“တအားဝေနတာကို ၊ ေရခဲမုန္႔ထပ္စားခ်င္ေနေသးတာလား”လို႔ေျပာတဲ့ခ်စ္သူေကာင္ေလးကို ကတ္ေၾကးနဲ႔ထိုးသတ္ခဲ့တဲ့ မိန္းကေလး

ရာသီဥတုတအားပူတဲ့ေန႔ေတြမွာဆိုရင္ အပူဒဏ္ခံႏိုင္ေအာင္ တစ္ခါတစ္ေလေရခဲမုန္႔ (သို႔) အေအးေတြ ေသာက္ခ်င္ၾကမွာပါပဲေလ ။သို႔ေပမဲ့လည္း ေကာင္မေလးတစ္ေယာက္ဟာ သူမ၏ခ်စ္သူေကာင္ေလးကိုေရခဲမုန္႔စားခ်င္တယ္လို႔ေျပာမိရာမွ လူသတ္မႈအထိက်ဴ းလြန္မိခဲ့ပါတယ္ ။ဒီအျဖစ္အပ်က္ကေတာ့ August 14ရက္ေန႔မွာျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး အဆိုပါအသက္ 20အရြယ္စံုတြဲေလးေတြဟာ ေန႔ခင္းဖက္ေစ်းဆိုင္တန္းတစ္ေလ်ွာက္ လမ္းေလ်ွာက္ထြက္ၾကရင္းကေနျဖစ္ပ်က္ခဲ့တာပါ ။အဆိုပါစံုတြဲဟာ တ႐ုတ္ႏိုင္ငံမွျဖစ္ၿပီး ၊ တြဲခုတ္ေနၾကတာ 1လမျပည့္ေသးေၾကာင္းသိ႐ွိရပါတယ္ ။ ရာသီဥတုဟာပူလြန္းတဲ့အတြက္ ေကာင္မေလးက ေရခဲမုန္႔စားခ်င္းေၾကာင္းေျပာခဲ့၍ ခ်စ္သူေကာင္ေလးဟာ” မင္းေတာ္ေတာ္ေလးဝေနတာကို ၊ ေရခဲမုန္႔ထပ္စားခ်င္ေနေသးတာလား “ဆိုၿပီး ေလွာင္ေျပာင္သေရာ္ကာ ေျဖဆိုခဲ့ပါတယ္ ။

ထိုစကားကိုၾကားၿပီးေနာက္မွာေတာ့ ေကာင္မေလးဟာခ်က္ခ်င္းကိုစိတ္ဆိုးေဒါသထြက္ခဲ့ၿပီး ဘားမွမေျပာေတာ့ဘဲ၊ ေစ်းဆိုင္တစ္ဆိုင္ထဲ ဝင္ၿပီးကတ္ေၾကးတစ္စံုဝယ္လိုက္ပါတယ္ ။ဆိုင္ကေနထြက္လာခဲ့ၿပီးေနာက္ ႐ုတ္တရက္ခ်စ္သူေကာင္ေလးကို လမ္းမေပၚမွာပဲ ကတ္ေၾကးျဖင့္ 4ႀကိမ္ထိုးပစ္ခဲ့ပါတယ္ ။ခ်စ္သူေကာင္ေလးဟာ ေသြးအလြန္အမင္းထြက္ၿပီးေျမေပၚသို႔ လဲက်သြားခဲ့ၿပီး ေအာ္ဟစ္အကူအညီေတာင္းခံခဲ့ပါတယ္ ။

ေဆးဘက္ဆိုင္ရာအကူ ႏွင့္ ရဲအရာ႐ွိမ်ားေရာက္႐ွိလာခဲ့ၾကၿပီး ခ်စ္သူေကာင္ေလးကိုကယ္တင္ၿပီး ေဆးရံုသို႔ပို႔ေဆာင္ေပးရန္ႀကိဳးစားခဲ့ၾကေပမဲ့လည္း အေတာ္ေလးေနာက္က်သြားခဲ့ပါတယ္ ။ခ်စ္သူေကာင္ေလးဟာ ေသြးအလြန္အကြၽံထြက္ၿပီး ဒဏ္ရာမွာျပင္ထန္လြန္းတဲ့အတြက္ ထိုးႏွက္ခံရၿပီးမၾကာခင္မွာပဲ ေသဆံုးသြားခဲ့ရပါတယ္ ။ထို႔အျပင္ ေကာင္မေလးဟာဒဏ္ရာအနည္းငယ္ရ႐ွိခဲ့ၿပီး ထြက္ေျပးရန္ႀကိဳးစားခဲ့ေပမဲ့လည္း ဖမ္းဆီးႏိုင္ခဲ့ပါတယ္ ။ ၎ျပစ္မႈကိုေတာ့ ရဲအရာ႐ွိမ်ားကစံုစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္လ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ရာသီဥတုတအားပူတဲ့နေ့တွေမှာဆိုရင် အပူဒဏ်ခံနိုင်အောင် တစ်ခါတစ်လေရေခဲမုန့် (သို့) အအေးတွေ သောက်ချင်ကြမှာပါပဲလေ ။သို့ပေမဲ့လည်း ကောင်မလေးတစ်ယောက်ဟာ သူမ၏ချစ်သူကောင်လေးကိုရေခဲမုန့်စားချင်တယ်လို့ပြောမိရာမှ လူသတ်မှုအထိကျူ းလွန်မိခဲ့ပါတယ် ။ဒီအဖြစ်အပျက်ကတော့ August 14ရက်နေ့မှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး အဆိုပါအသက် 20အရွယ်စုံတွဲလေးတွေဟာ နေ့ခင်းဖက်ဈေးဆိုင်တန်းတစ်လျှောက် လမ်းလျှောက်ထွက်ကြရင်းကနေဖြစ်ပျက်ခဲ့တာပါ ။အဆိုပါစုံတွဲဟာ တရုတ်နိုင်ငံမှဖြစ်ပြီး ၊ တွဲခုတ်နေကြတာ 1လမပြည့်သေးကြောင်းသိရှိရပါတယ် ။ ရာသီဥတုဟာပူလွန်းတဲ့အတွက် ကောင်မလေးက ရေခဲမုန့်စားချင်းကြောင်းပြောခဲ့၍ ချစ်သူကောင်လေးဟာ” မင်းတော်တော်လေးဝနေတာကို ၊ ရေခဲမုန့်ထပ်စားချင်နေသေးတာလား “ဆိုပြီး လှောင်ပြောင်သရော်ကာ ဖြေဆိုခဲ့ပါတယ် ။

ထိုစကားကိုကြားပြီးနောက်မှာတော့ ကောင်မလေးဟာချက်ချင်းကိုစိတ်ဆိုးဒေါသထွက်ခဲ့ပြီး ဘားမှမပြောတော့ဘဲ၊ ဈေးဆိုင်တစ်ဆိုင်ထဲ ဝင်ပြီးကတ်ကြေးတစ်စုံဝယ်လိုက်ပါတယ် ။ဆိုင်ကနေထွက်လာခဲ့ပြီးနောက် ရုတ်တရက်ချစ်သူကောင်လေးကို လမ်းမပေါ်မှာပဲ ကတ်ကြေးဖြင့် 4ကြိမ်ထိုးပစ်ခဲ့ပါတယ် ။ချစ်သူကောင်လေးဟာ သွေးအလွန်အမင်းထွက်ပြီးမြေပေါ်သို့ လဲကျသွားခဲ့ပြီး အော်ဟစ်အကူအညီတောင်းခံခဲ့ပါတယ် ။

ဆေးဘက်ဆိုင်ရာအကူ နှင့် ရဲအရာရှိများရောက်ရှိလာခဲ့ကြပြီး ချစ်သူကောင်လေးကိုကယ်တင်ပြီး ဆေးရုံသို့ပို့ဆောင်ပေးရန်ကြိုးစားခဲ့ကြပေမဲ့လည်း အတော်လေးနောက်ကျသွားခဲ့ပါတယ် ။ချစ်သူကောင်လေးဟာ သွေးအလွန်အကျွံထွက်ပြီး ဒဏ်ရာမှာပြင်ထန်လွန်းတဲ့အတွက် ထိုးနှက်ခံရပြီးမကြာခင်မှာပဲ သေဆုံးသွားခဲ့ရပါတယ် ။ထို့အပြင် ကောင်မလေးဟာဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး ထွက်ပြေးရန်ကြိုးစားခဲ့ပေမဲ့လည်း ဖမ်းဆီးနိုင်ခဲ့ပါတယ် ။ ၎င်းပြစ်မှုကိုတော့ ရဲအရာရှိများကစုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment