မသိနားမလည္ေသးတဲ့ ကေလးတစ္ေယာက္ရဲ႕ ကူညီတတ္မႈ နဲ႔ လူႀကီးေတြကိုေပးလိုက္တဲ့ သင္ခန္းစာ (႐ုပ္သံ)

ျဖစ္စဥ္ကေတာ့ လမ္းေလ်ွာက္တက္စကေလးငယ္ေလးတစ္ေယာက္ဟာ ကားေပၚကေနေရဗူးလြင့္ပစ္ခ်ခဲ့တဲ့ လူႀကီးတစ္ေယာက္ကို တန္ဖိုးမျဖတ္ႏိုင္တဲ့ သင္ခန္းစာတစ္ခုေပးလိုက္တာပါပဲ ။ အဆိုပါ video ေလးထဲမွာေတာ့ တ႐ုတ္ႏိုင္ငံ ၊ Jining ၿမိဳ႕ရဲ႕ လမ္းမႀကီးေဘးတစ္ေနရာမွာ လမ္းေလ်ွာက္ေနခဲ့တဲ့ 1ႏွစ္သားအရြယ္ေကာင္ေလးတစ္ေယာက္ဟာ ကားေပၚကေန ေရဗူးပစ္ခ်လိုက္တာကိုေတြ႔ၿပီးေနာက္ အဆိုပါေရးဗူးကိုေကာက္ကာ ကားရဲ႕ပုတင္းေပါက္ကေန ကားသမားကိုေရဗူးျပန္ေပးခဲ့ပါတယ္ ။ ကေလးငယ္ရဲ႕မိခင္ေျပာျပခ်က္အရ ကေလးငယ္ဟာ ကားေပၚကလူ မေတာ္တဆေရဗူးျပဳတ္က်သြားတယ္ထင္ၿပီး ကူညီတဲ့အေနနဲ႔ ျပန္ေကာက္ေပးခဲ့တာပါ ။ ဒါေပမဲ့ video ၾကည့္မိတဲ့လူတိုင္က ကေလးငယ္က လူႀကီးကို ပတ္ဝန္းက်င္ခ်စ္ျမတ္ႏိုးတတ္ေအာင္ျပန္သင္ေပးေနတာနဲ႔ တူေနခဲ့တာပါ ။

ကေလးငယ္ရဲ႕မိခင္ဟာ မၾကာခဏ သားေလးရဲ႕ေန႔စဥ္လမ္းေလ်ွာက္ပံုေတြကို အျမဲvideo ႐ိုက္ယူထားေလ့႐ွိေသာေၾကာင့္ အဆိုပါေန႔ကအျဖစ္အပ်က္ကိုလည္း ႐ိုက္ကူးမိခဲ့တာပါ ။ ” အဲ့ေန႔က ကားေပၚကေန ေရဗူးျပဳတ္က်သြားတယ္လို႔ သားေလးက ထင္ခဲ့ပံုပါပဲ ၊ သားေလးက တအားကို ႐ိုးစင္းလြန္းတဲ့ ကေလးငယ္တစ္ေယာက္ပါ ၊ တျခားသူေတြ ပစၥည္းျပဳတ္က်တာေတြ႔ရင္လည္း သူအျမဲကူညီၿပီး ေကာက္ေပးတတ္ေလ့႐ွိပါတယ္ ” ဆိုၿပီး ကေလးမိခင္က ေျပာျပခဲ့ပါတယ္ ။

ထို႔အျပင္ ” သားေလးရဲ႕အသက္က တစ္ႏွစ္နဲ႔သံုးလပဲ ႐ွိေသးတာ ၊ ပတ္ဝန္းက်င္ကို ကာကြယ္ဖို႔ အဲ့လိုစိတ္မ်ိဳးလည္းမ႐ွိေလာက္ေသးပါဘူး ၊ ဒါေပမဲ့လည္း သူ႔လုပ္ရပ္က ကားဆရာကို သင္ခန္းစာျပန္ေပးလိုက္သလိုပါပဲ ” ဆိုၿပီးေတာ့လည္း ထပ္ေလာင္းေျပာဆိုခဲ့ပါေသးတယ္ ။ ကေလးငယ္က ကားဆရာကို ေရဗူးျပန္ေပးလိုက္ခ်ိန္မွာ ကားဆရာကေတာ့ ဘားမွျပန္လည္မေျပာဆိုပဲ ၊ ကားပုတင္းေပါက္ကိုသာ ပိတ္သြားခဲ့ပါတယ္ ဆိုၿပီးေတာ့လည္း မိခင္ျဖစ္သူက အဆိုပါေန႔က အျဖစ္အပ်က္ကို ေျပာျပသြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဖြစ်စဉ်ကတော့ လမ်းလျှောက်တက်စကလေးငယ်လေးတစ်ယောက်ဟာ ကားပေါ်ကနေရေဗူးလွင့်ပစ်ချခဲ့တဲ့ လူကြီးတစ်ယောက်ကို တန်ဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတစ်ခုပေးလိုက်တာပါပဲ ။ အဆိုပါ video လေးထဲမှာတော့ တရုတ်နိုင်ငံ ၊ Jining မြို့ရဲ့ လမ်းမကြီးဘေးတစ်နေရာမှာ လမ်းလျှောက်နေခဲ့တဲ့ 1နှစ်သားအရွယ်ကောင်လေးတစ်ယောက်ဟာ ကားပေါ်ကနေ ရေဗူးပစ်ချလိုက်တာကိုတွေ့ပြီးနောက် အဆိုပါရေးဗူးကိုကောက်ကာ ကားရဲ့ပုတင်းပေါက်ကနေ ကားသမားကိုရေဗူးပြန်ပေးခဲ့ပါတယ် ။ ကလေးငယ်ရဲ့မိခင်ပြောပြချက်အရ ကလေးငယ်ဟာ ကားပေါ်ကလူ မတော်တဆရေဗူးပြုတ်ကျသွားတယ်ထင်ပြီး ကူညီတဲ့အနေနဲ့ ပြန်ကောက်ပေးခဲ့တာပါ ။ ဒါပေမဲ့ video ကြည့်မိတဲ့လူတိုင်က ကလေးငယ်က လူကြီးကို ပတ်ဝန်းကျင်ချစ်မြတ်နိုးတတ်အောင်ပြန်သင်ပေးနေတာနဲ့ တူနေခဲ့တာပါ ။

ကလေးငယ်ရဲ့မိခင်ဟာ မကြာခဏ သားလေးရဲ့နေ့စဉ်လမ်းလျှောက်ပုံတွေကို အမြဲvideo ရိုက်ယူထားလေ့ရှိသောကြောင့် အဆိုပါနေ့ကအဖြစ်အပျက်ကိုလည်း ရိုက်ကူးမိခဲ့တာပါ ။ ” အဲ့နေ့က ကားပေါ်ကနေ ရေဗူးပြုတ်ကျသွားတယ်လို့ သားလေးက ထင်ခဲ့ပုံပါပဲ ၊ သားလေးက တအားကို ရိုးစင်းလွန်းတဲ့ ကလေးငယ်တစ်ယောက်ပါ ၊ တခြားသူတွေ ပစ္စည်းပြုတ်ကျတာတွေ့ရင်လည်း သူအမြဲကူညီပြီး ကောက်ပေးတတ်လေ့ရှိပါတယ် ” ဆိုပြီး ကလေးမိခင်က ပြောပြခဲ့ပါတယ် ။

ထို့အပြင် ” သားလေးရဲ့အသက်က တစ်နှစ်နဲ့သုံးလပဲ ရှိသေးတာ ၊ ပတ်ဝန်းကျင်ကို ကာကွယ်ဖို့ အဲ့လိုစိတ်မျိုးလည်းမရှိလောက်သေးပါဘူး ၊ ဒါပေမဲ့လည်း သူ့လုပ်ရပ်က ကားဆရာကို သင်ခန်းစာပြန်ပေးလိုက်သလိုပါပဲ ” ဆိုပြီးတော့လည်း ထပ်လောင်းပြောဆိုခဲ့ပါသေးတယ် ။ ကလေးငယ်က ကားဆရာကို ရေဗူးပြန်ပေးလိုက်ချိန်မှာ ကားဆရာကတော့ ဘားမှပြန်လည်မပြောဆိုပဲ ၊ ကားပုတင်းပေါက်ကိုသာ ပိတ်သွားခဲ့ပါတယ် ဆိုပြီးတော့လည်း မိခင်ဖြစ်သူက အဆိုပါနေ့က အဖြစ်အပျက်ကို ပြောပြသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment