ဓား႐ွည္ေတြကိုင္ေဆာင္ထားတဲ့ ဓားျပေတြနဲ႔ အေသအလဲျပန္ခ်ခဲ့တဲ့ အသက္70အရြယ္လင္မယား (႐ုပ္/သံ)

ဓားျပေတြဟာ ပံုမွန္အားျဖင့္တစ္စံုတစ္ေယာက္ရဲ႕အိမ္ကေနပစၥည္ေတြလုယူဖို႔အတြက္ အိမ္႐ွင္ေတြကိုေၾကာက္လန္႔ေအာင္လုပ္ၿပီး အိမ္႐ွင္ေတြတြန္႔ဆုတ္သြားၾကမယ္လို႔ေမ်ွာ္လင့္ေနၾကမွာပါ ။ သို႔ေပမဲ့လည္း ဒီတစ္ေခါက္မွာေတာ့ အိႏၵိယႏိုင္ငံကအဘိုး နဲ႔ အဘြားကေတာ့ဓားျပေတြေမ်ွာ္လင့္ထားသလိုျဖစ္မလာခဲ့ပါဘူး ။ ၿပီးခဲ့တဲ့ တနလာၤေန႔က သူခိုးႏွစ္ေယာက္ဟာ အသက္70အရြယ္အဘိုး ႏွင့္ အသက္65ႏွစ္အရြယ္အဘြားအိုသို႔၏ေနအိမ္သို႔ ဓားျပဝင္တိုက္ရန္ႀကိဳးစားခဲ့ပါတယ္ ။ ၎အျဖစ္အပ်က္ကို အဆိုပါေနအိမ္၏CCTV ျဖင့္မွတ္တမ္း ႐ိုက္ကူးထားႏိုင္ခဲ့ပါတယ္ ။Video ထဲမွာေတာ့ အိမ္ရဲ႕ဆင္ဝင္းမွာ႐ွိတဲ့ ထိုင္ခံုနားမွာအနားယူေနတဲ့အဘိုးကို အေနာက္ဖက္တြင္႐ွိေသာ ခ်ံဳပုတ္ဆီကေန မ်က္ႏွာဖံုးစြပ္ထားေသာသူခိုးတစ္ေယာက္က ခ်ဥ္းကပ္လာခဲ့ပါတယ္ ။ထို႔ေနာက္သူခိုးဟာ ႐ုတ္တရက္အဘိုးအို၏လည္ပင္းကိုအဝတ္ျဖင့္ပတ္ၿပီး အသက္မ႐ႈႏိုင္ေအာင္ဆြဲညစ္ခဲ့ပါတယ္ ။ထို႔အခိ်န္မွာပဲ အဘြားျဖစ္သူဟာအိမ္ထဲကေနထြက္လာခဲ့လို႔ ၎အျဖစ္အပ်က္ကိုျမင္ေတြ႔သြားခဲ့ပါတယ္ ။

Video ၾကည့္ရန္ ႐ုပ္ပံုကိုႏွိပ္ပါ

ခ်က္ခ်င္းပဲ အဘြားအိုဟာေၾကာက္ရြံ႔ျခင္းမ႐ွိဘဲ အဆိုပါဓားျပကိုဖိနပ္ျဖင့္ ပစ္ေပါက္ခဲ့ပါတယ္ ။ထို႔အခ်ိန္မွာပဲ ေနာက္ထပ္ဓားျပတစ္ေယာက္က ေရာက္႐ွိလာခဲ့လို႔အဘိုးအိုဟာ ေျခေထာက္နဲ႔ကန္ေက်ာက္ပစ္ခဲ့ပါတယ္ ။ အဘိုးနဲ႔ အဘြားဟာ ဓားျပေတြကို ခံုေတြ ၊ ဗံုးေတြနဲ႔ ဆက္လက္ပစ္ေပါက္ၿပီးခုခံကာကြယ္ေနၾကလို႔ ဓား႐ွည္ႀကီးေတြကိုင္ေဆာင္ထားတဲ့ဓားျပေတြဟာ အနည္းငယ္ေၾကာက္လန္႔သြားခဲ့ေပမဲ့ ဆက္လက္ရန္မူေနဆဲပါ ။အဘိုးအိုဟာ ဓားျပတစ္ေယာက္ကို ပလပ္စတစ္ထိုင္ခံုေၾကမြသြားတဲ့ထိ ႐ိုက္ခ်ပစ္ခဲ့ပါတယ္ ။ေနာက္ဆံုးမွာေတာ့ အဘိုး နဲ႔ အဘြားဟာ ဓားျပေတြသတၱိ႐ွိ႐ွိနဲ႔ ေမာင္းထုတ္ႏိုင္ခဲ့ပါတယ္ ။

Video ၾကည့္ရန္ ႐ုပ္ပံုကိုႏွိပ္ပါ

တာဝန္႐ွိသူေတြရဲ႕ေျပာၾကားခ်က္အရ ဓားျပတစ္ဦးဟာ အဘြားအိုရဲ႕ေရႊဟန္းခ်ိန္းကို ဆတ္ခနဲဆြဲယူႏိုင္ေအာင္ႀကိဳးစားခဲ့ပါေသးတယ္ ။တစ္ခါတစ္ေလမွာေတာ့ လူေတြဟာအႏၱရာယ္႐ွိေတြကို ယခုကဲ့သို႔ခုခံကာကြယ္ႏိုင္ၾကေပမဲ့လည္း ကံမေကာင္းရင္ေတာ့ေတာ္ေတာ္ဆိုးဝါးတဲ့အေျခအေနသို႔ေရာက္႐ွိႏိုင္ပါတယ္ ။ကံေကာင္းေထာက္မစြာနဲ႔ပဲ အဘိုး နဲ႔ အဘြားဟာဒဏ္ရာႀကီးႀကီးမားမား ရ႐ွိခဲ့ျခင္းမ်ိဳးမ႐ွိခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဓားပြတွေဟာ ပုံမှန်အားဖြင့်တစ်စုံတစ်ယောက်ရဲ့အိမ်ကနေပစ္စည်တွေလုယူဖို့အတွက် အိမ်ရှင်တွေကိုကြောက်လန့်အောင်လုပ်ပြီး အိမ်ရှင်တွေတွန့်ဆုတ်သွားကြမယ်လို့မျှော်လင့်နေကြမှာပါ ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်မှာတော့ အိန္ဒိယနိုင်ငံကအဘိုး နဲ့ အဘွားကတော့ဓားပြတွေမျှော်လင့်ထားသလိုဖြစ်မလာခဲ့ပါဘူး ။ ပြီးခဲ့တဲ့ တနလာၤနေ့က သူခိုးနှစ်ယောက်ဟာ အသက်70အရွယ်အဘိုး နှင့် အသက်65နှစ်အရွယ်အဘွားအိုသို့၏နေအိမ်သို့ ဓားပြဝင်တိုက်ရန်ကြိုးစားခဲ့ပါတယ် ။ ၎င်းအဖြစ်အပျက်ကို အဆိုပါနေအိမ်၏CCTV ဖြင့်မှတ်တမ်း ရိုက်ကူးထားနိုင်ခဲ့ပါတယ် ။Video ထဲမှာတော့ အိမ်ရဲ့ဆင်ဝင်းမှာရှိတဲ့ ထိုင်ခုံနားမှာအနားယူနေတဲ့အဘိုးကို အနောက်ဖက်တွင်ရှိသော ချုံပုတ်ဆီကနေ မျက်နှာဖုံးစွပ်ထားသောသူခိုးတစ်ယောက်က ချဉ်းကပ်လာခဲ့ပါတယ် ။ထို့နောက်သူခိုးဟာ ရုတ်တရက်အဘိုးအို၏လည်ပင်းကိုအဝတ်ဖြင့်ပတ်ပြီး အသက်မရှုနိုင်အောင်ဆွဲညစ်ခဲ့ပါတယ် ။ထို့အချိန်မှာပဲ အဘွားဖြစ်သူဟာအိမ်ထဲကနေထွက်လာခဲ့လို့ ၎င်းအဖြစ်အပျက်ကိုမြင်တွေ့သွားခဲ့ပါတယ် ။

Video ၾကည့္ရန္ ႐ုပ္ပံုကိုႏွိပ္ပါ

ချက်ချင်းပဲ အဘွားအိုဟာကြောက်ရွံ့ခြင်းမရှိဘဲ အဆိုပါဓားပြကိုဖိနပ်ဖြင့် ပစ်ပေါက်ခဲ့ပါတယ် ။ထို့အချိန်မှာပဲ နောက်ထပ်ဓားပြတစ်ယောက်က ရောက်ရှိလာခဲ့လို့အဘိုးအိုဟာ ခြေထောက်နဲ့ကန်ကျောက်ပစ်ခဲ့ပါတယ် ။ အဘိုးနဲ့ အဘွားဟာ ဓားပြတွေကို ခုံတွေ ၊ ဗုံးတွေနဲ့ ဆက်လက်ပစ်ပေါက်ပြီးခုခံကာကွယ်နေကြလို့ ဓားရှည်ကြီးတွေကိုင်ဆောင်ထားတဲ့ဓားပြတွေဟာ အနည်းငယ်ကြောက်လန့်သွားခဲ့ပေမဲ့ ဆက်လက်ရန်မူနေဆဲပါ ။အဘိုးအိုဟာ ဓားပြတစ်ယောက်ကို ပလပ်စတစ်ထိုင်ခုံကြေမွသွားတဲ့ထိ ရိုက်ချပစ်ခဲ့ပါတယ် ။နောက်ဆုံးမှာတော့ အဘိုး နဲ့ အဘွားဟာ ဓားပြတွေသတ္တိရှိရှိနဲ့ မောင်းထုတ်နိုင်ခဲ့ပါတယ် ။

Video ၾကည့္ရန္ ႐ုပ္ပံုကိုႏွိပ္ပါ

တာဝန်ရှိသူတွေရဲ့ပြောကြားချက်အရ ဓားပြတစ်ဦးဟာ အဘွားအိုရဲ့ရွှေဟန်းချိန်းကို ဆတ်ခနဲဆွဲယူနိုင်အောင်ကြိုးစားခဲ့ပါသေးတယ် ။တစ်ခါတစ်လေမှာတော့ လူတွေဟာအန္တရာယ်ရှိတွေကို ယခုကဲ့သို့ခုခံကာကွယ်နိုင်ကြပေမဲ့လည်း ကံမကောင်းရင်တော့တော်တော်ဆိုးဝါးတဲ့အခြေအနေသို့ရောက်ရှိနိုင်ပါတယ် ။ကံကောင်းထောက်မစွာနဲ့ပဲ အဘိုး နဲ့ အဘွားဟာဒဏ်ရာကြီးကြီးမားမား ရရှိခဲ့ခြင်းမျိုးမရှိခဲ့ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment