ေဆးရံုကုတင္ေပၚက အမ်ိဳးသားကို ျပင္းျပင္းထန္ထန္႐ိုက္ႏွက္ေနခဲ့တဲ့ ေစတနာကယ္ဆယ္ေရးဝန္ထမ္း၏လုပ္ရပ္ကို ေဘးကေနရပ္ၾကည့္ခဲ့တဲ့ ရဲအရာ႐ွိမ်ား (႐ုပ္ /သံ)

ေစတနာ့ကယ္ဆယ္ေရးဝန္ထမ္းတစ္ဦးဟာ ေဆးရံုကုတင္ေပၚ႐ွိ ျပစ္မႈက်ဴ းလြန္ထားသည္ဟုယူဆရေသာတရားခံတစ္ဦးကို အႀကိမ္ႀကိမ္႐ိုက္ႏွက္ခဲ့သည့္ အံ့ၾသထိတ္လန္႔ဖို႔ေကာင္းတဲ့ video ဟာ social media ေပၚမွာအေတာ္ေလး ေရပန္းစားေနခဲ့ပါတယ္ ။ ပိုၿပီးဆိုးဝါးေစခဲ့တဲ့အရာကေတာ့ အဆိုပါေနရာမွာ ရဲအရာ႐ွိမ်ား႐ွိေနခဲ့ၿပီး ဝင္ေရာက္တားဆီးခဲ့ျခင္းမ်ိဳးမ႐ွိဘဲ ရပ္ၾကည့္ေနခဲ့တဲ့အတြက္ ျဖစ္ပါတယ္ ။CCTV မွတ္တမ္းထဲမွာေတာ့ ထိုင္းႏိုင္ငံ Burapha University Hospital မွာ႐ွိတဲ့ ေဆးရံုကုတင္ေပၚ႐ွိတရားခံ၏ ေဘးပတ္ပတ္လည္တြင္ ရဲအရာ႐ွိမ်ားစြာရပ္ေနခဲ့ၾကတာကို လိုက္ကာ မပိတ္ခင္မွာေတြ႔႐ွိရမွာပါ ။ လိုက္ကာေတြ အကုန္မပိတ္ခင္မွာပဲ ေစတနာဝန္ထမ္းတစ္ဦးဟာ တရားခံကို အနည္းဆံုး9ႀကိမ္ခန္႔ ျပင္းျပင္းထန္ထန္႐ိုက္ႏွက္ခဲ့ပါတယ္ ။ ႐ိုက္ႏွက္ေနတဲ့အခ်ိန္မွာလည္း အဆိုပါတရားခံဟာ ေစတနာဝန္ထမ္းအမ်ိဳးသား၏သူငယ္ခ်င္းျဖစ္သူကို ျပင္းျပင္းထန္ထန္ဒဏ္ရာရေစခဲ့တဲ့အတြက္ အျပစ္တင္ေျပာဆိုခဲ့ပါေသးတယ္ ။

အဆိုပါတရာခံဟာ ေစတနာဝန္ထမ္း၏သူငယ္ခ်င္းျဖစ္သူ Kwanchai Changlek အမည္႐ွိအသက္ 57ႏွစ္အရြယ္အမ်ိဳးသားကို ၿပီးခဲ့တဲ့ August 18ရက္ေန႔က ဆိုင္ကယ္ျဖင့္တိုက္ပစ္ခဲ့ေသာေၾကာင့္ ေစတနာဝန္ထမ္း၏သူငယ္ခ်င္းျဖစ္သူမွာ ေျခေထာက္ႏွစ္ဖက္လံုးက်ိဳးသြားခဲ့ၿပီး ဦးေခါင္းမွာလည္းဒဏ္ရာရ႐ွိသြားခဲ့ပါတယ္ ။

အဆိုပါေဆးရံုမွ ဒါ႐ိုက္တာ၏ေျပာျပခ်က္အရ သူနာျပဳေတြဟာ ၎အမ်ိဳးသားကိုမ႐ိုက္ႏွက္ဖို႔ရဲအရာ႐ွိမ်ားကိုတားျမစ္ခဲ့ေပမဲ့လည္း မေအာင္ျမင္ေၾကာင္းေျပာဆိုခဲ့ပါတယ္ ။ထို႔ေနာက္ ” ျဖစ္ရပ္ျဖစ္ပြားေနခ်ိန္မွာ အနီးအနားမွာ သူနာျပဳေလးမ်ားသာ႐ွိေနခဲ့တာပါ ၊ စဥ္းစားၾကည့္ ခင္ဗ်ာသာအဲ့နားမွာရပ္ေနတဲ့ သူနာျပဳမေလးေတြသာျဖစ္ခဲ့ရင္ ရဲအရာ႐ွိေတြကိုတိုးေဝွ့ၿပီး ဝင္သြားမွာလား ၊သူတို႔ကိုေရာ တားရဲမွာလား ၊ ဘယ္လိုလုပ္မွာလဲ ၊ သူတို႔ကိုျပန္လုပ္ရဲမယ္ ထင္ေနလား ” ဆိုၿပီးေဆးရံုဒါ႐ိုက္တာ Suriya ကေျပာျပသြားခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း အဆိုပါျဖစ္ရပ္မွာ ရဲအရာ႐ွိမ်ားက ရပ္ၿပီးေတာ့သာၾကည့္ေနခဲ့တဲ့အတြက္ လူအမ်ားစုကေတာ့ ျပစ္တင္ေဝဖန္ခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

စေတနာ့ကယ်ဆယ်ရေးဝန်ထမ်းတစ်ဦးဟာ ဆေးရုံကုတင်ပေါ်ရှိ ပြစ်မှုကျူ းလွန်ထားသည်ဟုယူဆရသောတရားခံတစ်ဦးကို အကြိမ်ကြိမ်ရိုက်နှက်ခဲ့သည့် အံ့သြထိတ်လန့်ဖို့ကောင်းတဲ့ video ဟာ social media ပေါ်မှာအတော်လေး ရေပန်းစားနေခဲ့ပါတယ် ။ ပိုပြီးဆိုးဝါးစေခဲ့တဲ့အရာကတော့ အဆိုပါနေရာမှာ ရဲအရာရှိများရှိနေခဲ့ပြီး ဝင်ရောက်တားဆီးခဲ့ခြင်းမျိုးမရှိဘဲ ရပ်ကြည့်နေခဲ့တဲ့အတွက် ဖြစ်ပါတယ် ။CCTV မှတ်တမ်းထဲမှာတော့ ထိုင်းနိုင်ငံ Burapha University Hospital မှာရှိတဲ့ ဆေးရုံကုတင်ပေါ်ရှိတရားခံ၏ ဘေးပတ်ပတ်လည်တွင် ရဲအရာရှိများစွာရပ်နေခဲ့ကြတာကို လိုက်ကာ မပိတ်ခင်မှာတွေ့ရှိရမှာပါ ။ လိုက်ကာတွေ အကုန်မပိတ်ခင်မှာပဲ စေတနာဝန်ထမ်းတစ်ဦးဟာ တရားခံကို အနည်းဆုံး9ကြိမ်ခန့် ပြင်းပြင်းထန်ထန်ရိုက်နှက်ခဲ့ပါတယ် ။ ရိုက်နှက်နေတဲ့အချိန်မှာလည်း အဆိုပါတရားခံဟာ စေတနာဝန်ထမ်းအမျိုးသား၏သူငယ်ချင်းဖြစ်သူကို ပြင်းပြင်းထန်ထန်ဒဏ်ရာရစေခဲ့တဲ့အတွက် အပြစ်တင်ပြောဆိုခဲ့ပါသေးတယ် ။

အဆိုပါတရာခံဟာ စေတနာဝန်ထမ်း၏သူငယ်ချင်းဖြစ်သူ Kwanchai Changlek အမည်ရှိအသက် 57နှစ်အရွယ်အမျိုးသားကို ပြီးခဲ့တဲ့ August 18ရက်နေ့က ဆိုင်ကယ်ဖြင့်တိုက်ပစ်ခဲ့သောကြောင့် စေတနာဝန်ထမ်း၏သူငယ်ချင်းဖြစ်သူမှာ ခြေထောက်နှစ်ဖက်လုံးကျိုးသွားခဲ့ပြီး ဦးခေါင်းမှာလည်းဒဏ်ရာရရှိသွားခဲ့ပါတယ် ။

အဆိုပါဆေးရုံမှ ဒါရိုက်တာ၏ပြောပြချက်အရ သူနာပြုတွေဟာ ၎င်းအမျိုးသားကိုမရိုက်နှက်ဖို့ရဲအရာရှိများကိုတားမြစ်ခဲ့ပေမဲ့လည်း မအောင်မြင်ကြောင်းပြောဆိုခဲ့ပါတယ် ။ထို့နောက် ” ဖြစ်ရပ်ဖြစ်ပွားနေချိန်မှာ အနီးအနားမှာ သူနာပြုလေးများသာရှိနေခဲ့တာပါ ၊ စဉ်းစားကြည့် ခင်ဗျာသာအဲ့နားမှာရပ်နေတဲ့ သူနာပြုမလေးတွေသာဖြစ်ခဲ့ရင် ရဲအရာရှိတွေကိုတိုးဝှေ့ပြီး ဝင်သွားမှာလား ၊သူတို့ကိုရော တားရဲမှာလား ၊ ဘယ်လိုလုပ်မှာလဲ ၊ သူတို့ကိုပြန်လုပ်ရဲမယ် ထင်နေလား ” ဆိုပြီးဆေးရုံဒါရိုက်တာ Suriya ကပြောပြသွားခဲ့ပါတယ် ။ သို့ပေမဲ့လည်း အဆိုပါဖြစ်ရပ်မှာ ရဲအရာရှိများက ရပ်ပြီးတော့သာကြည့်နေခဲ့တဲ့အတွက် လူအများစုကတော့ ပြစ်တင်ဝေဖန်ခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment