ေဆးစစ္ဖို႔သာသြားခဲ့ေပမဲ့ ဆရာဝန္က သြား12ေခ်ာင္းခန္႔ဆြဲႏုတ္ျခင္းကိုခံခဲ့ရတဲ့ ေခြးကေလး

တ႐ုတ္ႏိုင္ငံမွ အမ်ိဳးသမီးတစ္ဦးဟာ သူမ၏ေခြးကေလး Coffee ကိုအျမဲတမ္းပံုမွန္ေဆးစစ္ေပးခဲ့တဲ့ Chengdu Ruipeng တိရစာၦန္ေဆးရံုသို႔ ေခၚေဆာင္သြားခဲ့ၿပီးေနာက္ မထင္မွတ္ပဲသူမ၏ေခြးကေလးကို ဆရာဝန္မွ ရက္စက္ခဲ့တဲ့အျဖစ္အပ်က္ႏွင့္ၾကံဳေတြ႔ခဲ့ရပါတယ္ ။ဆရာဝန္ကေတာ့ ေခြးကေလး၏ပိုင္႐ွင္ကို ေဆြးေနၿပီးႏဲွ ့ေနတဲ့သြားမ်ား႐ွိခဲ့ရင္ ႏႈတ္ပစ္ဖို႔လိုအပ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ထို႔ေၾကာင့္ ေခြးေလးပိုင္႐ွင္မွာ သေဘာတူလတ္မွတ္ေရထိုးေပးခဲ့ၿပီး ၊ ဆရာဝန္မွာေတာ့ သူတို႔ဆြဲထုတ္ေပးခဲ့တဲ့သြား၏ အေခ်ာင္းအေရအတြက္အတိုင္း ေငြေပးေခ်ရမည္ဟုေျပာဆိုခဲ့ပါတယ္ ။ထို႔ေနာက္ ေခြးပိုင္႐ွင္ဟာ သူမ၏ေခြးေလး Coffee ကိုသြားျပန္ေခၚခဲ့ခ်ိန္မွာေတာ့ ေခြးေလး၏အစြယ္ႏွစ္ေခ်ာင္မွလြဲၿပီး က်န္သြားမ်ားအားလံုးနီးပါး ႏႈတ္ပစ္ျခင္းခံခဲ့ရသည္ကို အံ့ၾသထိတ္လန္႔ဖြယ္ေတြ႔႐ွိသြားခဲ့ရပါတယ္ ။ၿပီးေနာက္ ဆရာဝန္ဟာ ေသြးမ်ားစြာေပေနခဲ့သည့္ေခြးေလး၏သြားမ်ားထည့္ထားေသာဘူးေလးကို ေခြးပိုင္႐ွင္အားေပးၿပီး ၊ ေခြးေလး Coffee ၏သြားမ်ားကို တစ္ဒါဇင္နီးပါးႏႈတ္ယူခဲ့ရတဲ့အတြက္ ေငြေပးေခ်ဖို႔ေတာင္ခံခဲ့ပါေတာ့တယ္ ။

ေခြးေလး၏ပိုင္႐ွင္မွာေတာ့ သူမ၏ခြင့္ျပဳခ်က္မရဘဲ ေခြးေလး၏သြားကိုဆြဲႏုတ္ခဲ့တဲ့အတြက္ ‘ ေခြးေလးရဲ႕ သြား 4- 5 ေခ်ာင္းေလာက္ကပဲ ဆိုးဝါးေနတာပါ ၊ က်န္တဲ့သြားေတြက အေကာင္းေတြပဲေလ ၊ အခု Coffee ကအစာ ဘယ္လိုစားရေတာ့မွာလဲ ‘ဆိုၿပီး စိတ္ဆိုေဒါသထြက္ကာ ဆရာဝန္အားေမးျမန္းခဲ့ပါတယ္ ။အဆိုပါတိရစာၦန္ေဆးရံု၏ အႀကီးအကဲတစ္ဦးမွလည္း ေခြးေလးမွာ သြားမ်ား အေခ်ာင္း 40ထက္ပို႐ွိေၾကာင္းေျပာဆိုခဲ့ပါတယ္ ။ Quick check on purina ဆိုသည္ website တစ္ခုတြင္လည္းအရြယ္ေရာက္ၿပီး ေခြးမ်ားဟာ သြားအေခ်ာင္းအရည္အတြက္ စုစုေပါင္း 42ေခ်ာင္း႐ွိေၾကာင္း ေဖာ္ျပထားပါတယ္ ။ေဆးရံုမွ အႀကီးအကဲတစ္ဦး၏အေသးစိတ္႐ွင္းျပခ်က္အရ ေခြးေလး၏သြား 10ထက္ပိုၿပီးႏုတ္လိုက္ျခင္းဟာ ေခြးေလးအတြက္အနည္းငယ္ထိခိုက္မႈျဖစ္ေစၿပီး ေခြးေလးကိုႏူးညံ့ေပ်ာ့ေပ်ာင္းေသာ အစားအစာမ်ားသာေႂကြးႏိုင္ေၾကာင္း ႐ွင္းျပသြားခဲ့ပါတယ္ ။

အခုခ်ိန္မွာေတာ့ ေခြးေလး Coffee ဟာ သူႀကိဳက္ႏွစ္သက္တဲ့အစားအစာမ်ားကို စားေသာက္လို႔မရေတာ့ပါဘူး ။ ေဆးရံုမွလည္း ေခြးေလး၏သြားမ်ားမႏုတ္ခင္ ေခြးပိုင္႐ွင္ကိုႏုတ္မည့္သြားအေရအတြက္ကို ပြင့္ပြင့္လင္းလင္းေဆြးေႏြးခဲ့ျခင္းမ်ိဳးလည္း မ႐ွိေၾကာင္း သတင္းအရင္းအျမစ္အရ သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တရုတ်နိုင်ငံမှ အမျိုးသမီးတစ်ဦးဟာ သူမ၏ခွေးကလေး Coffee ကိုအမြဲတမ်းပုံမှန်ဆေးစစ်ပေးခဲ့တဲ့ Chengdu Ruipeng တိရစ္ဆာန်ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ပြီးနောက် မထင်မှတ်ပဲသူမ၏ခွေးကလေးကို ဆရာဝန်မှ ရက်စက်ခဲ့တဲ့အဖြစ်အပျက်နှင့်ကြုံတွေ့ခဲ့ရပါတယ် ။ဆရာဝန်ကတော့ ခွေးကလေး၏ပိုင်ရှင်ကို ဆွေးနေပြီးနဲှ့နေတဲ့သွားများရှိခဲ့ရင် နှုတ်ပစ်ဖို့လိုအပ်ကြောင်း ပြောဆိုခဲ့ပါတယ် ။ထို့ကြောင့် ခွေးလေးပိုင်ရှင်မှာ သဘောတူလတ်မှတ်ရေထိုးပေးခဲ့ပြီး ၊ ဆရာဝန်မှာတော့ သူတို့ဆွဲထုတ်ပေးခဲ့တဲ့သွား၏ အချောင်းအရေအတွက်အတိုင်း ငွေပေးချေရမည်ဟုပြောဆိုခဲ့ပါတယ် ။ထို့နောက် ခွေးပိုင်ရှင်ဟာ သူမ၏ခွေးလေး Coffee ကိုသွားပြန်ခေါ်ခဲ့ချိန်မှာတော့ ခွေးလေး၏အစွယ်နှစ်ချောင်မှလွဲပြီး ကျန်သွားများအားလုံးနီးပါး နှုတ်ပစ်ခြင်းခံခဲ့ရသည်ကို အံ့သြထိတ်လန့်ဖွယ်တွေ့ရှိသွားခဲ့ရပါတယ် ။ပြီးနောက် ဆရာဝန်ဟာ သွေးများစွာပေနေခဲ့သည့်ခွေးလေး၏သွားများထည့်ထားသောဘူးလေးကို ခွေးပိုင်ရှင်အားပေးပြီး ၊ ခွေးလေး Coffee ၏သွားများကို တစ်ဒါဇင်နီးပါးနှုတ်ယူခဲ့ရတဲ့အတွက် ငွေပေးချေဖို့တောင်ခံခဲ့ပါတော့တယ် ။

ခွေးလေး၏ပိုင်ရှင်မှာတော့ သူမ၏ခွင့်ပြုချက်မရဘဲ ခွေးလေး၏သွားကိုဆွဲနုတ်ခဲ့တဲ့အတွက် ‘ ခွေးလေးရဲ့ သွား 4- 5 ချောင်းလောက်ကပဲ ဆိုးဝါးနေတာပါ ၊ ကျန်တဲ့သွားတွေက အကောင်းတွေပဲလေ ၊ အခု Coffee ကအစာ ဘယ်လိုစားရတော့မှာလဲ ‘ဆိုပြီး စိတ်ဆိုဒေါသထွက်ကာ ဆရာဝန်အားမေးမြန်းခဲ့ပါတယ် ။အဆိုပါတိရစ္ဆာန်ဆေးရုံ၏ အကြီးအကဲတစ်ဦးမှလည်း ခွေးလေးမှာ သွားများ အချောင်း 40ထက်ပိုရှိကြောင်းပြောဆိုခဲ့ပါတယ် ။ Quick check on purina ဆိုသည် website တစ်ခုတွင်လည်းအရွယ်ရောက်ပြီး ခွေးများဟာ သွားအချောင်းအရည်အတွက် စုစုပေါင်း 42ချောင်းရှိကြောင်း ဖော်ပြထားပါတယ် ။ဆေးရုံမှ အကြီးအကဲတစ်ဦး၏အသေးစိတ်ရှင်းပြချက်အရ ခွေးလေး၏သွား 10ထက်ပိုပြီးနုတ်လိုက်ခြင်းဟာ ခွေးလေးအတွက်အနည်းငယ်ထိခိုက်မှုဖြစ်စေပြီး ခွေးလေးကိုနူးညံ့ပျော့ပျောင်းသော အစားအစာများသာကြွေးနိုင်ကြောင်း ရှင်းပြသွားခဲ့ပါတယ် ။

အခုချိန်မှာတော့ ခွေးလေး Coffee ဟာ သူကြိုက်နှစ်သက်တဲ့အစားအစာများကို စားသောက်လို့မရတော့ပါဘူး ။ ဆေးရုံမှလည်း ခွေးလေး၏သွားများမနုတ်ခင် ခွေးပိုင်ရှင်ကိုနုတ်မည့်သွားအရေအတွက်ကို ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ခြင်းမျိုးလည်း မရှိကြောင်း သတင်းအရင်းအမြစ်အရ သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment