ငါးဟင္းနဲ႔ထမင္းစားေနရင္း ငါးမ်ွားခ်ိတ္ပါလာခဲ့ေပမဲ့ ဆိုင္႐ွင္ကေတာ့ ခပ္တည္တည္ထမင္းပန္းကန္သာျပန္သိမ္းသြားခဲ့တဲ့အျဖစ္

အခ်ိဳ႕ေသာစားေသာက္ဆိုင္ေတြဆိုရင္ စားစရာေတြကို သန္႔႐ွင္းစြာမေဆးေၾကာပဲ အဆင္ေျပသလိုသာခ်က္ၿပီး ေရာင္းခ်ေနၾကလို႔ စားစရာေတြထဲ ဆံပင္ေမြးေတြ ၊ အမႈိက္စအေသးေလးေတြ စတဲ့အရာေတြပါလာတာမ်ိဳးနဲ႔ လူအမ်ားစုက ၾကံဳဖူး ၊ ေတြ႔ဖူးၾကမွာပါ ။ ဒီတစ္ေခါက္မွာလည္း မေလး႐ွားႏိုင္ငံက Nor Azriah Abd Aziz အမည္နဲ႔ အမ်ိဳးသမီးတစ္ေယာက္ဟာ Johor ျပည္နယ္မွာ႐ွိတဲ့ စားေသာက္ဆိုင္တစ္ခုမွာ ငါးဟင္းနဲ႔သူမထမင္းစားေနရင္း ငါးထဲကေနငါးမ်ွားခ်ိတ္အႀကီးတစ္ခုပါလာခဲ့ရေသာေၾကာင့္ အလြန္ကိုအံ့ၾသထိတ္လန္႔သြားခဲ့ေၾကာင္း သူမရဲ႕ Facebook စာမ်က္ႏွာေပၚမွာ ေဝမ်ွသြားခဲ့ပါတယ္ ။ ကံေကာင္းစြာနဲ႔ပဲ သူမအဆိုပါငါးကိုမကိုက္စားခင္မွာ ငါးမ်ွားခ်ိတ္ကိုအရင္ဆံုး႐ွာေတြ႔ခဲ့တာျဖစ္ပါတယ္ ။

သူမေရးသားထားခဲ့တာကေတာ့ ” ဒီေန႔ရဲ႕ မေတာ္တဆမႈကို ကြၽန္မဘယ္လိုေျပာရမလဲေတာင္မသိေတာ့ဘူး ၊ ေမးစရာကေတာ့ ငါးကိုေသခ်ာေဆးေၾကာမယ္ဆိုရင္ ငါးမ်ွားခ်ိတ္ကိုမေတြ႔စရာ အေၾကာင္းမ႐ွိပါဘူး ၊ ေတာ္ေတာ္ေလးႀကီးတယ္ ၊ ငါးမ်ွားခ်ိတ္ကေသးေနခဲ့လို႔ ငါးနဲ႔အတူမ်ိဳခ်မိလိုက္ရင္ ဘယ္လိုလုပ္မလဲ ” ဆိုၿပီး ေရးသားခဲ့ပါတယ္ ။ ထို႔အျပင္ ဆိုင္႐ွင္က ယခုလိုအဆင္မေျပဘဲ အႏၱရာယ္မ်ားတဲ့ပစၥည္း စားစရာထဲပါလာတဲ့အတြက္ ဘယ္လိုပဲျဖစ္ျဖစ္ စားသံုးသူကိုေသခ်ာေတာင္းပန္ၿပီး ေလ်ာ္ေၾကးေပးရမွာျဖစ္ေပမဲ့လည္း ဆိုင္႐ွင္ကေတာ့ သူမရဲ႕ထမင္းပန္ကန္ကိုသာ သိမ္းသြားခဲ့ၿပီး ေတာင္းပန္စကားဆိုသြားခဲ့ပါတယ္ ။

စားစရာအသစ္လဲေပးတာတို႔ ၊ ကုန္က်တဲ့ bill ေတြကို မ႐ွင္းခိုင္းတာတို႔ စတဲ့သင့္ေလ်ာ္တဲ့ ေလ်ာ္ေၾကးမ်ိဳးမေပးတဲ့အျပင္ sorry တစ္ခြန္းတည္းေျပာၿပီး ထမင္းပန္းကန္ကို သိမ္းသြားခဲ့ပါတယ္ ။ ထို႔အျပင္ သူမက ထမင္းဖိုး႐ွင္းခဲ့ရပါေသးတယ္ ။ ထို႔အျပင္ သူမက “ဆိုင္႐ွင္က စားစရာေတြကို ေသခ်ာေဆးေၾကာသင့္တယ္ ၊ အဲ့ငါးမ်ွားခ်ိတ္ကိုမ်ိဳခ်မိခဲ့လို႔ တစ္ခုခုျဖစ္သြားခဲ့ရင္ ေဆးကုသစရိတ္ ဘယ္သူကအကုန္က်ခံမွာလဲ ၊ ေတာ္ေတာ္ေလးကို စိတ္ပ်က္ဖို႔ေကာင္းတယ္ ” ဆိုၿပီး သူမကထပ္ေလာင္းေျပာဆိုသြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အချို့သောစားသောက်ဆိုင်တွေဆိုရင် စားစရာတွေကို သန့်ရှင်းစွာမဆေးကြောပဲ အဆင်ပြေသလိုသာချက်ပြီး ရောင်းချနေကြလို့ စားစရာတွေထဲ ဆံပင်မွေးတွေ ၊ အမှိုက်စအသေးလေးတွေ စတဲ့အရာတွေပါလာတာမျိုးနဲ့ လူအများစုက ကြုံဖူး ၊ တွေ့ဖူးကြမှာပါ ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံက Nor Azriah Abd Aziz အမည်နဲ့ အမျိုးသမီးတစ်ယောက်ဟာ Johor ပြည်နယ်မှာရှိတဲ့ စားသောက်ဆိုင်တစ်ခုမှာ ငါးဟင်းနဲ့သူမထမင်းစားနေရင်း ငါးထဲကနေငါးမျှားချိတ်အကြီးတစ်ခုပါလာခဲ့ရသောကြောင့် အလွန်ကိုအံ့သြထိတ်လန့်သွားခဲ့ကြောင်း သူမရဲ့ Facebook စာမျက်နှာပေါ်မှာ ဝေမျှသွားခဲ့ပါတယ် ။ ကံကောင်းစွာနဲ့ပဲ သူမအဆိုပါငါးကိုမကိုက်စားခင်မှာ ငါးမျှားချိတ်ကိုအရင်ဆုံးရှာတွေ့ခဲ့တာဖြစ်ပါတယ် ။

သူမရေးသားထားခဲ့တာကတော့ ” ဒီနေ့ရဲ့ မတော်တဆမှုကို ကျွန်မဘယ်လိုပြောရမလဲတောင်မသိတော့ဘူး ၊ မေးစရာကတော့ ငါးကိုသေချာဆေးကြောမယ်ဆိုရင် ငါးမျှားချိတ်ကိုမတွေ့စရာ အကြောင်းမရှိပါဘူး ၊ တော်တော်လေးကြီးတယ် ၊ ငါးမျှားချိတ်ကသေးနေခဲ့လို့ ငါးနဲ့အတူမျိုချမိလိုက်ရင် ဘယ်လိုလုပ်မလဲ ” ဆိုပြီး ရေးသားခဲ့ပါတယ် ။ ထို့အပြင် ဆိုင်ရှင်က ယခုလိုအဆင်မပြေဘဲ အန္တရာယ်များတဲ့ပစ္စည်း စားစရာထဲပါလာတဲ့အတွက် ဘယ်လိုပဲဖြစ်ဖြစ် စားသုံးသူကိုသေချာတောင်းပန်ပြီး လျော်ကြေးပေးရမှာဖြစ်ပေမဲ့လည်း ဆိုင်ရှင်ကတော့ သူမရဲ့ထမင်းပန်ကန်ကိုသာ သိမ်းသွားခဲ့ပြီး တောင်းပန်စကားဆိုသွားခဲ့ပါတယ် ။

စားစရာအသစ်လဲပေးတာတို့ ၊ ကုန်ကျတဲ့ bill တွေကို မရှင်းခိုင်းတာတို့ စတဲ့သင့်လျော်တဲ့ လျော်ကြေးမျိုးမပေးတဲ့အပြင် sorry တစ်ခွန်းတည်းပြောပြီး ထမင်းပန်းကန်ကို သိမ်းသွားခဲ့ပါတယ် ။ ထို့အပြင် သူမက ထမင်းဖိုးရှင်းခဲ့ရပါသေးတယ် ။ ထို့အပြင် သူမက “ဆိုင်ရှင်က စားစရာတွေကို သေချာဆေးကြောသင့်တယ် ၊ အဲ့ငါးမျှားချိတ်ကိုမျိုချမိခဲ့လို့ တစ်ခုခုဖြစ်သွားခဲ့ရင် ဆေးကုသစရိတ် ဘယ်သူကအကုန်ကျခံမှာလဲ ၊ တော်တော်လေးကို စိတ်ပျက်ဖို့ကောင်းတယ် ” ဆိုပြီး သူမကထပ်လောင်းပြောဆိုသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment