ဖခင္ျဖစ္သူ အျမဲလိုခ်င္ေနတဲ့ပစၥည္းေလးကိုဝယ္ေပးၿပီး ဝမ္းသာမ်က္ရည္က်ေစခဲ့တဲ့ သားသမီးေတြ ႐ုပ္/သံ

ေမ်ွာ္လင့္ခ်က္ေတြကုန္ဆံုးသြားတာမ႐ွိဘူးဆိုတာကို ဒီရဲ႕မိသားစုက သက္ေသျပလိုက္တာပါပဲ ။ မၾကာေသးခင္က Twitter အသံုးျပဳသူ MadreNana ဟာ လြန္ခဲ့တဲ့ 2ႏွစ္ကတည္းကဖခင္ျဖစ္သူအျမဲလိုခ်င္ေနခဲ့တဲ့ဖိနပ္ကို သူမ၏မိခင္ႏွင့္ေမာင္ႏွမမ်ားကဝယ္ေပးခဲ့ၿပီး Surprise လုပ္ေပးခဲ့တဲ့ၾကည္ႏူးဖို႔ေကာင္းလြန္းတဲ့ video ေလးကို သူမ၏twitter ေပၚမွာေဝမ်ွေပးခဲ့ပါတယ္ ။ “အေမ အပါအဝင္ ကြၽန္မတို႔ေမာင္ႏွမေတြအကုန္လံုး လြန္ခဲ့တဲ့2ႏွစ္ကတည္းကအေဖမ်က္စိက်ေနၿပီးလိုခ်င္ေနေပမဲ့မဝယ္ခဲ့တဲ့ ပစၥည္းေလးကို လက္ေဆာင္အျဖစ္ဝယ္ေပးၿပီး အေဖ့ကိုSurprise လုပ္ေပးဖို႔ဆံုးျဖတ္ခဲ့တယ္ ” ဆိုၿပီေရးသားထားခဲ့ပါတယ္ ။

Video ထဲမွာေတာ့ မိသားစုဝင္အကုန္လံုးဟာ Ontisuka Tiger ဖိနပ္ဆိုင္သို႔ေရာက္႐ွိေနခဲ့ၾကၿပီး ဖခင္ျဖစ္သူမွာေတာ့ စင္ေပၚမွဖိနပ္ေလးေတြကို ယူၾကည့္ေနခဲ့ပါတယ္ ။သူမ၏အစ္မဟာ ဖခင္႐ွိရာသို႔သြားေရာက္ခဲ့ၿပီး ဖခင္အျမဲလိုခ်င္ေနခဲ့တဲ့ဖိနပ္ပါတဲ့ အထုပ္ေလးကိုေပးခဲ့ပါတယ္ ။အစ္မျဖစ္သူက အေဖ့အတြက္ေမြးေန႔လက္ေဆာင္လို႔ေျပာၿပီးေနာက္ ဖခင္ျဖစ္သူဘူးေလးကိုခ်က္ခ်င္းဖြင့္ၾကည့္ခဲ့ပါတယ္ ။

ဘူးထဲမွ ဖိနပ္ေလးကိုေတြ႔လိုက္ေတာ့ ဖခင္ျဖစ္သူဟာဝမ္းသာလြန္းလို႔ ခ်က္ခ်င္းငိုမိသြားခဲ့ၿပီး သားသမီးမ်ားကလည္းဖခင္အနီးတြင္႐ွိေနၿပီးေပြ႔ဖက္ေပးခဲ့ၾကပါတယ္ ။အဆိုပါ Video ေလးဟာ ၾကည့္႐ႈသူအေတာ္မ်ားျပားခဲ့ၿပီး လူအမ်ားစုကေတာ့ အဆိုပါvideo ေလးဟာသူတို႔ကိုငိုယိုေစခဲ့တယ္ဆိုၿပီး အမ်ိဳးမ်ိဳးမွတ္ခ်က္ေပးခဲ့ၾကပါတယ္ ။တကယ့္ကို ရင္ထဲကိုေႏြးေထြးေစခဲ့တဲ့ မိသားစုေလးျဖစ္ေသာေၾကာင့္ ၊ ဖခင္ျဖစ္သူ၏ေမြးေန႔ကိုလည္း လူအမ်ားကဆုေတာင္းေမတာၱပို႔ေပးခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မျှော်လင့်ချက်တွေကုန်ဆုံးသွားတာမရှိဘူးဆိုတာကို ဒီရဲ့မိသားစုက သက်သေပြလိုက်တာပါပဲ ။ မကြာသေးခင်က Twitter အသုံးပြုသူ MadreNana ဟာ လွန်ခဲ့တဲ့ 2နှစ်ကတည်းကဖခင်ဖြစ်သူအမြဲလိုချင်နေခဲ့တဲ့ဖိနပ်ကို သူမ၏မိခင်နှင့်မောင်နှမများကဝယ်ပေးခဲ့ပြီး Surprise လုပ်ပေးခဲ့တဲ့ကြည်နူးဖို့ကောင်းလွန်းတဲ့ video လေးကို သူမ၏twitter ပေါ်မှာဝေမျှပေးခဲ့ပါတယ် ။ “အမေ အပါအဝင် ကျွန်မတို့မောင်နှမတွေအကုန်လုံး လွန်ခဲ့တဲ့2နှစ်ကတည်းကအဖေမျက်စိကျနေပြီးလိုချင်နေပေမဲ့မဝယ်ခဲ့တဲ့ ပစ္စည်းလေးကို လက်ဆောင်အဖြစ်ဝယ်ပေးပြီး အဖေ့ကိုSurprise လုပ်ပေးဖို့ဆုံးဖြတ်ခဲ့တယ် ” ဆိုပြီရေးသားထားခဲ့ပါတယ် ။

Video ထဲမှာတော့ မိသားစုဝင်အကုန်လုံးဟာ Ontisuka Tiger ဖိနပ်ဆိုင်သို့ရောက်ရှိနေခဲ့ကြပြီး ဖခင်ဖြစ်သူမှာတော့ စင်ပေါ်မှဖိနပ်လေးတွေကို ယူကြည့်နေခဲ့ပါတယ် ။သူမ၏အစ်မဟာ ဖခင်ရှိရာသို့သွားရောက်ခဲ့ပြီး ဖခင်အမြဲလိုချင်နေခဲ့တဲ့ဖိနပ်ပါတဲ့ အထုပ်လေးကိုပေးခဲ့ပါတယ် ။အစ်မဖြစ်သူက အဖေ့အတွက်မွေးနေ့လက်ဆောင်လို့ပြောပြီးနောက် ဖခင်ဖြစ်သူဘူးလေးကိုချက်ချင်းဖွင့်ကြည့်ခဲ့ပါတယ် ။

ဘူးထဲမှ ဖိနပ်လေးကိုတွေ့လိုက်တော့ ဖခင်ဖြစ်သူဟာဝမ်းသာလွန်းလို့ ချက်ချင်းငိုမိသွားခဲ့ပြီး သားသမီးများကလည်းဖခင်အနီးတွင်ရှိနေပြီးပွေ့ဖက်ပေးခဲ့ကြပါတယ် ။အဆိုပါ Video လေးဟာ ကြည့်ရှုသူအတော်များပြားခဲ့ပြီး လူအများစုကတော့ အဆိုပါvideo လေးဟာသူတို့ကိုငိုယိုစေခဲ့တယ်ဆိုပြီး အမျိုးမျိုးမှတ်ချက်ပေးခဲ့ကြပါတယ် ။တကယ့်ကို ရင်ထဲကိုနွေးထွေးစေခဲ့တဲ့ မိသားစုလေးဖြစ်သောကြောင့် ၊ ဖခင်ဖြစ်သူ၏မွေးနေ့ကိုလည်း လူအများကဆုတောင်းမေတ္တာပို့ပေးခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment