ခ်စ္သူကို အသက္ 22ႏွစ္လို႔ထင္ၿပီးခ်စ္ႀကိဳက္မိခဲ့ရာမွေနာက္ဆံုး 12ႏွစ္အရြယ္ကေလးငယ္မွန္းသိခဲ့ရလို႔ ဒုကၡေရာက္ခဲ့ရတဲ့အမ်ိဳးသား

တ႐ုတ္ႏိုင္ငံ ၊ ႐ွန္ဟိုင္းၿမိဳ႕မွာေနထိုင္တဲ့ Lu Wei အမည္႐ွိတဲ့ အသက္ 28ႏွစ္အမ်ိဳးသားဟာ သူႏွင့္ 2018ခုႏွစ္မွာ online game ကစားရင္ေတြ႔ဆံုခဲ့တဲ့ ခ်စ္သူေကာင္မေလးကိုေတြ႔ဖို႔ ေဟာင္ေကာင္သို႔သြားေရာက္ခဲ့ပါတယ္ ။အစပိုင္းမွာေတာ့ ေကာင္မေလးဟာ Lu Wei ကိုသူမအသက္ 22ႏွစ္႐ွိေနၿပီလို႔ေျပာခဲ့တဲ့အတြက္ Lu Wei ကယံုၾကည္ခဲ့ပါတယ္ ။ထို႔ေနာက္ သူမတို႔ဟာ စာမ်ားႏွင့္အခ်င္းခ်င္းဆက္သြယ္ခဲ့ၾကၿပီး သူမတို႔ရဲ႕ဆက္ဆံေရးမွာလည္း သမီးရည္းစားအဆင့္သို႔ေျပာင္းလဲခဲ့ပါေတာ့တယ္ ။ 2018 ၊ ဒီဇင္ဘာလမွာ Lu ဟာခ်စ္သူ႐ွိရာ ေဟာင္ေကာင္သို႔အလည္သြားေရာက္ခဲ့ၿပီး ၊ 22ရက္ေန႔မွာေတာ့ခ်စ္သူႏွင့္အတူ Lu တည္ခိုခဲ့တဲ့ Regal Oriental Hotel မွာ သမီးရည္းစား အဆင့္ထက္ေက်ာ္လြန္ၿပီး အတူေနခဲ့ၾကပါတယ္ ။အေစာပိုင္းမွာေတာ့ ေကာင္မေလးဟာ Lu ကိုသူမအသက္ႏွင့္ ပက္သက္ၿပီးလိမ္ထားခဲ့မိေၾကာင္းႏွင့္ သူမဟာအသက္ 18ႏွစ္ျပည့္တာမၾကာေသးေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း ဒီဇင္ဘာလ 24ရက္ေန႔မွာ သူမ Lu ကိုေလဆိပ္သို႔သြားေရာက္ပို႔ေဆာင္ခဲ့ခ်ိန္မွာေတာ့ သူမရဲ႕အသက္ဟာ 12ႏွစ္သာ႐ွိေသးသည့္အမွန္တရားကို ေျပာျပခဲ့ပါေတာ့တယ္ ။

ၿပီးခဲ့တဲ့ August 27ရက္ေန႔မွာေတာ့ Lu ဟာအသက္ 13ႏွစ္ေအာက္အရြယ္ အသက္မျပည့္ေသးတဲ့ေကာင္မေလးကို တရားမဝင္သားမယားျပဳက်င့္ခဲ့မႈအတြက္ ေထာင္ဒဏ္ 10လခ်မွတ္ခံခဲ့ရပါတယ္ ။ တရားသူႀကီးမွာေတာ့ Lu ၏႐ွင္းျပခ်က္ကိုနားေထာင္ၿပီးေနာက္ Luအမွန္တကယ္ေနာင္တရေနခဲ့တာကို လက္ခံေၾကာင္းႏွင့္ ေကာင္မေလးမွာလည္း သူမအသက္ထက္ အေတာ္ရင့္က်က္ေနပံုရေၾကာင္း ေျပာဆိုသြားခဲ့ပါတယ္ ။ထို႔ေနာက္ဆက္လက္ၿပီး ‘တရာခံဟာ အဆိုပါျပစ္မႈရဲ႕အက်ိဳးဆက္ေတြအတြက္ ထြက္ေျပးတိမ္းေ႐ွာင္လို႔ရခဲ့ေပမဲ့လည္း ၊ ထြက္ေျပးခဲ့ျခင္းမ်ိဳးမ႐ွိပါဘူး ‘ ဟုေျပာဆိုခဲ့ၿပီး ၊ Lu ဟာေကာင္မေလးရဲ႕အသက္အရြယ္ အစစ္အမွန္ကိုမသိခင္အခ်ိန္က အမွန္တကယ္ကိုခ်စ္ႀကိဳက္ခဲ့တာျဖစ္ေၾကာင္း ထပ္ေလာင္းေျပာဆိုသြားခဲ့ပါတယ္ ။

Lu ဟာအိမ္ျပန္ဖို႔အတြက္ ေလယာဥ္လတ္မွတ္ဝယ္ၿပီးခဲ့ၿပီ ျဖစ္ေပမဲ့လည္း ဥပေဒကိုေလးစားလိုက္နာတဲ့ႏိုင္ငံသားတစ္ေယာက္အေနနဲ႔ အိမ္မျပန္ေတာ့ပဲ ေဟာင္ေကာင္မွာေနခဲ့ၿပီး အျပစ္ဒဏ္ခံယူရန္ဆံုးျဖတ္ခဲ့ပါတယ္ ။ Lu ဟာအရင္ခ်ိန္တုန္းကတြဲခဲ့တဲ့ခ်စ္သူမ်ားႏွင့္လည္း ကံမေကာင္းခဲ့ပါဘူး ။ ဘာလို႔လဲဆိုေတာ့ ခ်စ္သူေတြက Lu ကိုလစာနဲ႔လို႔ (သို႔) အလုပ္ခ်ိန္ၾကာျမင့္လြန္းလို႔ ဆိုတဲ့အေၾကာင္းျပခ်က္ေတြနဲ႔ထားခဲ့ၾကလို႔ပါ ။ဒီတစ္ေခါက္မွာလည္း ေကာင္မေလးရဲ႕အသက္အရြယ္ အစစ္အမွန္ကိုမသိ႐ွိခင္ ၊ သူမရဲ႕ ပင္ကိုစ႐ိုက္ကိုႀကိဳက္ႏွစ္သက္လို႔ သူမႏွင့္တည္ျမဲတဲ့relationship တစ္ခုတည္ေဆာက္ခဲ့ခ်င္ခဲ့မိေၾကာင္းလည္း Lu ကေျပာဆိုသြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တရုတ်နိုင်ငံ ၊ ရှန်ဟိုင်းမြို့မှာနေထိုင်တဲ့ Lu Wei အမည်ရှိတဲ့ အသက် 28နှစ်အမျိုးသားဟာ သူနှင့် 2018ခုနှစ်မှာ online game ကစားရင်တွေ့ဆုံခဲ့တဲ့ ချစ်သူကောင်မလေးကိုတွေ့ဖို့ ဟောင်ကောင်သို့သွားရောက်ခဲ့ပါတယ် ။အစပိုင်းမှာတော့ ကောင်မလေးဟာ Lu Wei ကိုသူမအသက် 22နှစ်ရှိနေပြီလို့ပြောခဲ့တဲ့အတွက် Lu Wei ကယုံကြည်ခဲ့ပါတယ် ။ထို့နောက် သူမတို့ဟာ စာများနှင့်အချင်းချင်းဆက်သွယ်ခဲ့ကြပြီး သူမတို့ရဲ့ဆက်ဆံရေးမှာလည်း သမီးရည်းစားအဆင့်သို့ပြောင်းလဲခဲ့ပါတော့တယ် ။ 2018 ၊ ဒီဇင်ဘာလမှာ Lu ဟာချစ်သူရှိရာ ဟောင်ကောင်သို့အလည်သွားရောက်ခဲ့ပြီး ၊ 22ရက်နေ့မှာတော့ချစ်သူနှင့်အတူ Lu တည်ခိုခဲ့တဲ့ Regal Oriental Hotel မှာ သမီးရည်းစား အဆင့်ထက်ကျော်လွန်ပြီး အတူနေခဲ့ကြပါတယ် ။အစောပိုင်းမှာတော့ ကောင်မလေးဟာ Lu ကိုသူမအသက်နှင့် ပက်သက်ပြီးလိမ်ထားခဲ့မိကြောင်းနှင့် သူမဟာအသက် 18နှစ်ပြည့်တာမကြာသေးကြောင်း ပြောဆိုခဲ့ပါတယ် ။ သို့ပေမဲ့လည်း ဒီဇင်ဘာလ 24ရက်နေ့မှာ သူမ Lu ကိုလေဆိပ်သို့သွားရောက်ပို့ဆောင်ခဲ့ချိန်မှာတော့ သူမရဲ့အသက်ဟာ 12နှစ်သာရှိသေးသည့်အမှန်တရားကို ပြောပြခဲ့ပါတော့တယ် ။

ပြီးခဲ့တဲ့ August 27ရက်နေ့မှာတော့ Lu ဟာအသက် 13နှစ်အောက်အရွယ် အသက်မပြည့်သေးတဲ့ကောင်မလေးကို တရားမဝင်သားမယားပြုကျင့်ခဲ့မှုအတွက် ထောင်ဒဏ် 10လချမှတ်ခံခဲ့ရပါတယ် ။ တရားသူကြီးမှာတော့ Lu ၏ရှင်းပြချက်ကိုနားထောင်ပြီးနောက် Luအမှန်တကယ်နောင်တရနေခဲ့တာကို လက်ခံကြောင်းနှင့် ကောင်မလေးမှာလည်း သူမအသက်ထက် အတော်ရင့်ကျက်နေပုံရကြောင်း ပြောဆိုသွားခဲ့ပါတယ် ။ထို့နောက်ဆက်လက်ပြီး ‘တရာခံဟာ အဆိုပါပြစ်မှုရဲ့အကျိုးဆက်တွေအတွက် ထွက်ပြေးတိမ်းရှောင်လို့ရခဲ့ပေမဲ့လည်း ၊ ထွက်ပြေးခဲ့ခြင်းမျိုးမရှိပါဘူး ‘ ဟုပြောဆိုခဲ့ပြီး ၊ Lu ဟာကောင်မလေးရဲ့အသက်အရွယ် အစစ်အမှန်ကိုမသိခင်အချိန်က အမှန်တကယ်ကိုချစ်ကြိုက်ခဲ့တာဖြစ်ကြောင်း ထပ်လောင်းပြောဆိုသွားခဲ့ပါတယ် ။

Lu ဟာအိမ်ပြန်ဖို့အတွက် လေယာဉ်လတ်မှတ်ဝယ်ပြီးခဲ့ပြီ ဖြစ်ပေမဲ့လည်း ဥပဒေကိုလေးစားလိုက်နာတဲ့နိုင်ငံသားတစ်ယောက်အနေနဲ့ အိမ်မပြန်တော့ပဲ ဟောင်ကောင်မှာနေခဲ့ပြီး အပြစ်ဒဏ်ခံယူရန်ဆုံးဖြတ်ခဲ့ပါတယ် ။ Lu ဟာအရင်ချိန်တုန်းကတွဲခဲ့တဲ့ချစ်သူများနှင့်လည်း ကံမကောင်းခဲ့ပါဘူး ။ ဘာလို့လဲဆိုတော့ ချစ်သူတွေက Lu ကိုလစာနဲ့လို့ (သို့) အလုပ်ချိန်ကြာမြင့်လွန်းလို့ ဆိုတဲ့အကြောင်းပြချက်တွေနဲ့ထားခဲ့ကြလို့ပါ ။ဒီတစ်ခေါက်မှာလည်း ကောင်မလေးရဲ့အသက်အရွယ် အစစ်အမှန်ကိုမသိရှိခင် ၊ သူမရဲ့ ပင်ကိုစရိုက်ကိုကြိုက်နှစ်သက်လို့ သူမနှင့်တည်မြဲတဲ့relationship တစ်ခုတည်ဆောက်ခဲ့ချင်ခဲ့မိကြောင်းလည်း Lu ကပြောဆိုသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment