အိမ္ငွါးခ မေပးႏိုင္လို႔ဆိုၿပီး သက္ႀကီးရြယ္အိုလင္မယားကိုသတ္ပစ္ခဲ့တဲ့ ႏိုင္ငံျခားသားအိမ္ငွါးမ်ား

မေလးရွားနိုင္ငံမွာ အိမ္ငွါးေနၾကတဲ့ သူေတြျဖစ္ၾကတဲ့ အသက္ 19ႏွစ္အရြယ္ႏွင့္ အသက္ 22ႏွစ္အရြယ္ ညီအစ္ကိုႏွစ္ဦးမွာ အဆိုပါအိမ္ပိုင္႐ွင္လင္မယားႏွစ္ဦးကိုသတ္ခဲ့ၾကသည့္ အဓိကသံသယ႐ွိသူအျဖစ္ ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရပါတယ္ ။၎တို႔မွာ အိႏၷိယႏိုင္ငံသားမ်ားျဖစ္ၾကၿပီး သတင္းအရင္းအျမစ္အရ အဆိုပါေကာင္ေလးႏွစ္ဦးမွာ ရံုးတင္မစစ္ေဆးခင္ 7ရက္ခန္႔ဖမ္းဆီးထိန္းသိမ္းျခင္းခံထားရေၾကာင္း သိ႐ွိရပါတယ္ ။August 30ရက္ေန႔ မနက္ခင္း 9:30 အခ်ိန္မွာရံုးတင္စစ္ေဆးခဲ့ေပမဲ့ တရားစြဲဆိုျခင္းရဲ႕ေသခ်ာတဲ့သတင္းအခ်က္အလက္ေတြကိုေတာ့ ထုတ္ျပန္ေၾကညာျခင္း မ႐ွိေသးပါဘူး ။သက္ႀကီးရြယ္အိုလင္မယားႏွစ္ေယာက္ဟာ ျမင္မေကာင္းေလာက္ေအာင္သတ္ျဖတ္ျခင္းခံခဲ့ရၿပီး ကိုယ္ခႏၶာမ်ားကိုဖ်က္ေတာက္ပစ္ၿပီး ခရီးေဆာင္အိတ္ထဲသို႔ထည့္ကာ စြန္႔ပစ္ျခင္းခံခဲ့ရပါတယ္ ။ အဆိုပါခရီးေဆာင္အိတ္မ်ားကို ေျမာင္ေတြထဲမွာစြန္႔ပစ္ထားခဲ့ၿပီး ၊ အဆိုပါ႐ုပ္အေလာင္းမ်ားမွာ 52ႏွစ္အရြယ္ Tan Siew Mee ဆိုသည့္အမ်ိဳးသမီးႏွင့္ သူမ၏ခင္ပြန္းျဖစ္သူ အသက္79ႏွစ္အရြယ္အမ်ိဳးသား ျဖစ္ေၾကာင္းသိ႐ွိရပါတယ္ ။

ဇနီးသည္ျဖစ္သူ Tan ၏ခရီးေဆာင္အိတ္ကို ၿပီးခဲ့တဲ့ တနလာၤေန႔က အရင္ဆံုး႐ွာေတြ႔ခဲ့တာျဖစ္ၿပီး၊ သူမ၏ရင္ဘတ္ႏွင့္ ဝမ္းဗိုက္တို႔မွာ ဓားျဖင့္ထိုးစိုက္ထားသည့္ဒဏ္ရာ 13ခုေတြ႔႐ွိခဲ့ၿပီး ၊သူမ၏လည္ပင္းကိုလည္း ဟက္တက္ခြဲေအာင္ခုတ္ထြင္းထားသည့္ ဒဏ္ရာမ်ားစြာေတြ႔႐ွိခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။ထို႔ေနာက္ ရဲအရာ႐ွိမ်ားက Tan ၏ခင္ပြန္ျဖစ္သူ Lim Ah Kee ကို႐ွာေဖြခဲ့ၾကေပမဲ့ လံုးဝေတြ႔႐ွိခဲ့ျခင္းမ႐ွိပါဘူး ။ ေနာက္ဆံုးမွာေတာ့ ခင္ပြန္ျဖစ္သူ၏ ႐ုပ္အေလာင္းထည့္ထားေသာခရီးေဆာင္အိတ္ကို Alam Megah LRT ဘူတာရံုအနီးေျမာင္းထဲမွာ ၾကာသပေတးေန႔ ညေန 5နာရီအခ်ိန္မွာ ဝမ္းနည္းဖြယ္ရာေတြ႔႐ွိခဲ့ပါေတာ့တယ္ ။ ခင္ပြန္းျဖစ္သူမွာလည္း ဇနီးသည္ကဲ့သို႔ ေၾကာက္မက္ဖြယ္ေကာင္းသည့္ကံတရားႏွင့္ ေတြ႔ၾကံဳခံစားခဲ့ရပါတယ္ ။

ရဲအရာ႐ွိမ်ား၏အဆိုအရ ျပစ္မႈက်ဴ းလြန္သူႏွစ္ဦးမွာ အဆိုပါစံုတြဲ၏ေနအိမ္တြင္ အိမ္ငွါးအျဖစ္ငွါးရမ္းေနထိုင္ၾကသူမ်ားျဖစ္ေၾကာင္းႏွင့္ တရားခံႏွစ္ဦးမွာလည္း အိမ္ငွါးခမေပးႏိုင္ေတာ့သည့္အဆံုး အဆိုပါစံုတြဲကို သတ္ပစ္ရန္ဆံုးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း ဝန္ခံထြက္ဆိုခဲ့ပါတယ္ ။တရာခံႏွစ္ေယာက္မွာလည္း သက္ေသအေထာက္အထားမ်ားေဖ်ာက္ပစ္ႏိုင္ရန္အတြက္ ျပစ္မႈက်ဴ းလြန္ရာတြင္အသံုးျပဳခဲ့သည့္ လက္နက္မ်ားကို အကုန္႐ွင္းလင္းျပစ္ခဲ့ေၾကာင္းလည္း သိ႐ွိရပါတယ္ ။ ရဲအရာ႐ွိမ်ားကလည္း အဆိုပါမႈခင္းႏွင့္သက္ဆိုင္သည့္လက္နက္မ်ားကိုေျခရာခံလိုက္ရင္ ျပစ္မႈႏွင့္သက္ဆိုင္သည့္သက္ေသအေထာက္အထားမ်ားပိုမိုရ႐ွိရန္အတြက္ စံုစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္ေနေၾကာင္းသိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မလေးရှားနိုင်ငံမှာ အိမ်ငှါးနေကြတဲ့ သူတွေဖြစ်ကြတဲ့ အသက် 19နှစ်အရွယ်နှင့် အသက် 22နှစ်အရွယ် ညီအစ်ကိုနှစ်ဦးမှာ အဆိုပါအိမ်ပိုင်ရှင်လင်မယားနှစ်ဦးကိုသတ်ခဲ့ကြသည့် အဓိကသံသယရှိသူအဖြစ် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ် ။၎င်းတို့မှာ အိန္နိယနိုင်ငံသားများဖြစ်ကြပြီး သတင်းအရင်းအမြစ်အရ အဆိုပါကောင်လေးနှစ်ဦးမှာ ရုံးတင်မစစ်ဆေးခင် 7ရက်ခန့်ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရကြောင်း သိရှိရပါတယ် ။August 30ရက်နေ့ မနက်ခင်း 9:30 အချိန်မှာရုံးတင်စစ်ဆေးခဲ့ပေမဲ့ တရားစွဲဆိုခြင်းရဲ့သေချာတဲ့သတင်းအချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး ။သက်ကြီးရွယ်အိုလင်မယားနှစ်ယောက်ဟာ မြင်မကောင်းလောက်အောင်သတ်ဖြတ်ခြင်းခံခဲ့ရပြီး ကိုယ်ခန္ဓာများကိုဖျက်တောက်ပစ်ပြီး ခရီးဆောင်အိတ်ထဲသို့ထည့်ကာ စွန့်ပစ်ခြင်းခံခဲ့ရပါတယ် ။ အဆိုပါခရီးဆောင်အိတ်များကို မြောင်တွေထဲမှာစွန့်ပစ်ထားခဲ့ပြီး ၊ အဆိုပါရုပ်အလောင်းများမှာ 52နှစ်အရွယ် Tan Siew Mee ဆိုသည့်အမျိုးသမီးနှင့် သူမ၏ခင်ပွန်းဖြစ်သူ အသက်79နှစ်အရွယ်အမျိုးသား ဖြစ်ကြောင်းသိရှိရပါတယ် ။

ဇနီးသည်ဖြစ်သူ Tan ၏ခရီးဆောင်အိတ်ကို ပြီးခဲ့တဲ့ တနလာၤနေ့က အရင်ဆုံးရှာတွေ့ခဲ့တာဖြစ်ပြီး၊ သူမ၏ရင်ဘတ်နှင့် ဝမ်းဗိုက်တို့မှာ ဓားဖြင့်ထိုးစိုက်ထားသည့်ဒဏ်ရာ 13ခုတွေ့ရှိခဲ့ပြီး ၊သူမ၏လည်ပင်းကိုလည်း ဟက်တက်ခွဲအောင်ခုတ်ထွင်းထားသည့် ဒဏ်ရာများစွာတွေ့ရှိခဲ့ကြောင်း သိရှိရပါတယ် ။ထို့နောက် ရဲအရာရှိများက Tan ၏ခင်ပွန်ဖြစ်သူ Lim Ah Kee ကိုရှာဖွေခဲ့ကြပေမဲ့ လုံးဝတွေ့ရှိခဲ့ခြင်းမရှိပါဘူး ။ နောက်ဆုံးမှာတော့ ခင်ပွန်ဖြစ်သူ၏ ရုပ်အလောင်းထည့်ထားသောခရီးဆောင်အိတ်ကို Alam Megah LRT ဘူတာရုံအနီးမြောင်းထဲမှာ ကြာသပတေးနေ့ ညနေ 5နာရီအချိန်မှာ ဝမ်းနည်းဖွယ်ရာတွေ့ရှိခဲ့ပါတော့တယ် ။ ခင်ပွန်းဖြစ်သူမှာလည်း ဇနီးသည်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့်ကံတရားနှင့် တွေ့ကြုံခံစားခဲ့ရပါတယ် ။

ရဲအရာရှိများ၏အဆိုအရ ပြစ်မှုကျူ းလွန်သူနှစ်ဦးမှာ အဆိုပါစုံတွဲ၏နေအိမ်တွင် အိမ်ငှါးအဖြစ်ငှါးရမ်းနေထိုင်ကြသူများဖြစ်ကြောင်းနှင့် တရားခံနှစ်ဦးမှာလည်း အိမ်ငှါးခမပေးနိုင်တော့သည့်အဆုံး အဆိုပါစုံတွဲကို သတ်ပစ်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့ပါတယ် ။တရာခံနှစ်ယောက်မှာလည်း သက်သေအထောက်အထားများဖျောက်ပစ်နိုင်ရန်အတွက် ပြစ်မှုကျူ းလွန်ရာတွင်အသုံးပြုခဲ့သည့် လက်နက်များကို အကုန်ရှင်းလင်းပြစ်ခဲ့ကြောင်းလည်း သိရှိရပါတယ် ။ ရဲအရာရှိများကလည်း အဆိုပါမှုခင်းနှင့်သက်ဆိုင်သည့်လက်နက်များကိုခြေရာခံလိုက်ရင် ပြစ်မှုနှင့်သက်ဆိုင်သည့်သက်သေအထောက်အထားများပိုမိုရရှိရန်အတွက် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်းသိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment