ဝူဟန္ၿမိဳ႕ကိုသြားမဲ့ သခင္ရဲ႕ passport ကိုကိုက္ျဖဲပစ္ၿပီး သခင့္အသက္ကယ္ခဲ့တဲ့ ေခြးေလး

တိရစာၦန္ေလးေတြဟာဆိုရင္ သဘာဝပတ္ဝန္းက်င္ ၊ ကပ္ဆိုးေတြနဲ႔ ၾကံဳေတြ႔လာရေတာ့မယ္ဆိုရင္ အလိုလိုသိေန ၊ အာရံုရေနတတ္ၾကပါတယ္ ။ ဒီတစ္ေခါက္မွာလည္း ထိုင္ဝမ္မွာေနထိုင္တဲ့ မိန္းကေလးတစ္ေယာက္ဟာ ဝူဟန္ဗိုင္းရပ္စ္ပိုး စၿပီးျဖစ္ခါစအခ်ိန္မွာ ဝူဟန္ၿမိဳ႕ကိုခရီးသြားဖို႔ စီစဥ္ခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း ကံေကာင္းစြာနဲ႔ပဲ သူမရဲ႕ေခြးေလးဟာ passport ကို လံုးဝပ်က္ဆီးသြားေအာင္ ကိုက္ျဖဲပစ္ခဲ့တာေၾကာင့္ သူမရဲ႕ခရီးအစီအစဥ္တစ္ခုလံုးပ်က္သြားခဲ့ရပါေတာ့တယ္ ။ အဆိုပါ ဓာတ္ပံုေတြကို သူမအရင္ခ်ိန္ကတည္က Facebook စာမ်က္ႏွာေပၚမွာ ေဝမ်ွၿပီးသားျဖစ္ေပမဲ့လည္း Passport သာမပ်က္ခဲ့ဘူးဆိုရင္ သူမရဲ႕ယခုအေျခအေနဘယ္လိုျဖစ္ေနမလဲဆိုတာ မေတြးဝံ့ေၾကာင္း ေျပာဆိုၿပီး သူမေခြးေလးရဲ႕ဓာတ္ပံုေတြကို ျပန္လည္ေဝမ်ွခဲ့တာျဖစ္ပါတယ္ ။

သူမရဲ႕ေခြးေလးက passport ဖ်က္ဆီးလိုက္လို႔ သူမရဲ႕ခရီးစဥ္ကို ဖ်က္သိမ္းလိုက္ၿပီးမၾကာခင္မွာပဲ ဝူဟန္ဗိုင္းရပ္စ္အေတာ္ေလးပ်ံႏွံ႔ေနတဲ့သတင္းကို သူမၾကားသိခဲ့ရပါတယ္ ။ ထို႔အျပင္ သူမရဲ႕ Facebook စာမ်က္ႏွာေရးသားထားခဲ့တာကေတာ့ ” ဒီ passport ကို မွတ္မိၾကေသးရဲ႕လား ၊ ျပန္ၾကည့္မယ္ဆိုရင္ ဒီေခြးေလးက ကြၽန္မကိုတကယ္ကာကြယ္ေပးခဲ့တာပဲ ၊ passport လည္း ပ်က္ဆီးသြားေရာ ကြၽန္မနဂိုကတည္းက သြားဖို႔စီစဥ္ထားတဲ့ေနရာမွာ ဗိုင္းရပ္စ္ပိုးေတြစၿပီး ျပန္႔ေနခဲ့ၿပီ ၊ အခုျပန္စဥ္းစားလိုက္ရင္ အေတာ္ေလးရင္ထဲထိမိတယ္ ၊ ကံေကာင္းစြာနဲ႔ ခရီးမသြားျဖစ္ေအာင္ သူတားေပးခဲ့တာပဲ ” ဆိုၿပီး ေရးသားထားခဲ့ပါတယ္ ။

ေခြးေလးက သူ႔ရဲ႕သခင္အသက္ကို ကာကြယ္ေပးခဲ့တဲ့အတြက္ ” Goodest Boi in the World ” ဆိုတဲ့ နာမည္မ်ိဳးနဲ႔ ခ်ီးမႊမ္းျခင္းခံခဲ့ရပါတယ္ ။ ေနာက္ပိုင္း သခင္ျဖစ္သူမွာလည္း ေခြးေလးကိုပိုခ်စ္ၿပီး အရင္ကထက္အျပင္ကို ပိုေခၚလည္မယ္လို႔လည္း ထင္မိပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တိရစ္ဆာန်လေးတွေဟာဆိုရင် သဘာဝပတ်ဝန်းကျင် ၊ ကပ်ဆိုးတွေနဲ့ ကြုံတွေ့လာရတော့မယ်ဆိုရင် အလိုလိုသိနေ ၊ အာရုံရနေတတ်ကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း ထိုင်ဝမ်မှာနေထိုင်တဲ့ မိန်းကလေးတစ်ယောက်ဟာ ဝူဟန်ဗိုင်းရပ်စ်ပိုး စပြီးဖြစ်ခါစအချိန်မှာ ဝူဟန်မြို့ကိုခရီးသွားဖို့ စီစဉ်ခဲ့ပါတယ် ။ သို့ပေမဲ့လည်း ကံကောင်းစွာနဲ့ပဲ သူမရဲ့ခွေးလေးဟာ passport ကို လုံးဝပျက်ဆီးသွားအောင် ကိုက်ဖြဲပစ်ခဲ့တာကြောင့် သူမရဲ့ခရီးအစီအစဉ်တစ်ခုလုံးပျက်သွားခဲ့ရပါတော့တယ် ။ အဆိုပါ ဓာတ်ပုံတွေကို သူမအရင်ချိန်ကတည်က Facebook စာမျက်နှာပေါ်မှာ ဝေမျှပြီးသားဖြစ်ပေမဲ့လည်း Passport သာမပျက်ခဲ့ဘူးဆိုရင် သူမရဲ့ယခုအခြေအနေဘယ်လိုဖြစ်နေမလဲဆိုတာ မတွေးဝံ့ကြောင်း ပြောဆိုပြီး သူမခွေးလေးရဲ့ဓာတ်ပုံတွေကို ပြန်လည်ဝေမျှခဲ့တာဖြစ်ပါတယ် ။

သူမရဲ့ခွေးလေးက passport ဖျက်ဆီးလိုက်လို့ သူမရဲ့ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပြီးမကြာခင်မှာပဲ ဝူဟန်ဗိုင်းရပ်စ်အတော်လေးပျံနှံ့နေတဲ့သတင်းကို သူမကြားသိခဲ့ရပါတယ် ။ ထို့အပြင် သူမရဲ့ Facebook စာမျက်နှာရေးသားထားခဲ့တာကတော့ ” ဒီ passport ကို မှတ်မိကြသေးရဲ့လား ၊ ပြန်ကြည့်မယ်ဆိုရင် ဒီခွေးလေးက ကျွန်မကိုတကယ်ကာကွယ်ပေးခဲ့တာပဲ ၊ passport လည်း ပျက်ဆီးသွားရော ကျွန်မနဂိုကတည်းက သွားဖို့စီစဉ်ထားတဲ့နေရာမှာ ဗိုင်းရပ်စ်ပိုးတွေစပြီး ပြန့်နေခဲ့ပြီ ၊ အခုပြန်စဉ်းစားလိုက်ရင် အတော်လေးရင်ထဲထိမိတယ် ၊ ကံကောင်းစွာနဲ့ ခရီးမသွားဖြစ်အောင် သူတားပေးခဲ့တာပဲ ” ဆိုပြီး ရေးသားထားခဲ့ပါတယ် ။

ခွေးလေးက သူ့ရဲ့သခင်အသက်ကို ကာကွယ်ပေးခဲ့တဲ့အတွက် ” Goodest Boi in the World ” ဆိုတဲ့ နာမည်မျိုးနဲ့ ချီးမွှမ်းခြင်းခံခဲ့ရပါတယ် ။ နောက်ပိုင်း သခင်ဖြစ်သူမှာလည်း ခွေးလေးကိုပိုချစ်ပြီး အရင်ကထက်အပြင်ကို ပိုခေါ်လည်မယ်လို့လည်း ထင်မိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment