အိမ္ျပန္ခ်င္လို႔ဆိုၿပီး ကေလးငယ္ရဲ႕လက္ကို Hot Pot အိုးထဲ နစ္ထည့္ပစ္လိုက္တဲ့ အိမ္ေဖာ္မရဲ႕လုပ္ရပ္ (႐ုပ္သံ)

ၿပီးခဲ့တဲ့ January 15 ရက္ေန႔က အသက္ 30 အရြယ္ အိမ္ေဖာ္မတစ္ဦးဟာ 1ႏွစ္နဲ႔3လသားအရြယ္ ကေလးမေလးကိုႏွိပ္စက္ညႇင္းပန္းမႈနဲ႔ ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရပါတယ္ ။ အဆိုပါအျဖစ္အပ်က္ဟာ January 14 ရက္ေန႔က ျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး အိမ္ေဖာ္အမ်ိဳးသမီးက ဟင္းရည္ေတြဆူပြတ္ေနတဲ့ အိုးထဲကို ကေလးငယ္ရဲ႕လက္အား အႀကိမ္ႀကိမ္နစ္ထည့္ေနခဲ့တာပါ ။ အဆိုပါ 46 စကၠန္႔ၾကာျမင့္တဲ့ video ကို ကေလးငယ္ရဲ႕မိခင္ျဖစ္သူက Facebook စာမ်က္ႏွာေပၚမွာ ေဝမ်ွေပးခဲ့တာျဖစ္ပါတယ္ ။ Video ထဲမွာေတာ့ အိမ္ေဖာ္အမ်ိဳးသမီးဟာ ကေလးကိုေပြ႔ခ်ီထားၿပီးေနာက္ မၾကာခင္မွာပဲ ကေလးငယ္ရဲ႕လက္ကိုယူၿပီး ဆူပြတ္ေနတဲ့အိုးထဲကို နစ္ထည့္ပစ္လိုက္တာပါ ။ ထို႔ေၾကာင့္ နာက်င္လြန္းလွတဲ့ကေလးငယ္ရဲ႕ ေအာ္ဟစ္ငိုေႂကြးသံကိုလည္း video ထဲမွာ အထင္းသားႀကီးၾကားသိရမွာပါ ။ အိမ္ေဖာ္အမ်ိဳးသမီးကိုေတာ့ အဆိုပါ စင္ကာပူႏိုင္ငံမွာ႐ွိတဲ့ အလုပ္႐ွင္ေတြရဲ႕အိမ္မွာပဲ ရဲအရာ႐ွိေတြက ဖမ္းဆီးခဲ့ၾကတာျဖစ္ပါတယ္ ။

ကေလးငယ္ရဲ႕မိခင္ျဖစ္သူမွာေတာ့ ” အဲ့ video ကိုျမင္လိုက္ခ်ိန္မွာ ကြၽန္မခႏၶာကိုယ္တစ္ခုလံုး တုန္လႈပ္သြားခဲ့တယ္.. .အဲ့လိုႏွိပ္စက္ခံရၿပီးကတည္းက ကြၽန္မသမီးေလးက ညတိုင္းမရပ္တန္းငိုေနခဲ့ပါတယ္ ၊ သူမက တအားကိုငယ္ေနေသးတဲ့အတြက္ စကားလည္းမေျပာတတ္ေသးဘူး ၊ အဲ့ေတာ့ သူအိမ္မက္ဆိုးေတြမက္ေနတာလား ဒါမွမဟုတ္ တအားနာက်င္လို႔လား ဆိုတာ ကြၽန္မတို႔မသိႏိုင္ဘူးေလ ” ဆိုၿပီး ကေလးငယ္ရဲ႕ မိခင္က ဝမ္းနည္းစြာေျပာဆိုခဲ့ပါတယ္ ။

သို႔ေပမဲ့လည္း အိမ္ေဖာ္အမ်ိဳးသမီးကေတာ့ ကေလးငယ္က အိုးထဲကို မေတာ္တဆလက္ထည့္မိတာဆိုၿပီး ျငင္းဆန္ေနခဲ့ၿပီး မိခင္ျဖစ္သူက video ကိုျပလိုက္ခ်ိန္မွာမွ သူမအိမ္ျပန္ခ်င္လို႔ ယခုလိုလုပ္ခဲ့မိတာျဖစ္ေၾကာင္း အိမ္ေဖာ္အမ်ိဳးသမီးက ထြက္ဆိုခဲ့ပါတယ္ ။ ထို႔ေၾကာင့္ အိမ္႐ွင္ေတြက ကေလးငယ္ကိုႏွိပ္စက္ညႇင္းပန္မႈနဲ႔ အိမ္ေဖာ္အမ်ိဳးသမီးကို ရဲတိုင္ခဲ့ၾကတာျဖစ္ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ပြီးခဲ့တဲ့ January 15 ရက်နေ့က အသက် 30 အရွယ် အိမ်ဖော်မတစ်ဦးဟာ 1နှစ်နဲ့3လသားအရွယ် ကလေးမလေးကိုနှိပ်စက်ညှင်းပန်းမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ် ။ အဆိုပါအဖြစ်အပျက်ဟာ January 14 ရက်နေ့က ဖြစ်ပျက်ခဲ့တာဖြစ်ပြီး အိမ်ဖော်အမျိုးသမီးက ဟင်းရည်တွေဆူပွတ်နေတဲ့ အိုးထဲကို ကလေးငယ်ရဲ့လက်အား အကြိမ်ကြိမ်နစ်ထည့်နေခဲ့တာပါ ။ အဆိုပါ 46 စက္ကန့်ကြာမြင့်တဲ့ video ကို ကလေးငယ်ရဲ့မိခင်ဖြစ်သူက Facebook စာမျက်နှာပေါ်မှာ ဝေမျှပေးခဲ့တာဖြစ်ပါတယ် ။ Video ထဲမှာတော့ အိမ်ဖော်အမျိုးသမီးဟာ ကလေးကိုပွေ့ချီထားပြီးနောက် မကြာခင်မှာပဲ ကလေးငယ်ရဲ့လက်ကိုယူပြီး ဆူပွတ်နေတဲ့အိုးထဲကို နစ်ထည့်ပစ်လိုက်တာပါ ။ ထို့ကြောင့် နာကျင်လွန်းလှတဲ့ကလေးငယ်ရဲ့ အော်ဟစ်ငိုကြွေးသံကိုလည်း video ထဲမှာ အထင်းသားကြီးကြားသိရမှာပါ ။ အိမ်ဖော်အမျိုးသမီးကိုတော့ အဆိုပါ စင်ကာပူနိုင်ငံမှာရှိတဲ့ အလုပ်ရှင်တွေရဲ့အိမ်မှာပဲ ရဲအရာရှိတွေက ဖမ်းဆီးခဲ့ကြတာဖြစ်ပါတယ် ။

ကလေးငယ်ရဲ့မိခင်ဖြစ်သူမှာတော့ ” အဲ့ video ကိုမြင်လိုက်ချိန်မှာ ကျွန်မခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားခဲ့တယ်.. .အဲ့လိုနှိပ်စက်ခံရပြီးကတည်းက ကျွန်မသမီးလေးက ညတိုင်းမရပ်တန်းငိုနေခဲ့ပါတယ် ၊ သူမက တအားကိုငယ်နေသေးတဲ့အတွက် စကားလည်းမပြောတတ်သေးဘူး ၊ အဲ့တော့ သူအိမ်မက်ဆိုးတွေမက်နေတာလား ဒါမှမဟုတ် တအားနာကျင်လို့လား ဆိုတာ ကျွန်မတို့မသိနိုင်ဘူးလေ ” ဆိုပြီး ကလေးငယ်ရဲ့ မိခင်က ဝမ်းနည်းစွာပြောဆိုခဲ့ပါတယ် ။

သို့ပေမဲ့လည်း အိမ်ဖော်အမျိုးသမီးကတော့ ကလေးငယ်က အိုးထဲကို မတော်တဆလက်ထည့်မိတာဆိုပြီး ငြင်းဆန်နေခဲ့ပြီး မိခင်ဖြစ်သူက video ကိုပြလိုက်ချိန်မှာမှ သူမအိမ်ပြန်ချင်လို့ ယခုလိုလုပ်ခဲ့မိတာဖြစ်ကြောင်း အိမ်ဖော်အမျိုးသမီးက ထွက်ဆိုခဲ့ပါတယ် ။ ထို့ကြောင့် အိမ်ရှင်တွေက ကလေးငယ်ကိုနှိပ်စက်ညှင်းပန်မှုနဲ့ အိမ်ဖော်အမျိုးသမီးကို ရဲတိုင်ခဲ့ကြတာဖြစ်ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment