ခ်ိန္းႀကိဳးေတြနဲ႔ခ်ည္ေႏွာင္ကာ ေျမေအာက္ခန္းထဲတြင္အစာအငတ္ထားၿပီး ပိတ္ေလွာင္ျခင္းခံခဲ့ရတဲ့ 10ႏွစ္အရြယ္ ကေလးငယ္

႐ွားႏိုင္ငံ ၊ Velikovechnoye ရြာမွာ႐ွိတဲ့ Supermarket တစ္ခုမွာ 10ႏွစ္အရြယ္ေကာင္ေလးဟာ လည္ပင္းတြင္သံႀကိဳးျဖင့္ေသာ့ခတ္ခံထားလ်က္သားျဖင့္ အစားအစာကိုေမႊေႏွာက္ကာ႐ွာစားေနခဲ့ပါတယ္ ။ Tickhon အမည္႐ွိတဲ့အဆိုပါေကာင္ေလးဟာ ဆိုးသြမ္းလို႔ဆိုၿပီးဖခင္ျဖစ္သူက အျပစ္ေပးထားတာျဖစ္ၿပီး ၊သံႀကိဳးမ်ားျဖင့္ေသာ့ခတ္ခံထားရခ်ိန္တြင္အေတာ္ေလးဆာေလာင္ေနခဲ့ၿပီး ၊ ဖခင္ျဖစ္သူကစနစ္တက်ေသာ့ခတ္ရန္ေမ့သြားခဲ့ျခင္းေၾကာင့္ ယခုကဲ့သို႔လြတ္ေျမာက္ခဲ့ျခင္းျဖစ္ေၾကာင္းသိ႐ွိရပါတယ္ ။

စတိုးဆိုင္႐ွိဝန္ထမ္းမ်ားစစ္ေဆးေမးျမန္းခ်ိန္မွာ ဖခင္ျဖစ္သူဟာႏိုင္ငံေရးသမားျဖစ္ၿပီး ၊ သူ၏ဒုတိယဇနီးသည္သားဖြားရန္အတြက္ေဆးရံုသို႔အလ်င္အျမန္သြားေရာက္၍ Tickhon မွာအိမ္တြင္တစ္ေယာက္တည္းက်န္ရစ္ေနခဲ့ျခင္းျဖစ္ပါတယ္ ။ Tickhon ဟာ၎၏ဖခင္ျဖစ္သူကိုျပန္မေျပာရန္ ဆိုင္ဝန္ထမ္းမ်ားအား အႏူးအၫြတ္ေတာင္းပန္ခဲ့ေသာေၾကာင့္ ၊ ဆိုင္ဝန္ထမ္းမ်ားကလည္း ေသခ်ာေပါက္ ဖခင္ျဖစ္သူကိုမတိုင္ၾကားပဲ ရဲဌာနသို႔သာ တိုင္ၾကားခဲ့ပါတယ္ ။ ရဲအရာ႐ွိေတြရဲ႕ေျပာျပခ်က္အရ Tickhon ဟာမၾကာခဏ သံႀကိဳးျဖင့္ခ်ည္ေႏွာင္ကာေသာ့ခတ္ခံထားရၿပီး ၊ ေနအိမ္တြင္း႐ွိေျမေအာက္ခန္း ၊ ကားဂိုေဒါင္ ႏွင့္ ေရတိုင္ကီထဲတြင္ မၾကာခဏပိတ္ေလွာင္ျခင္းခံခဲ့ရေၾကာင္း ထုတ္ေဖာ္ခဲ့ပါတယ္ ။

Tickhon ၏မိခင္မွာေတာ့ ကေလး၏ဖခင္မွာယခုကဲ့သို႔ ျပဳမႈလိုက္မည္ဟုမထင္မိခဲ့ေၾကာင္း ၊ သူမ၏ကေလးႏွင့္အတူျပန္လည္ေနထိုင္ခ်င္ေၾကာင္းကိုလည္းေျပာဆိုခဲ့ပါတယ္ ။ ဖခင္ျဖစ္သူကို၎အျဖစ္အပ်က္အတြက္ စံုစမ္းစစ္ေဆးခဲ့ခ်ိန္မွာေတာ့ ဖခင္ျဖစ္သူဟာ ကေလးငယ္က ကိုယ့္ကိုယ္ကိုျပန္လည္၍ေသာ့ခတ္ျခင္းသာျဖစ္ေၾကာင္း ထြက္ဆိုခဲ့ပါတယ္ ။

Jasmine (Yatanar media)
Source: worldofbuzz

Unicode

ချိန်းကြိုးတွေနဲ့ချည်နှောင်ကာ မြေအောက်ခန်းထဲတွင်အစာအငတ်ထားပြီး ပိတ်လှောင်ခြင်းခံခဲ့ရတဲ့ 10နှစ်အရွယ် ကလေးငယ်

ရုရှားနိုင်ငံ ၊ Velikovechnoye ရွာမှာရှိတဲ့ Supermarket တစ်ခုမှာ 10နှစ်အရွယ်ကောင်လေးဟာ လည်ပင်းတွင်သံကြိုးဖြင့်သော့ခတ်ခံထားလျက်သားဖြင့် အစားအစာကိုမွှေနှောက်ကာရှာစားနေခဲ့ပါတယ် ။ Tickhon အမည်ရှိတဲ့အဆိုပါကောင်လေးဟာ ဆိုးသွမ်းလို့ဆိုပြီးဖခင်ဖြစ်သူက အပြစ်ပေးထားတာဖြစ်ပြီး ၊သံကြိုးများဖြင့်သော့ခတ်ခံထားရချိန်တွင်အတော်လေးဆာလောင်နေခဲ့ပြီး ၊ ဖခင်ဖြစ်သူကစနစ်တကျသော့ခတ်ရန်မေ့သွားခဲ့ခြင်းကြောင့် ယခုကဲ့သို့လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ် ။

စတိုးဆိုင်ရှိဝန်ထမ်းများစစ်ဆေးမေးမြန်းချိန်မှာ ဖခင်ဖြစ်သူဟာနိုင်ငံရေးသမားဖြစ်ပြီး ၊ သူ၏ဒုတိယဇနီးသည်သားဖွားရန်အတွက်ဆေးရုံသို့အလျင်အမြန်သွားရောက်၍ Tickhon မှာအိမ်တွင်တစ်ယောက်တည်းကျန်ရစ်နေခဲ့ခြင်းဖြစ်ပါတယ် ။ Tickhon ဟာ၎င်း၏ဖခင်ဖြစ်သူကိုပြန်မပြောရန် ဆိုင်ဝန်ထမ်းများအား အနူးအညွတ်တောင်းပန်ခဲ့သောကြောင့် ၊ ဆိုင်ဝန်ထမ်းများကလည်း သေချာပေါက် ဖခင်ဖြစ်သူကိုမတိုင်ကြားပဲ ရဲဌာနသို့သာ တိုင်ကြားခဲ့ပါတယ် ။ ရဲအရာရှိတွေရဲ့ပြောပြချက်အရ Tickhon ဟာမကြာခဏ သံကြိုးဖြင့်ချည်နှောင်ကာသော့ခတ်ခံထားရပြီး ၊ နေအိမ်တွင်းရှိမြေအောက်ခန်း ၊ ကားဂိုဒေါင် နှင့် ရေတိုင်ကီထဲတွင် မကြာခဏပိတ်လှောင်ခြင်းခံခဲ့ရကြောင်း ထုတ်ဖော်ခဲ့ပါတယ် ။

Tickhon ၏မိခင်မှာတော့ ကလေး၏ဖခင်မှာယခုကဲ့သို့ ပြုမှုလိုက်မည်ဟုမထင်မိခဲ့ကြောင်း ၊ သူမ၏ကလေးနှင့်အတူပြန်လည်နေထိုင်ချင်ကြောင်းကိုလည်းပြောဆိုခဲ့ပါတယ် ။ ဖခင်ဖြစ်သူကို၎င်းအဖြစ်အပျက်အတွက် စုံစမ်းစစ်ဆေးခဲ့ချိန်မှာတော့ ဖခင်ဖြစ်သူဟာ ကလေးငယ်က ကိုယ့်ကိုယ်ကိုပြန်လည်၍သော့ခတ်ခြင်းသာဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ် ။

Jasmine (Yatanar media)
Source: worldofbuzz

Be the first to comment on "ခ်ိန္းႀကိဳးေတြနဲ႔ခ်ည္ေႏွာင္ကာ ေျမေအာက္ခန္းထဲတြင္အစာအငတ္ထားၿပီး ပိတ္ေလွာင္ျခင္းခံခဲ့ရတဲ့ 10ႏွစ္အရြယ္ ကေလးငယ္"

Leave a comment

Your email address will not be published.


*