ျမင္ျမင္ခ်င္းမွာခ်စ္ႀကိဳက္မိသြားခဲ့လို႔ 83ႏွစ္အရြယ္အဘိုးအိုႏွင့္ လက္ထပ္ခဲ့တဲ့ 27ႏွစ္အရြယ္အမ်ိဳးသမီး

ျမင္ျမင္ခ်င္းခ်စ္ႀကိဳက္မိခဲ့ၾကၿပီး ေပ်ာ္ရႊင္စြာနဲ႔အဆံုးသတ္ခဲ့တဲ့ တကယ့္ျဖစ္ရပ္မွန္အခ်စ္ဇာတ္လမ္းေလးလို႔ေျပာရမွာပါ ။ လူအမ်ားၾကားမွာ အဆိုပါလက္ထပ္ပြဲဟာအေတာ္ေလးကိုေျပာစရာျဖစ္ေနခဲ့ပါတယ္ ။ ဘာလို႔လည္းဆိုေတာ့ အဆိုပါစံုတြဲဟာ အသက္ 56ႏွစ္ေလာက္ကြာျခားေနခဲ့ၿပီး ၿပီးခဲ့တဲ့ July လ ကမွအသက္ 27ႏွစ္အရြယ္မိန္းကေလး ႏွင့္ အဆိုပါအသက္83ႏွစ္အရြယ္ အဘိုးအိုတို႔ရဲ႕ အခ်စ္ဇာတ္လမ္းကစခဲ့လို႔ပါ ။ျဖစ္စဥ္ကေတာ့ Sudirgo အမည္႐ွိတဲ့အဘိုးအိုဟာ အင္ဒိုနီး႐ွားႏိုင္ငံတြင္ နာမည္ႀကီးေသာနတ္ဆရာတစ္ဦးျဖစ္ၿပီး မ်ားစြာေသာလူမ်ားက အဘိုးအိုဆီသို႔လာေရာက္ၿပီး အကူအညီေတာင္းဆိုေလ့႐ွိပါတယ္ ။တစ္ရက္မွာေတာ့ Nuraeni အမည္႐ွိအဆိုပါအမ်ိဳးသမီး၏မိဘမ်ားက နတ္ဆရာဆီသို႔အကူအညီသြားေတာင္းရင္း သမီးျဖစ္သူကိုလည္းေခၚသြားခဲ့လို႔ ၎တို႔ဆံုေတြ႔ခဲ့ျခင္းျဖစ္ပါတယ္ ။အဆိုပါေနရာတြင္ပဲ မိန္းကေလးဟာ အဘိုးအိုကိုျမင္ျမင္ခ်င္းခ်စ္ႀကိဳက္သြားခဲ့ပါတယ္ ။

သူမဖက္မွ စတင္ၿပီးအဘိုးအိုကို အဆက္အသြယ္ျပဳလုပ္ခဲ့ၿပီး ၊ အဘိုးအို သူမကိုျပန္ႀကိဳက္တဲ့အခ်ိန္ထိ ေနအိမ္သို႔သြားေရာက္လည္ပတ္ခဲ့ပါတယ္ ။အစပိုင္းမွာေတာ့ အဘိုးအိုဟာ လက္ထပ္ျဖစ္မယ္လို႔မထင္ထားခဲ့ေပမဲ့ ေနာက္ပိုင္းအသက္အရြယ္အေတာ္ေလးကြာ႐ွားေနေပမဲ့လည္း အဘိုးအိုဟာလက္ထပ္ဖို႔ ဆံုးျဖတ္ခ်က္ခ်ခဲ့ပါတယ္ ။အဆိုပါစံုတြဲဟာ လက္ထပ္ဖို႔ဆံုးျဖတ္ခဲ့ခ်ိန္မွာေတာ့ မိသားစုဝင္ေတြရဲ႕ခြင့္ျပဳခ်က္ရဖို႔ အစပိုင္းမွာေတာ့ျပသာနာအခ်ိဳ႕ေတြ႔ၾကံဳခဲ့ၾကရပါတယ္ ။အဘိုးအို၏ သားသမီးမ်ားကတားျမစ္ဖို႔ႀကိဳးစားခဲ့ၾကၿပီး Nuraeni ကိုအျခားအမ်ိဳးသားႏွင့္သာလက္ထပ္ရန္ေျပာဆိုခဲ့ၾကေပမဲ့ သူမႏွင့္အဘိုးအိုမွာေတာ့ တစ္ေယာက္ကိုတစ္ေယာက္အေတာ္ေလးခ်စ္ႀကိဳက္ေနခဲ့ၾကပါတယ္ ။သို႔ေပမဲ့လည္း Nuraeni ကအျခားသူႏွင့္လက္မထပ္ႏိုင္ဘဲ Sudirgo ကိုသာလက္ထပ္မည္ျဖစ္ေၾကာင္း အျပင္းအထန္ေတာင္းဆိုခဲ့လို႔ ေနာက္ဆံုးမွာေတာ့ Sudirgo ၏သားသမီးမ်ားက ခြင့္ျပဳေပးခဲ့ရပါတယ္ ။

သူတို႔၏အသက္အရြယ္အလြန္ကြာျခားလြန္းတဲ့ မဂၤလာပြဲေၾကာင့္ ေကာလဟာလမ်ိဳးစံုထြက္ၿပီး လူေျပာစရာျဖစ္ခဲ့ၾကေပမဲ့ အဆိုပါစံုတြဲကေတာ့ လံုးဝကိုဂ႐ုမစိုက္ခဲ့ၾကပါဘူး ။ ၎လက္ထပ္ပြဲဟာ Sudirgo ၏ေလးႀကိမ္ေျမာက္လက္ထပ္ပြဲျဖစ္ခဲ့ေပမဲ့လည္း Nuraeni ဟာ ေငြေၾကးႂကြယ္ဝခ်မ္းသားမႈေၾကာင့္ Sudirgo ကိုလက္ထပ္ခဲ့ျခင္းမိ်ဳးလံုးဝမဟုတ္ေၾကာင္း သိ႐ွိရပါတယ္ ။အဆိုပါစံုတြဲရဲ႕လက္ထပ္ပြဲကိုေတာ့ ရြာသူရြာသားမ်ားႏွင့္ မိသားစုဝင္မ်ား၏ေ႐ွ႕ေမွာက္တြင္ပဲ အသိသက္ေသအေနျဖင့္ထားၿပီး August 18ရက္ေန႔က မဂၤလာပြဲက်င္းပခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မြင်မြင်ချင်းချစ်ကြိုက်မိခဲ့ကြပြီး ပျော်ရွှင်စွာနဲ့အဆုံးသတ်ခဲ့တဲ့ တကယ့်ဖြစ်ရပ်မှန်အချစ်ဇာတ်လမ်းလေးလို့ပြောရမှာပါ ။ လူအများကြားမှာ အဆိုပါလက်ထပ်ပွဲဟာအတော်လေးကိုပြောစရာဖြစ်နေခဲ့ပါတယ် ။ ဘာလို့လည်းဆိုတော့ အဆိုပါစုံတွဲဟာ အသက် 56နှစ်လောက်ကွာခြားနေခဲ့ပြီး ပြီးခဲ့တဲ့ July လ ကမှအသက် 27နှစ်အရွယ်မိန်းကလေး နှင့် အဆိုပါအသက်83နှစ်အရွယ် အဘိုးအိုတို့ရဲ့ အချစ်ဇာတ်လမ်းကစခဲ့လို့ပါ ။ဖြစ်စဉ်ကတော့ Sudirgo အမည်ရှိတဲ့အဘိုးအိုဟာ အင်ဒိုနီးရှားနိုင်ငံတွင် နာမည်ကြီးသောနတ်ဆရာတစ်ဦးဖြစ်ပြီး များစွာသောလူများက အဘိုးအိုဆီသို့လာရောက်ပြီး အကူအညီတောင်းဆိုလေ့ရှိပါတယ် ။တစ်ရက်မှာတော့ Nuraeni အမည်ရှိအဆိုပါအမျိုးသမီး၏မိဘများက နတ်ဆရာဆီသို့အကူအညီသွားတောင်းရင်း သမီးဖြစ်သူကိုလည်းခေါ်သွားခဲ့လို့ ၎င်းတို့ဆုံတွေ့ခဲ့ခြင်းဖြစ်ပါတယ် ။အဆိုပါနေရာတွင်ပဲ မိန်းကလေးဟာ အဘိုးအိုကိုမြင်မြင်ချင်းချစ်ကြိုက်သွားခဲ့ပါတယ် ။

သူမဖက်မှ စတင်ပြီးအဘိုးအိုကို အဆက်အသွယ်ပြုလုပ်ခဲ့ပြီး ၊ အဘိုးအို သူမကိုပြန်ကြိုက်တဲ့အချိန်ထိ နေအိမ်သို့သွားရောက်လည်ပတ်ခဲ့ပါတယ် ။အစပိုင်းမှာတော့ အဘိုးအိုဟာ လက်ထပ်ဖြစ်မယ်လို့မထင်ထားခဲ့ပေမဲ့ နောက်ပိုင်းအသက်အရွယ်အတော်လေးကွာရှားနေပေမဲ့လည်း အဘိုးအိုဟာလက်ထပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ် ။အဆိုပါစုံတွဲဟာ လက်ထပ်ဖို့ဆုံးဖြတ်ခဲ့ချိန်မှာတော့ မိသားစုဝင်တွေရဲ့ခွင့်ပြုချက်ရဖို့ အစပိုင်းမှာတော့ပြသာနာအချို့တွေ့ကြုံခဲ့ကြရပါတယ် ။အဘိုးအို၏ သားသမီးများကတားမြစ်ဖို့ကြိုးစားခဲ့ကြပြီး Nuraeni ကိုအခြားအမျိုးသားနှင့်သာလက်ထပ်ရန်ပြောဆိုခဲ့ကြပေမဲ့ သူမနှင့်အဘိုးအိုမှာတော့ တစ်ယောက်ကိုတစ်ယောက်အတော်လေးချစ်ကြိုက်နေခဲ့ကြပါတယ် ။သို့ပေမဲ့လည်း Nuraeni ကအခြားသူနှင့်လက်မထပ်နိုင်ဘဲ Sudirgo ကိုသာလက်ထပ်မည်ဖြစ်ကြောင်း အပြင်းအထန်တောင်းဆိုခဲ့လို့ နောက်ဆုံးမှာတော့ Sudirgo ၏သားသမီးများက ခွင့်ပြုပေးခဲ့ရပါတယ် ။

သူတို့၏အသက်အရွယ်အလွန်ကွာခြားလွန်းတဲ့ မင်္ဂလာပွဲကြောင့် ကောလဟာလမျိုးစုံထွက်ပြီး လူပြောစရာဖြစ်ခဲ့ကြပေမဲ့ အဆိုပါစုံတွဲကတော့ လုံးဝကိုဂရုမစိုက်ခဲ့ကြပါဘူး ။ ၎င်းလက်ထပ်ပွဲဟာ Sudirgo ၏လေးကြိမ်မြောက်လက်ထပ်ပွဲဖြစ်ခဲ့ပေမဲ့လည်း Nuraeni ဟာ ငွေကြေးကြွယ်ဝချမ်းသားမှုကြောင့် Sudirgo ကိုလက်ထပ်ခဲ့ခြင်းမျိုးလုံးဝမဟုတ်ကြောင်း သိရှိရပါတယ် ။အဆိုပါစုံတွဲရဲ့လက်ထပ်ပွဲကိုတော့ ရွာသူရွာသားများနှင့် မိသားစုဝင်များ၏ရှေ့မှောက်တွင်ပဲ အသိသက်သေအနေဖြင့်ထားပြီး August 18ရက်နေ့က မင်္ဂလာပွဲကျင်းပခဲ့ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment