ရှားပါးရောဂါခံစားနေရလို့ တဖြည်းဖြည်းလူမျက်နှာနဲ့ တူလာတဲ့ဆိတ်လေးရဲ့အဖြစ်




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီတစ်ခေါက်ဖော်ပြမဲ့ ဆိတ်လေးတစ်ကောင်ကတော့ ရှားပါးရောဂါတစ်မျိုးဖြစ်တဲ့ “Cyclopia” ဆိုတဲ့ရောဂါကိုခံစားနေခဲ့ရတဲ့အတွက် တဖြည်းဖြည်းလူမျက်နှာနဲ့ဆင်တူလာခဲ့ပြီးနောက် လူအများကပါ နာမည်ပြောင်အနေနဲ့ ” Avatar of God ” ဆိုပြီး ခေါ်ဆိုနေခဲ့ကြပါတယ် ။ အဆိုပါ အိန္နိယနိုင်ငံ ၊ Rajasthan ပြည်နယ်မှာရှိတဲ့ ဆိတ်ကို အချို့သောဒေသခံလူများက သန္ဓေပြောင်းထားတဲ့ဆိတ်ဆိုပြီး စနောက်ခေါ်ဆိုလေ့လည်းရှိပါတယ် ။

ဆိတ်လေးဟာ အခြားသောပုံမှန်ဆိတ်တွေလိုမဟုတ်ဘဲ သူ၏မျက်လုံးများဟာ မျက်နှာ၏အရှေ့ဘက်တည့်တည့် မျက်လုံးနှစ်လုံးကပ်လျက်တည်ရှိနေပြီး ၊ မျက်နှာမှာလည်း အခြားသောဆိတ်တွေထက် ပိုပြားနေသောကြောင့် အတော်လေးကို လူမျက်နှာပုံနှင့်တူနေခဲ့တာပါ ။

ဆိတ်လေးဟာ ထူးခြားရောဂါတစ်မျိုးဖြစ်တဲ့ ” cyclopia ” ဆိုတဲ့ ရောဂါကြောင့် ယခုလို လူရုပ်ဖြစ်နေရတာဖြစ်ပြီး ၊ ရောဂါကုသမှု အဆင်ပြေခဲ့ပေမဲ့လည်း လူရုပ်အနည်းငယ်ထွက်နေသေးတဲ့ ဆိတ်လေးကြောင့် လူအများက အဆိုပါဆိတ်လေးကို အခြားသောပုံမှန်ဆိတ်တွေလို ဘဝမျိုးပိုင်ဆိုင်ခွင့်ရဖို့ မျှော်လင့်နေလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment