မိခင္ေဆးကုသစရိတ္ရ႐ွိဖို႔ သီခ်င္းဆိုၿပိဳင္ပြဲမွာပါဝင္ယွဥ္ၿပိဳင္ခဲ့ေပမဲ့ သဲထဲေရသြန္သလို အျဖစ္ဆိုးၾကံဳခဲ့ရတဲ့ မိန္းကေလး

TV show ေတြ ၊ ၿပိဳင္ပြဲေတြမွာ ပါဝင္ယွဥ္ၿပိဳင္ၾကသူအမ်ားစုဟာ ေအာင္ျမင္ေက်ာ္ၾကားမႈကို ရယူပိုင္ဆိုင္ခ်င္လို႔ဆိုေပမဲ့လည္း ၊ တစ္ခ်ိဳ႕ေသာ လူအနည္းစုကေတာ့ သူတို႔ရဲ႕ဘဝ အခက္အခဲကေန လြတ္ေျမာက္လို၍ ႀကိဳးစားပမ္းစားလာေရာက္ယွဥ္ၿပိဳင္ၾကတာမ်ိဳးလည္း႐ွိပါတယ္ ။ ဒီတစ္ေခါက္မွာလည္း အင္ဒိုနီး႐ွားႏိုင္ငံမွာက်င္းပတဲ့ Liga Dangdut Indonesia ဆိုတဲ့ TV သီခ်င္းဆိုၿပိဳင္ပြဲအစီအစဥ္တစ္ခုမွာ အသက္ 14 ႏွစ္အရြယ္ Jannah ဆိုတဲ့ မိန္းကေလးတစ္ေယာက္က လာေရာက္ယွဥ္ၿပိဳင္ခဲ့ပါတယ္ ။ သူမဟာ အဆိုပါၿပိဳင္ပြဲမွာ အႏိုင္ရဖို႔အတြက္လာေရာက္ယွဥ္ၿပိဳင္ခဲ့တာျဖစ္ၿပီး အႏိုင္ရပါက ဆုေၾကးေငြေတြကို သူမရဲ႕မိခင္ျဖစ္သူကို ေဆးကုသမႈအတြက္ အသံုးျပဳသြားမွာျဖစ္ေၾကာင္းလည္း ေျပာဆိုခဲ့ပါေသးတယ္ ။ ထို႔ေနာက္ သူမေနာက္အဆင့္သို႔ တက္လွမ္းသြားႏိုင္ခဲ့ေသာေၾကာင့္ ပြဲအစီအစဥ္တင္ဆက္သူမ်ားက အဆိုပါသတင္းကို သူမရဲ႕ေဆြမ်ိဳးေတြကို ဆက္သြယ္ၿပီး သူမရဲ႕သတင္းေကာင္းကို ေဝမ်ွဖို႔ ဖုန္းေခၚခဲ့ပါတယ္ ။

ထို႔အခ်ိန္မွာ သူမရဲ႕ဦးေလးျဖစ္သူ အန္ကယ္ Pak Mus က ဖုန္းေျဖၾကားခဲ့ၿပီး သတင္းေကာင္းကိုေဝမ်ွဖို႔ႀကိဳးစားခဲ့ေပမဲ့လည္း ကံဆိုးစြာနဲ႔ပဲ သူမရဲ႕မိခင္ျဖစ္သူဟာ ႏွလံုးေရာဂါနဲ႔ မိနစ္အနည္းငယ္အၾကာက ေသဆံုးသြားခဲ့ရတဲ့ သတင္းကိုသာ ၾကားသိခဲ့ရပါတယ္ ။ အဆိုပါအျဖစ္အပ်က္ကို Azim Kamaruzzaman (@RealAzimK) အမည္နဲ႔ Twitter အသံုးျပဳသူတစ္ေယာက္က ျပန္လည္ေဝမ်ွသြားခဲ့ပါတယ္ ။ Video ထဲမွာေတာ့ သူမက ဦးေလးျဖစ္သူကို သူမရဲ႕မိခင္အဆင္ေျပရဲ႕လားဆိုၿပီး ေမးျမန္းလိုက္ခ်ိန္မွာေတာ့ ဦးေလးျဖစ္သူက ” Jannah နင့္အေမကေျပာတယ္ ၾကံ့ၾကံခိုင္စြာေနထိုင္ပါတဲ့ နင္အခုနင့္ရဲ႕မိသားစုဝင္ေတြကို ျပန္ၾကည့္ရေတာ့မယ္ ၊ ငါတို႔လည္း နင့္ကိုခ်စ္ပါတယ္ ဒါေပမဲ့နင့္အေမကေတာ့ နင့္ကိုပိုခ်စ္တာေပါ့ ၊ နင့္ကို ဆက္သြယ္ခဲ့ပါေသးတယ္ ၊ နင့္အေမ ဆံုးသြားၿပီ ” ဆိုၿပီး ျပန္လည္ေျဖၾကားခဲ့ပါတယ္ ။

မယံုႏိုင္ေလာက္တဲ့ ဆိုးဝါးလြန္းတဲ့သတင္းစကားေၾကာင့္ Jannah ဟာ ငိုေႂကြးသြားခဲ့ၿပီး ၊ သူမနည္းတူ အစီအစဥ္ရဲ႕ ဒိုင္လူႀကီးမ်ားကလည္း ဝမ္းနည္းစြာငိုေႂကြးခဲ့ၾကပါတယ္ ။ သူမဟာ မိခင္အတြက္ အေဝးကေန အဆိုပါသီခ်င္းဆိုၿပိဳင္ပြဲသို႔ လာေရာက္ ယွဥ္ၿပိဳင္ခဲ့တာျဖစ္ေပမဲ့လည္း ၊ သူမ သီခ်င္းလွပစြာသီဆိုႏိုင္မႈကို သူမရဲ႕မိခင္ဂုဏ္ယူႏိုင္ေအာင္ ျပသခ်င္ခဲ့လို႔လည္း ျဖစ္ပါတယ္ ။ သို႔ေပမဲ့ ထင္ထားသလိုျဖစ္မလာခဲ့ပဲ ခါးသီးလြန္းတဲ့အဆံုးသတ္မ်ိဳးနဲ႔ သူမၾကံဳေတြ႔သြားခဲ့ရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

TV show တွေ ၊ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ကြသူအများစုဟာ အောင်မြင်ကျော်ကြားမှုကို ရယူပိုင်ဆိုင်ချင်လို့ဆိုပေမဲ့လည်း ၊ တစ်ချို့သော လူအနည်းစုကတော့ သူတို့ရဲ့ဘဝ အခက်အခဲကနေ လွတ်မြောက်လို၍ ကြိုးစားပမ်းစားလာရောက်ယှဉ်ပြိုင်ကြတာမျိုးလည်းရှိပါတယ် ။ ဒီတစ်ခေါက်မှာလည်း အင်ဒိုနီးရှားနိုင်ငံမှာကျင်းပတဲ့ Liga Dangdut Indonesia ဆိုတဲ့ TV သီချင်းဆိုပြိုင်ပွဲအစီအစဉ်တစ်ခုမှာ အသက် 14 နှစ်အရွယ် Jannah ဆိုတဲ့ မိန်းကလေးတစ်ယောက်က လာရောက်ယှဉ်ပြိုင်ခဲ့ပါတယ် ။ သူမဟာ အဆိုပါပြိုင်ပွဲမှာ အနိုင်ရဖို့အတွက်လာရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အနိုင်ရပါက ဆုကြေးငွေတွေကို သူမရဲ့မိခင်ဖြစ်သူကို ဆေးကုသမှုအတွက် အသုံးပြုသွားမှာဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါသေးတယ် ။ ထို့နောက် သူမနောက်အဆင့်သို့ တက်လှမ်းသွားနိုင်ခဲ့သောကြောင့် ပွဲအစီအစဉ်တင်ဆက်သူများက အဆိုပါသတင်းကို သူမရဲ့ဆွေမျိုးတွေကို ဆက်သွယ်ပြီး သူမရဲ့သတင်းကောင်းကို ဝေမျှဖို့ ဖုန်းခေါ်ခဲ့ပါတယ် ။

ထို့အချိန်မှာ သူမရဲ့ဦးလေးဖြစ်သူ အန်ကယ် Pak Mus က ဖုန်းဖြေကြားခဲ့ပြီး သတင်းကောင်းကိုဝေမျှဖို့ကြိုးစားခဲ့ပေမဲ့လည်း ကံဆိုးစွာနဲ့ပဲ သူမရဲ့မိခင်ဖြစ်သူဟာ နှလုံးရောဂါနဲ့ မိနစ်အနည်းငယ်အကြာက သေဆုံးသွားခဲ့ရတဲ့ သတင်းကိုသာ ကြားသိခဲ့ရပါတယ် ။ အဆိုပါအဖြစ်အပျက်ကို Azim Kamaruzzaman (@RealAzimK) အမည်နဲ့ Twitter အသုံးပြုသူတစ်ယောက်က ပြန်လည်ဝေမျှသွားခဲ့ပါတယ် ။ Video ထဲမှာတော့ သူမက ဦးလေးဖြစ်သူကို သူမရဲ့မိခင်အဆင်ပြေရဲ့လားဆိုပြီး မေးမြန်းလိုက်ချိန်မှာတော့ ဦးလေးဖြစ်သူက ” Jannah နင့်အမေကပြောတယ် ကြံ့ကြံခိုင်စွာနေထိုင်ပါတဲ့ နင်အခုနင့်ရဲ့မိသားစုဝင်တွေကို ပြန်ကြည့်ရတော့မယ် ၊ ငါတို့လည်း နင့်ကိုချစ်ပါတယ် ဒါပေမဲ့နင့်အမေကတော့ နင့်ကိုပိုချစ်တာပေါ့ ၊ နင့်ကို ဆက်သွယ်ခဲ့ပါသေးတယ် ၊ နင့်အမေ ဆုံးသွားပြီ ” ဆိုပြီး ပြန်လည်ဖြေကြားခဲ့ပါတယ် ။

မယုံနိုင်လောက်တဲ့ ဆိုးဝါးလွန်းတဲ့သတင်းစကားကြောင့် Jannah ဟာ ငိုကြွေးသွားခဲ့ပြီး ၊ သူမနည်းတူ အစီအစဉ်ရဲ့ ဒိုင်လူကြီးများကလည်း ဝမ်းနည်းစွာငိုကြွေးခဲ့ကြပါတယ် ။ သူမဟာ မိခင်အတွက် အဝေးကနေ အဆိုပါသီချင်းဆိုပြိုင်ပွဲသို့ လာရောက် ယှဉ်ပြိုင်ခဲ့တာဖြစ်ပေမဲ့လည်း ၊ သူမ သီချင်းလှပစွာသီဆိုနိုင်မှုကို သူမရဲ့မိခင်ဂုဏ်ယူနိုင်အောင် ပြသချင်ခဲ့လို့လည်း ဖြစ်ပါတယ် ။ သို့ပေမဲ့ ထင်ထားသလိုဖြစ်မလာခဲ့ပဲ ခါးသီးလွန်းတဲ့အဆုံးသတ်မျိုးနဲ့ သူမကြုံတွေ့သွားခဲ့ရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment