ဝူဟန္ဗိုင္းရပ္စ္ပ်ံ့ႏွံ႔ေနေပမဲ့ ဂ႐ုမစိုက္တဲ့အျပင္ ၾကြက္ေပါက္စေလးေတြကို အ႐ွင္လတ္လတ္စားျပခဲ့တဲ့ အမ်ိဳးသား (႐ုပ္သံ)

အဆိုပါ ဝူဟန္အဆုတ္ေရာင္ေရာဂါပိုးဟာ တိရစာၦန္ေတြ ၊ လင္းႏို႔ေတြကေနစၿပီး ကူးစက္ပ်ံႏွံခဲ့တာျဖစ္ေပမဲ့လည္း ယခုအခ်ိန္ထိ တ႐ုတ္ႏိုင္ငံက လူအခ်ိဳ႕ကေတာ့ အဆိုပါလင္းႏို႔ေတြ ၊ ႂကြက္ေတြ စတဲ့ ထူးဆန္းတိရစာၦန္ေတြကို ဆက္ၿပီးစားေသာက္ေနဆဲပါပဲ ။ အရင္ခ်ိန္ေတြက လင္းႏို႔စြပ္ျပဳပ္ေတြသာ ေတြ႔ဖူးလို႔ ေတာ္ေတာ္ေလး ေအာ္ဂလီဆန္ခဲ့ေပမဲ့လည္း ဒီတစ္ေခါက္အျဖစ္ကေတာ့ ပိုၿပီးေတာ့ေတာင္ဆိုးတယ္လို႔ေျပာရမွာပါပဲ ။ Free with Hongkong ဆိုတဲ့ Twitter စာမ်က္ႏွာတစ္ခုက အမ်ိဳးသားတစ္ေယာက္ဟာ အရက္ေသာက္ေနၿပီး အရက္အျမည္းအေနနဲ႔ၾကြက္ေပါက္စေသးေသးေလးေတြကို အ႐ွင္လတ္လတ္ဝါးစားေနခဲ့တဲ့ video တစ္ခုကို ေဝမ်ွသြားခဲ့ပါတယ္ ။

ထို႔အျပင္ ” ဒီရဲ႕ ဓာတ္ပံုေတြကို ယံုေတာင္မယံုႏိုင္ဘူး ၊ အခုလို တိုးတက္ေျပာင္းလဲလာတဲ့ လူအဖြဲ႔အစည္းေတြမွာ ႂကြက္ေပါက္စေတြကို အ႐ွင္လတ္လတ္ဝါးစားတယ္ေပါ့ ၊ ေၾကာက္ဖို႔ေကာင္းလိုက္တာ ၊ သည္းမခံႏိုင္ေလာက္ေအာင္ပါပဲ ” ဆိုၿပီး ေရးသားခဲ့ပါေသးတယ္ ။ ထို႔အျပင္ အဆိုပါ page ကပဲ တစ္ခ်ိဳ႕ေသာသူေတြ လင္းႏို႔စြပ္ျပဳတ္စားေသာက္ေနခဲ့တဲ့ ႐ုပ္ပံုေတြကိုပါ ေဝမ်ွသြားခဲ့ပါတယ္ ။

ပိုၿပီး ဆိုးရြားတာကေတာ့ video ထဲကအမ်ိဳးသားဟာ ပန္းကန္ျပားေပၚမွာ ခရမ္းခ်ဥ္သီး အျခမ္းေလးေတြနဲ႔ ႐ွိေနတဲ့ ႂကြက္ေပါက္စေလးေတြကို တစ္ေကာင္ၿပီးတစ္ေကာင္ အခ်ဥ္နဲ႔တို႔ၿပီး အ႐ွင္လတ္လတ္ဝါးစားကာ အရက္ျမည္းအေနနဲ႔ စားေသာက္ျပေနခဲ့တာပါ ။ အဆိုပါတိရစာၦန္ေတြကို အခ်ဥ္လတ္လတ္စားေသာက္ေနတဲ့ ႐ုပ္ပံုေတြဟာ လူအမ်ားကို အေတာ္ေလး ေအာ္ဂလီဆန္ေစခဲ့ၿပီး ၊ အေတာ္ေလးအ႐ုပ္ဆိုးအက်ည္းတန္လြန္းလွပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အဆိုပါ ဝူဟန်အဆုတ်ရောင်ရောဂါပိုးဟာ တိရစ္ဆာန်တွေ ၊ လင်းနို့တွေကနေစပြီး ကူးစက်ပျံနှံခဲ့တာဖြစ်ပေမဲ့လည်း ယခုအချိန်ထိ တရုတ်နိုင်ငံက လူအချို့ကတော့ အဆိုပါလင်းနို့တွေ ၊ ကြွက်တွေ စတဲ့ ထူးဆန်းတိရစ္ဆာန်တွေကို ဆက်ပြီးစားသောက်နေဆဲပါပဲ ။ အရင်ချိန်တွေက လင်းနို့စွပ်ပြုပ်တွေသာ တွေ့ဖူးလို့ တော်တော်လေး အော်ဂလီဆန်ခဲ့ပေမဲ့လည်း ဒီတစ်ခေါက်အဖြစ်ကတော့ ပိုပြီးတော့တောင်ဆိုးတယ်လို့ပြောရမှာပါပဲ ။ Free with Hongkong ဆိုတဲ့ Twitter စာမျက်နှာတစ်ခုက အမျိုးသားတစ်ယောက်ဟာ အရက်သောက်နေပြီး အရက်အမြည်းအနေနဲ့ကြွက်ပေါက်စသေးသေးလေးတွေကို အရှင်လတ်လတ်ဝါးစားနေခဲ့တဲ့ video တစ်ခုကို ဝေမျှသွားခဲ့ပါတယ် ။

ထို့အပြင် ” ဒီရဲ့ ဓာတ်ပုံတွေကို ယုံတောင်မယုံနိုင်ဘူး ၊ အခုလို တိုးတက်ပြောင်းလဲလာတဲ့ လူအဖွဲ့အစည်းတွေမှာ ကြွက်ပေါက်စတွေကို အရှင်လတ်လတ်ဝါးစားတယ်ပေါ့ ၊ ကြောက်ဖို့ကောင်းလိုက်တာ ၊ သည်းမခံနိုင်လောက်အောင်ပါပဲ ” ဆိုပြီး ရေးသားခဲ့ပါသေးတယ် ။ ထို့အပြင် အဆိုပါ page ကပဲ တစ်ချို့သောသူတွေ လင်းနို့စွပ်ပြုတ်စားသောက်နေခဲ့တဲ့ ရုပ်ပုံတွေကိုပါ ဝေမျှသွားခဲ့ပါတယ် ။

ပိုပြီး ဆိုးရွားတာကတော့ video ထဲကအမျိုးသားဟာ ပန်းကန်ပြားပေါ်မှာ ခရမ်းချဉ်သီး အခြမ်းလေးတွေနဲ့ ရှိနေတဲ့ ကြွက်ပေါက်စလေးတွေကို တစ်ကောင်ပြီးတစ်ကောင် အချဉ်နဲ့တို့ပြီး အရှင်လတ်လတ်ဝါးစားကာ အရက်မြည်းအနေနဲ့ စားသောက်ပြနေခဲ့တာပါ ။ အဆိုပါတိရစ္ဆာန်တွေကို အချဉ်လတ်လတ်စားသောက်နေတဲ့ ရုပ်ပုံတွေဟာ လူအများကို အတော်လေး အော်ဂလီဆန်စေခဲ့ပြီး ၊ အတော်လေးအရုပ်ဆိုးအကျည်းတန်လွန်းလှပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment