ဝူဟန္ဗိုင္းရပ္စ္လူနာေတြကိုကုသႏိုင္ဖို႔ အိမ္သာသြားဖို႔ေတာင္အခ်ိန္မေပးႏိုင္ဘဲ လူႀကီးဝတ္ Diaper ေတြဝတ္ေနရတဲ့ေဆးရံုဝန္ထမ္းမ်ာ

ဝူဟန္ဗိုင္းရပ္စ္ပ်ံ့ႏွံလာတာနဲ႔အမ်ွ လူနာေတြရဲ႕အသက္ဟာ ဆရာဝန္ေတြ ၊ ေဆးအကူေတြရဲ႕လက္ထဲမွာလို႔ေျပာရမွာပါပဲ ။ ဒီတစ္ေခါက္မွာလည္း တ႐ုတ္ႏိုင္ငံ ၊ ဝူဟန္ၿမိဳ႕႐ွိ ေဆးရံုမွဝန္ထမ္းမ်ားဟာ ေရာဂါကူးစက္ခံေနရတဲ့လူနာေတြကိုကုသႏိုင္ဖို႔ အခ်ိန္မိနစ္ပိုင္းေလးေတာင္မျဖဳန္တီးႏိုင္ေလာက္ေအာင္ အလုပ္မ်ားေနခဲ့ၾကလို႔ လူႀကီးဝတ္ Diaper ေတြဝတ္ၿပီး အလုပ္ေတြလုပ္ေနရလို႔ပါပဲ ။ ” Zombieland” လို႔ေတာင္ အမည္ေခၚတြင္ျခင္းခံခဲ့ရတဲ့ ဝူဟန္ၿမိဳ႕ဟာ အစိုးရကၿမိဳ႕အဝင္အထြက္ပိတ္ၿပီးေနာက္ပိုင္းမွာေတာ့ ေဒသခံေတြဟာ အဆိုပါဝူဟန္ၿမိဳ႕ေဆးရံုမွာ ေဆးကုသမႈခံယူရဖို႔ အလံုးအရင္းျပည့္ႏွက္ေနခဲ့ပါေတာ့တယ္ ။

Social Media ေတြမွာေဖာ္ျပထားတဲ့အတိုင္း ေဆးရံုရဲ႕ လူသြားလမ္းငယ္ေလးေတြမွာပါ လူနာမ်ားျပည့္ႏွက္ေနခဲ့ၿပီး ၊ ၾကမ္းျပင္ေပၚ႐ွိလူနာမ်ားကိုပါ ေဆးရံုဝန္ထမ္းမ်ားက မအားလပ္ႏိုင္ေအာင္ ကုသမႈေပးေနရလို႔ပါပဲ ။ ထို႔အျပင္ ေဆးရံုဝန္ထမ္းမ်ားက လူႀကီးဝတ္ Diaper ဝတ္ေနရတဲ့အေၾကာင္းက အခ်ိန္မ႐ွိလို႔တင္မဟုတ္ပါဘူး ၊ ၎တို႔ကိုယ္တိုင္ ေရာဂါမကူးစက္ႏိုင္ေအာင္ ကာကြယ္ေပးတဲ့ဝတ္စံုေတြဝတ္ဆင္ထားရတဲ့အတြက္ ဝတ္စံုခြၽတ္လ်ွင္ေရာဂါပိုးကူးစက္ႏိုင္ရေသာေၾကာင့္ ျဖစ္ေၾကာင္းလည္း သိ႐ွိရပါတယ္ ။

ထို႔အျပင္ လူနာေတြကို မရပ္မနားပဲကုသေပးေနရတဲ့ ေဆးဝန္ထမ္းမ်ားကလည္း ေရာဂါကူးစက္မႈခံရႏိုင္တဲ့အေျခအေနမ်ိဳးေရာက္႐ွိေနၾကတဲ့အတြက္ ေၾကာက္ရြံေနၾကလ်က္႐ွိေၾကာင္းသိ႐ွိရပါတယ္ ။ ထို႔အျပင္ လူအမ်ားကေတာ့ ” ဝူဟန္ၿမိဳ႕မွာ႐ွိတဲ့ ဆရာဝန္ေတြ ၊ သူနာျပဳေတြ အကုန္လံုး စိတ္ေရာကိုယ္ပါ အေတာ္ေလးကိုအားစိုက္ထုတ္ေနရပါတယ္ ၊ လူနာေတြက စိုးရိမ္ရတဲ့အေျခအေနမ်ိဳးေရာက္ေနမွန္သိေပမဲ့လည္း ဆရာဝန္ေတြလည္း လူေတြပါပဲ ” ဆိုၿပီး ေလးစား စာနာမႈေတြျပျပီးေျပာဆိုခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဝူဟန်ဗိုင်းရပ်စ်ပျံ့နှံလာတာနဲ့အမျှ လူနာတွေရဲ့အသက်ဟာ ဆရာဝန်တွေ ၊ ဆေးအကူတွေရဲ့လက်ထဲမှာလို့ပြောရမှာပါပဲ ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံ ၊ ဝူဟန်မြို့ရှိ ဆေးရုံမှဝန်ထမ်းများဟာ ရောဂါကူးစက်ခံနေရတဲ့လူနာတွေကိုကုသနိုင်ဖို့ အချိန်မိနစ်ပိုင်းလေးတောင်မဖြုန်တီးနိုင်လောက်အောင် အလုပ်များနေခဲ့ကြလို့ လူကြီးဝတ် Diaper တွေဝတ်ပြီး အလုပ်တွေလုပ်နေရလို့ပါပဲ ။ ” Zombieland” လို့တောင် အမည်ခေါ်တွင်ခြင်းခံခဲ့ရတဲ့ ဝူဟန်မြို့ဟာ အစိုးရကမြို့အဝင်အထွက်ပိတ်ပြီးနောက်ပိုင်းမှာတော့ ဒေသခံတွေဟာ အဆိုပါဝူဟန်မြို့ဆေးရုံမှာ ဆေးကုသမှုခံယူရဖို့ အလုံးအရင်းပြည့်နှက်နေခဲ့ပါတော့တယ် ။

Social Media တွေမှာဖော်ပြထားတဲ့အတိုင်း ဆေးရုံရဲ့ လူသွားလမ်းငယ်လေးတွေမှာပါ လူနာများပြည့်နှက်နေခဲ့ပြီး ၊ ကြမ်းပြင်ပေါ်ရှိလူနာများကိုပါ ဆေးရုံဝန်ထမ်းများက မအားလပ်နိုင်အောင် ကုသမှုပေးနေရလို့ပါပဲ ။ ထို့အပြင် ဆေးရုံဝန်ထမ်းများက လူကြီးဝတ် Diaper ဝတ်နေရတဲ့အကြောင်းက အချိန်မရှိလို့တင်မဟုတ်ပါဘူး ၊ ၎င်းတို့ကိုယ်တိုင် ရောဂါမကူးစက်နိုင်အောင် ကာကွယ်ပေးတဲ့ဝတ်စုံတွေဝတ်ဆင်ထားရတဲ့အတွက် ဝတ်စုံချွတ်လျှင်ရောဂါပိုးကူးစက်နိုင်ရသောကြောင့် ဖြစ်ကြောင်းလည်း သိရှိရပါတယ် ။

ထို့အပြင် လူနာတွေကို မရပ်မနားပဲကုသပေးနေရတဲ့ ဆေးဝန်ထမ်းများကလည်း ရောဂါကူးစက်မှုခံရနိုင်တဲ့အခြေအနေမျိုးရောက်ရှိနေကြတဲ့အတွက် ကြောက်ရွံနေကြလျက်ရှိကြောင်းသိရှိရပါတယ် ။ ထို့အပြင် လူအများကတော့ ” ဝူဟန်မြို့မှာရှိတဲ့ ဆရာဝန်တွေ ၊ သူနာပြုတွေ အကုန်လုံး စိတ်ရောကိုယ်ပါ အတော်လေးကိုအားစိုက်ထုတ်နေရပါတယ် ၊ လူနာတွေက စိုးရိမ်ရတဲ့အခြေအနေမျိုးရောက်နေမှန်သိပေမဲ့လည်း ဆရာဝန်တွေလည်း လူတွေပါပဲ ” ဆိုပြီး လေးစား စာနာမှုတွေပြပြီးပြောဆိုခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment