ေရနစ္သြားခဲ့တဲ့ကေလးငယ္ေတြကိုရပ္ၾကည့္ၿပီး လူနာတင္ကားေခၚရမယ့္အစား ဂစ္တာတီးေနခဲ့တဲ့ဖခင္

သက္ 32ႏွစ္အရြယ္႐ွိတဲ့ Jonathan Welborn ဆိုတဲ့အမ်ိဳးသားဟာသူ၏ အသက္2ႏွစ္အရြယ္သမီးေလး Sophia နဲ႔ 5လသားအရြယ္သားေလး Zane တို႔ပါလာတဲ့ကားကိုေနာက္ဆုတ္ရင္းနဲ႔ ေရကန္ထဲသို႔ ေနာက္ျပန္က်ကာေရနစ္သြားတဲ့အတြက္ေၾကာင့္ ကေလးေတြေသဆံုးသြားတဲ့အတြက္ ေထာင္ဒဏ္52ႏွစ္ခ်မွတ္ျခင္းခံခဲ့ရပါတယ္ ။ျဖစ္စဥ္ကေတာ့ Welborn ႏွင့္ ကေလးေတြရဲ႕မိခင္ျဖစ္သူ Brittany Hairston တို႔ဟာ သူငယ္ခ်င္းအိမ္မွာေပ်ာ္ပါးေနခဲ့တာျဖစ္ၿပီး အဆိုပါညတြင္မိခင္ျဖစ္သူက မျပန္ခ်င္ေသးေသာေၾကာင့္ Welborn က ကေလးငယ္မ်ားကိုအရင္ျပန္ပို႔ရန္ထြက္သြားခဲ့တာပါ ။

Welborn ၏ေျပာဆိုခ်က္အရ ကားေရကန္ထဲသို႔က်သြားတဲ့အခ်ိန္မွာ သမီးေလးကိုပုတင္းေပါက္အျပင္ဖက္သို႔ ပစ္ထုတ္ႏိုင္ခဲ့ေပမဲ့ သားငယ္ေလးကိုေတာ့ ထိုင္ခံုခါးပတ္ကေနမျဖဳတ္ေပးႏိုင္ခဲ့တဲ့အတြက္ သားငယ္ေလးဟာကားနဲ႔အတူေရထဲသို႔နစ္သြားခဲ့ပါတယ္ ။ ထိတ္လန္႔အံ့ျသေစတဲ့အရာကေတာ့ ဖခင္ျဖစ္သူဟာကုန္ေပၚသို႔ျပန္တက္လာခဲ့ၿပီးေနာက္ အေရးေပၚလူနာကားေခၚရမည့္အစား သူငယ္ခ်င္းအိမ္သို႔ျပန္သြားၿပီး ဂစ္တာကိုသာထိုင္တီးေနခဲ့ပါတယ္ ။ကယ္ဆယ္ေရးအဖြဲ႔မ်ားက ကေလးငယ္ႏွစ္ေယာက္ကိုေဆးရံုသို႔အလ်င္အျမန္ေခၚေဆာင္သြားခဲ့ေပမဲ့လည္း ကေလးငယ္မ်ားဟာ ေသဆံုးသြားခဲ့ရပါတယ္ ။

Welborn ဟာ လူသတ္မႈႏွင့္ အရြယ္မေရာက္ေသးေသာကေလးငယ္မ်ားကိုေပါ့ဆ၍အႏၱရာယ္ေရာက္ေစမႈတို႔အတြက္ ျပစ္ဒဏ္ခ်မွတ္ျခင္း ခံခဲ့ရပါတယ္ ။ Welbon ဟာမူးယစ္ေဆးသံုးစြဲခဲ့သည္ကိုေတြ႔႐ွိၿပီးေနာက္ မိခင္ျဖစ္သူမွာလည္း ကေလးငယ္မ်ားကိုဖခင္ျဖစ္သူႏွင့္လြတ္ထားခဲ့ျခင္းတို႔ေၾကာင့္ ခံဝန္ခ်ဳပ္ျဖင့္ 12ႏွစ္ၾကာျပစ္ဒဏ္ခ်မွတ္ျခင္းခံခဲ့ရပါတယ္ ။

Jasmine (Yatanar media)
Source: metro

Unicode

ရေနစ်သွားခဲ့တဲ့ကလေးငယ်တွေကိုရပ်ကြည့်ပြီး လူနာတင်ကားခေါ်ရမယ့်အစား ဂစ်တာတီးနေခဲ့တဲ့ဖခင်

အသက် 32နှစ်အရွယ်ရှိတဲ့ Jonathan Welborn ဆိုတဲ့အမျိုးသားဟာသူ၏ အသက်2နှစ်အရွယ်သမီးလေး Sophia နဲ့ 5လသားအရွယ်သားလေး Zane တို့ပါလာတဲ့ကားကိုနောက်ဆုတ်ရင်းနဲ့ ရေကန်ထဲသို့ နောက်ပြန်ကျကာရေနစ်သွားတဲ့အတွက်ကြောင့် ကလေးတွေသေဆုံးသွားတဲ့အတွက် ထောင်ဒဏ်52နှစ်ချမှတ်ခြင်းခံခဲ့ရပါတယ် ။ဖြစ်စဉ်ကတော့ Welborn နှင့် ကလေးတွေရဲ့မိခင်ဖြစ်သူ Brittany Hairston တို့ဟာ သူငယ်ချင်းအိမ်မှာပျော်ပါးနေခဲ့တာဖြစ်ပြီး အဆိုပါညတွင်မိခင်ဖြစ်သူက မပြန်ချင်သေးသောကြောင့် Welborn က ကလေးငယ်များကိုအရင်ပြန်ပို့ရန်ထွက်သွားခဲ့တာပါ ။

Welborn ၏ပြောဆိုချက်အရ ကားရေကန်ထဲသို့ကျသွားတဲ့အချိန်မှာ သမီးလေးကိုပုတင်းပေါက်အပြင်ဖက်သို့ ပစ်ထုတ်နိုင်ခဲ့ပေမဲ့ သားငယ်လေးကိုတော့ ထိုင်ခုံခါးပတ်ကနေမဖြုတ်ပေးနိုင်ခဲ့တဲ့အတွက် သားငယ်လေးဟာကားနဲ့အတူရေထဲသို့နစ်သွားခဲ့ပါတယ် ။ ထိတ်လန့်အံ့သြစေတဲ့အရာကတော့ ဖခင်ဖြစ်သူဟာကုန်ပေါ်သို့ပြန်တက်လာခဲ့ပြီးနောက် အရေးပေါ်လူနာကားခေါ်ရမည့်အစား သူငယ်ချင်းအိမ်သို့ပြန်သွားပြီး ဂစ်တာကိုသာထိုင်တီးနေခဲ့ပါတယ် ။ကယ်ဆယ်ရေးအဖွဲ့များက ကလေးငယ်နှစ်ယောက်ကိုဆေးရုံသို့အလျင်အမြန်ခေါ်ဆောင်သွားခဲ့ပေမဲ့လည်း ကလေးငယ်များဟာ သေဆုံးသွားခဲ့ရပါတယ် ။

Welborn ဟာ လူသတ်မှုနှင့် အရွယ်မရောက်သေးသောကလေးငယ်များကိုပေါ့ဆ၍အန္တရာယ်ရောက်စေမှုတို့အတွက် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရပါတယ် ။ Welbon ဟာမူးယစ်ဆေးသုံးစွဲခဲ့သည်ကိုတွေ့ရှိပြီးနောက် မိခင်ဖြစ်သူမှာလည်း ကလေးငယ်များကိုဖခင်ဖြစ်သူနှင့်လွတ်ထားခဲ့ခြင်းတို့ကြောင့် ခံဝန်ချုပ်ဖြင့် 12နှစ်ကြာပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပါတယ် ။

Jasmine (Yatanar media)
Source: metro

Be the first to comment on "ေရနစ္သြားခဲ့တဲ့ကေလးငယ္ေတြကိုရပ္ၾကည့္ၿပီး လူနာတင္ကားေခၚရမယ့္အစား ဂစ္တာတီးေနခဲ့တဲ့ဖခင္"

Leave a comment

Your email address will not be published.


*