပိုက္ဆံေတြပဲ ၊ မန္ေနဂ်ာက ငါ့ကိုဒီနားမွာ အလုပ္လုပ္ခြင့္ေပးထားတာပဲ တအားကိုေကာင္းေနပါၿပီ ” ဆိုၿပီး အဘိုးအိုကေျပာဆိုခဲ့ပါတယ္ ။ ထို႔အျပင္ အဘိုးအိုဟာ အလုပ္သမား 200 ခန္႔ကိုစီမံအုပ္ခ်ဳပ္ေနခဲ့တဲ့ CEO တစ္ေယာက္ျဖစ္ခဲ့ေပမဲ့လည္း ၊ လုပ္ငန္းက အဆင္မေျပတဲ့အခ်ိန္မွာေတာ့ သူငယ္ခ်င္းအစစ္အမွန္ဆိုတာမ႐ွိခဲ့လို႔ ဒုကၡေရာက္တဲ့အခ်ိန္ကူညီေပးတဲ့သူမ႐ွိဘဲ ၊ တစ္ေယာက္တည္သာ ႐ုန္းကန္ခဲ့ရေၾကာင္း ၊ ယခု အေရာင္းဝန္ထမ္းအလုပ္ကိုသာ အေကာင္းဆံုးႀကိဳးစားၿပီး လုပ္ကိုင္ေန၍ ေပ်ာ္ရႊင္ေနရေၾကာင္း ကိုလည္း Palakorn အား႐ွင္းျပသြားခဲ့ပါတယ္ ။

ထို႔အျပင္ Palakorn ထြက္သြားေတာ့မဲ့ အခ်ိန္မွာေတာ့ အဘိုးအိုက ” အရက္ေသစာေတြ တအားမေသာက္စားနဲ႔ ၊ ေဆးလိပ္မေသာက္နဲ႔ ၊ အဲ့ဒီ အခ်ိဳရည္ေတြကိုလည္း သိပ္မေသာက္နဲ႔ ၊ ဒါေပမဲ့ အေရးႀကီးဆံုးက တအားႀကီးမစြဲလန္းသြားနဲ႔ ၊ နင့္ရဲ႕ က်န္းမာေရးအတြက္မေကာင္းဘူး ” ဆိုၿပီးေတာ့လည္း အဘိုးအိုက မွာၾကားလိုက္ပါေသးတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ထိုင်းနိုင်ငံမှာနေထိုင်တဲ့ Palakorn Tesnam အမည်ရှိတဲ့ အမျိုးသားဟာ Shopping mall တစ်ခုမှာအလုပ်ဝင်လုပ်နေခဲ့တဲ့ အသက် 81 နှစ်အရွယ်အဘိုးအိုရဲ့ အကြောင်းကို သူ့ရဲ့ Facebook စာမျက်နှာပေါ်မှာ ဝေမျှသွားခဲ့ပါတယ် ။ Palakorn ဟာ ဈေးဝယ်ထွက်နေရင်း Pracha အမည်ရှိတဲ့အဘိုးအိုဟာ သူ့အားချဉ်းကပ်လာပြီး shopping လှည်း လိုအပ်လား ဒီနားယူလို့ရတယ် ဆိုပြီး စကားစပြောလာခဲ့ပါတယ် ။ ထို့နောက် အသက်အရွယ်ကြီးနေပြီး အခုထိအလုပ်ဝင်လုပ်နေသေးတဲ့ အဘိုးအိုကြောင့် Palakorn ဟာ သိချင်စိတ်ပြင်းပြလာပြီး အဘိုးအိုအား ဘာလို့အခုထိ အလုပ်ဝင်လုပ်နေသေးတာလဲဆိုပြီး မေးမြန်းခဲ့ချိန်မှာတော့ အဘိုးအိုက “အခုချိန်ထိထမင်းစားပွဲပေါ်မှာ ငါ့အတွက်အစားအစာရှိနေသေးဖို့ လိုနေလို့ပဲ” ဆိုပြီးဖြေဆိုခဲ့ပါတယ် ။

ထို့အပြင် ” ငါအခုထိ ဗိုက်ဆာနေသေးတယ် ၊ အဲ့ကြောင့် အလုပ်မလုပ်လို့မရဘူး ၊ စက္ကန့်တိုင်းက ပိုက်ဆံတွေပဲ ၊ မန်နေဂျာက ငါ့ကိုဒီနားမှာ အလုပ်လုပ်ခွင့်ပေးထားတာပဲ တအားကိုကောင်းနေပါပြီ ” ဆိုပြီး အဘိုးအိုကပြောဆိုခဲ့ပါတယ် ။ ထို့အပြင် အဘိုးအိုဟာ အလုပ်သမား 200 ခန့်ကိုစီမံအုပ်ချုပ်နေခဲ့တဲ့ CEO တစ်ယောက်ဖြစ်ခဲ့ပေမဲ့လည်း ၊ လုပ်ငန်းက အဆင်မပြေတဲ့အချိန်မှာတော့ သူငယ်ချင်းအစစ်အမှန်ဆိုတာမရှိခဲ့လို့ ဒုက္ခရောက်တဲ့အချိန်ကူညီပေးတဲ့သူမရှိဘဲ ၊ တစ်ယောက်တည်သာ ရုန်းကန်ခဲ့ရကြောင်း ၊ ယခု အရောင်းဝန်ထမ်းအလုပ်ကိုသာ အကောင်းဆုံးကြိုးစားပြီး လုပ်ကိုင်နေ၍ ပျော်ရွှင်နေရကြောင်း ကိုလည်း Palakorn အားရှင်းပြသွားခဲ့ပါတယ် ။

ထို့အပြင် Palakorn ထွက်သွားတော့မဲ့ အချိန်မှာတော့ အဘိုးအိုက ” အရက်သေစာတွေ တအားမသောက်စားနဲ့ ၊ ဆေးလိပ်မသောက်နဲ့ ၊ အဲ့ဒီ အချိုရည်တွေကိုလည်း သိပ်မသောက်နဲ့ ၊ ဒါပေမဲ့ အရေးကြီးဆုံးက တအားကြီးမစွဲလန်းသွားနဲ့ ၊ နင့်ရဲ့ ကျန်းမာရေးအတွက်မကောင်းဘူး ” ဆိုပြီးတော့လည်း အဘိုးအိုက မှာကြားလိုက်ပါသေးတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment