ကိုမာျဖစ္ၿပီး 5ႏွစ္အၾကာမွာသတိရလာခဲ့တဲ့ခင္ပြန္းက သစၥာ႐ွိလြန္းလွတဲ့ဇနီးသည္ကို ေျပာခဲ့တဲ့စကားတစ္ခြန္း

ဒီအမ်ိဳးသမီးကေတာ့ ခင္ပြန္းျဖစ္သူ 5ႏွစ္လံုးလံုး ကိုမာျဖစ္ေနတာကို လံုးဝလက္မေလ်ွာ့ပဲနဲ႔ျပဳစုေစာင့္ေ႐ွာက္ခဲ့တဲ့အတြက္ အေတာ္ဆံုးဇနီးဆုကို ခ်ီးျမင့္ရေလာက္ေအာင္ကိုထိုက္တန္လြန္းလွပါတယ္ ။ Li Zhihua အမည္႐ွိတဲ့အမ်ိဳးသားဟာ 2013ခုႏွစ္မွာ အလုပ္ကိုသြားရင္ ယာဥ္မေတာ္တဆျဖစ္၍ဆိုင္ကယ္တိမ္းေမာက္ခဲ့တဲ့အတြက္ သူ၏ဦးေႏွာက္ဟာထိခိုက္ဒဏ္ရာျပင္းျပင္းထန္ထန္ရ႐ွိခဲ့ရပါတယ္ ။ ဆရာဝန္၏ေျပာျပခ်က္အရ Zhihua ေဆးရံုသို႔ေရာက္႐ွိလာခဲ့တဲ့အခ်ိန္ကတည္းက အသက္႐ွင္ရံုမ်ွတစ္ပါး ဘားမွလုပ္ကိုင္ႏိုင္စြမ္းမ႐ွိတဲ့အေျခအေနျဖစ္ေနၿပီး ၊ ဘယ္အရာကိုမွ တုန္႔ျပန္ႏိုင္ျခင္းမ႐ွိေတာ့ပါဘူး ။ထို႔ေၾကာင့္ ဇနီးသည္ျဖစ္သူ Zhang Guihuanကို ဆရာဝန္က ခင္ပြန္းသည္ဟာဘားမွလုပ္ကိုင္ႏိုင္ျခင္းမ႐ွိတဲ့အေျခအေနအတိုင္း အျမဲျဖစ္ေနႏိုင္ၿပီး ျပန္ေကာင္လာဖို႔မျဖစ္ႏိုင္ေၾကာင္း ေျပာျပခဲ့ပါတယ္ ။စိတ္ဓာတ္က်စရာေကာင္းလွတဲ့သတင္ကို ၾကားခဲ့ရေပမဲ့လည္း ဇနီးသည္ဟာ အေကာင္ဘက္ကိုသာေတြးေတာၿပီး ဆရာဝန္၏ေရာဂါစစ္တမ္းမ်ားဟာ မွားယြင္းေနေၾကာင္းသက္ေသျပဖို႔ႀကိဳးစားခဲ့ပါေတာ့တယ္ ။

ဇနီးသည္ျဖစ္သူဟာ ခင္ပြန္း၏အနားမွာ တစ္ရက္ကိုနာရီေပါင္း 20ေက်ာ္ အျမဲျပဳစုေပးခဲ့ၿပီး ရက္ေပါင္း2000 နီးပါးၾကာျမင့္ခဲ့ပါတယ္ ။ခင္ပြန္းျဖစ္သူကိုျပဳစုဖို႔အတြက္ စိတ္အားထက္သန္လြန္းလွတဲ့ဇနီးသည္ဟာ တစ္ရက္ကို3နာရီ (သို႔) 4နာရီခန္႔သာ အိပ္စက္အနားယူခဲ့ျပီး အဲတာတင္မကေသးပါဘူး ခင္ပြန္းျဖစ္သူရဲ႕အေျခအေနပိုမိုတိုးတက္လာေစဖို႔အတြက္ ခင္ပြန္ႀကိဳက္ႏွစ္သက္တဲ့သီခ်င္းေတြကိုဖြင့္ေပးခဲ့ကာ ေမ်ွာ္လင့္ခ်က္အျပည့္နဲ႔စကားေတြအျမဲေျပာေပးခဲ့ပါတယ္ ။အဆိုပါ 5ႏွစ္တာကာလအတြင္း ဇနီးသည္ဟာကိုယ္အေလးခ်ိန္ 10kg ခန္႔က်သြားခဲ့ပါေတာ့တယ္ ။သူမရဲ႕ႀကိဳးစားအားထုတ္မႈေတြေၾကာင့္ 2018ခုႏွစ္မွာ ခင္ပြန္းသည္ဟာ သတိျပန္လည္လာခဲ့ပါတယ္ ။ရင္ထဲအထိဆံုးအရာတစ္ခုကေတာ့ Zhihua ႏိုးထလာခဲ့တဲ့အခ်ိန္မွာ သူ၏ဇနီးျဖစ္သူကို ‘မိန္မ… ငါမင္းကိုခ်စ္တယ္ ‘ ဆိုတဲ့စကားေလးတစ္ခြန္းပါပဲ ။

Zhihua ဟာစကားေကာင္းမြန္စြာမေျပာႏိုင္ေသးေပမဲ့လည္း သူအနီးအနားမွာျဖစ္ေနတဲ့အရာအားလံုးကို သတိႏိုးႏိုးၾကားၾကားျဖင့္ အျမဲ႐ွိေနေၾကာင္းသိ႐ွိရပါတယ္ ။ Zhihua ဟာျပန္နလန္ထူတဲ့အစီအစဥ္ေတြမွာ တက္ႂကြစြာပါဝင္လုပ္ေဆာင္ခဲ့တဲ့အတြက္ တစ္ႏွစ္အၾကာမွာေတာ့ လံုးဝကိုတိုးတက္ေျပာင္းလဲခဲ့ပါတယ္ ။ေဆးရံုက သူနာျပဳေလးေတြကေတာ့ ခင္ပြန္းသည္ကိုၿငိဳျငင္ျခင္းမ႐ွိ စိတ္႐ွည္စြာျပဳစုေစာင့္ေ႐ွာက္ခဲ့တဲ့ဇနီးသည္ကို အေတာ္ေလးခ်ီးက်ဴးခဲ့ၾကပါတယ္ ။ဇနီးျဖစ္သူ Madam Zhang ကိုေမးျမန္းခဲ့စဥ္မွာေတာ့ သူမစိတ္ထဲမွာလက္ေလ်ာ့ပစ္ဖို့တစ္ခါးမွ မေတြးမိေၾကာင္းႏွင့္ သူမခင္ပြန္းအသက္႐ွင္ေနသေရြ႔ေတာ့ သူမအေကာင္းဆံုးအားေပးကူညီေစာင့္ေ႐ွာက္ သြားမွာျဖစ္ေၾကာင္း ထပ္ေလာင္းေျပာဆိုသြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီအမျိုးသမီးကတော့ ခင်ပွန်းဖြစ်သူ 5နှစ်လုံးလုံး ကိုမာဖြစ်နေတာကို လုံးဝလက်မလျှော့ပဲနဲ့ပြုစုစောင့်ရှောက်ခဲ့တဲ့အတွက် အတော်ဆုံးဇနီးဆုကို ချီးမြင့်ရလောက်အောင်ကိုထိုက်တန်လွန်းလှပါတယ် ။ Li Zhihua အမည်ရှိတဲ့အမျိုးသားဟာ 2013ခုနှစ်မှာ အလုပ်ကိုသွားရင် ယာဉ်မတော်တဆဖြစ်၍ဆိုင်ကယ်တိမ်းမောက်ခဲ့တဲ့အတွက် သူ၏ဦးနှောက်ဟာထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ရပါတယ် ။ ဆရာဝန်၏ပြောပြချက်အရ Zhihua ဆေးရုံသို့ရောက်ရှိလာခဲ့တဲ့အချိန်ကတည်းက အသက်ရှင်ရုံမျှတစ်ပါး ဘားမှလုပ်ကိုင်နိုင်စွမ်းမရှိတဲ့အခြေအနေဖြစ်နေပြီး ၊ ဘယ်အရာကိုမှ တုန့်ပြန်နိုင်ခြင်းမရှိတော့ပါဘူး ။ထို့ကြောင့် ဇနီးသည်ဖြစ်သူ Zhang Guihuanကို ဆရာဝန်က ခင်ပွန်းသည်ဟာဘားမှလုပ်ကိုင်နိုင်ခြင်းမရှိတဲ့အခြေအနေအတိုင်း အမြဲဖြစ်နေနိုင်ပြီး ပြန်ကောင်လာဖို့မဖြစ်နိုင်ကြောင်း ပြောပြခဲ့ပါတယ် ။စိတ်ဓာတ်ကျစရာကောင်းလှတဲ့သတင်ကို ကြားခဲ့ရပေမဲ့လည်း ဇနီးသည်ဟာ အကောင်ဘက်ကိုသာတွေးတောပြီး ဆရာဝန်၏ရောဂါစစ်တမ်းများဟာ မှားယွင်းနေကြောင်းသက်သေပြဖို့ကြိုးစားခဲ့ပါတော့တယ် ။

ဇနီးသည်ဖြစ်သူဟာ ခင်ပွန်း၏အနားမှာ တစ်ရက်ကိုနာရီပေါင်း 20ကျော် အမြဲပြုစုပေးခဲ့ပြီး ရက်ပေါင်း2000 နီးပါးကြာမြင့်ခဲ့ပါတယ် ။ခင်ပွန်းဖြစ်သူကိုပြုစုဖို့အတွက် စိတ်အားထက်သန်လွန်းလှတဲ့ဇနီးသည်ဟာ တစ်ရက်ကို3နာရီ (သို့) 4နာရီခန့်သာ အိပ်စက်အနားယူခဲ့ပြီး အဲတာတင်မကသေးပါဘူး ခင်ပွန်းဖြစ်သူရဲ့အခြေအနေပိုမိုတိုးတက်လာစေဖို့အတွက် ခင်ပွန်ကြိုက်နှစ်သက်တဲ့သီချင်းတွေကိုဖွင့်ပေးခဲ့ကာ မျှော်လင့်ချက်အပြည့်နဲ့စကားတွေအမြဲပြောပေးခဲ့ပါတယ် ။အဆိုပါ 5နှစ်တာကာလအတွင်း ဇနီးသည်ဟာကိုယ်အလေးချိန် 10kg ခန့်ကျသွားခဲ့ပါတော့တယ် ။သူမရဲ့ကြိုးစားအားထုတ်မှုတွေကြောင့် 2018ခုနှစ်မှာ ခင်ပွန်းသည်ဟာ သတိပြန်လည်လာခဲ့ပါတယ် ။ရင်ထဲအထိဆုံးအရာတစ်ခုကတော့ Zhihua နိုးထလာခဲ့တဲ့အချိန်မှာ သူ၏ဇနီးဖြစ်သူကို ‘မိန်မ… ငါမင်းကိုချစ်တယ် ‘ ဆိုတဲ့စကားလေးတစ်ခွန်းပါပဲ ။

Zhihua ဟာစကားကောင်းမွန်စွာမပြောနိုင်သေးပေမဲ့လည်း သူအနီးအနားမှာဖြစ်နေတဲ့အရာအားလုံးကို သတိနိုးနိုးကြားကြားဖြင့် အမြဲရှိနေကြောင်းသိရှိရပါတယ် ။ Zhihua ဟာပြန်နလန်ထူတဲ့အစီအစဉ်တွေမှာ တက်ကြွစွာပါဝင်လုပ်ဆောင်ခဲ့တဲ့အတွက် တစ်နှစ်အကြာမှာတော့ လုံးဝကိုတိုးတက်ပြောင်းလဲခဲ့ပါတယ် ။ဆေးရုံက သူနာပြုလေးတွေကတော့ ခင်ပွန်းသည်ကိုငြိုငြင်ခြင်းမရှိ စိတ်ရှည်စွာပြုစုစောင့်ရှောက်ခဲ့တဲ့ဇနီးသည်ကို အတော်လေးချီးကျူးခဲ့ကြပါတယ် ။ဇနီးဖြစ်သူ Madam Zhang ကိုမေးမြန်းခဲ့စဉ်မှာတော့ သူမစိတ်ထဲမှာလက်လျော့ပစ်ဖို့တစ်ခါးမှ မတွေးမိကြောင်းနှင့် သူမခင်ပွန်းအသက်ရှင်နေသရွေ့တော့ သူမအကောင်းဆုံးအားပေးကူညီစောင့်ရှောက် သွားမှာဖြစ်ကြောင်း ထပ်လောင်းပြောဆိုသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment