တိုက္ေပၚကေနခုန္ခ်ၿပီး ကိုယ့္ကိုအဆံုးစီရင္ခဲ့သူ ႏွင့္ လူအမ်ားရဲ႕စာနာသနားမႈကိုရခဲ့တဲ့ ကားပိုင္႐ွင္ရဲ႕အျဖစ္(႐ုပ္သံ)

စိတ္က်ေရာဂါခံစားရၿပီး ၊ ဒုကၡတြင္းထဲနစ္ေနၾကသူအမ်ားစုဟာ မၾကာခဏကိုယ့္ကိုအဆံုးစီရင္ေနၾကတာကို ၾကားဖူး၊ ျမင္ဖူးၾကမွာပါ ။ သို႔ေပမဲ့ သူတို႔ရဲ႕အျဖစ္ကို စာနာသနားေပးတဲ့လူေတြဟာ သိပ္မ႐ွိၾကပါဘူး ။ ဒီတစ္ေခါက္မွာလည္း မေလး႐ွားႏိုင္ငံ ၊ Tawau ၿမိဳ႕မွာေနထိုင္တဲ့ အမ်ိဳးသားတစ္ေယာက္ဟာ shopping centre တစ္ခုရဲ႕ 5လႊာကေန ခုန္ခ်ၿပီးကိုယ့္ကိုအဆံုးစီရင္သြားခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း ကားေပၚတည့္တည့္ျပဳတ္က်သြားခဲ့တဲ့အတြက္ အသက္မေသဆံုးသြားဘဲ ေျခေထာက္ႏွင့္ပုခံုတို႔တြင္ က်ိဳးအက္ဒဏ္ရာရ႐ွိသြားခဲ့ပါတယ္ ။ အဆိုပါအမ်ိဳးသားဟာ အလုပ္လက္မဲ့တစ္ေယာက္ျဖစ္ၿပီး ကေလး3ေယာက္ႏွင့္မုဆိုးဖိုတစ္ေယာက္ျဖစ္ကာ ေငြေရးေၾကးေရးအခက္အခဲေၾကာင့္ ယခုလိုကိုယ့္ကိုအဆံုးစီရင္ဖို႔ႀကိဳးစားခဲ့တာျဖစ္ေၾကာင္းသိ႐ွိရပါတယ္ ။

အဆိုပါ အျဖစ္အပ်က္ video ကို Twitter စာမ်က္ႏွာေပၚမွာေဖာ္ျပၿပီးေနာက္ လူအမ်ားက အဆိုပါအမ်ိဳးသားကိုသနားစာနာရမဲ့အစား ကားပိုင္႐ွင္ကိုသာ သနားစာနာမိေၾကာင္းမ်ိဳးစံု မွတ္ခ်က္ေရးသားခဲ့ၾကပါတယ္ ။ ဘယ္လိုပဲျဖစ္ျဖစ္ အကူအညီမဲ့ေနတဲ့လူတိုင္းကို စာနာသနားမႈျပသင့္ေပမဲ့လည္း အဆံုးစီရင္ဖို႔ႀကိဳးစားခဲ့တဲ့အမ်ိဳးသားကိုသာ အျပစ္တင္ေဝဖန္ခဲ့ၾကၿပီး ကားပိုင္႐ွင္တစ္ေယာက္တည္ကိုသာ စာနာသနားမႈကိုျပသခဲ့ၾကပါတယ္ ။

အမွန္တကယ္ေတာ့လူေတြရဲ႕ စိတ္ပိုင္းဆိုင္ရာအေျခအေနဟာ မိသားစုဝင္ေငြ ၊ အေျခခံလိုအပ္ခ်က္ ေတြကိုမျဖည့္စီႏိုင္တဲ့ေနာက္မွာေတာ့ စိတ္က်န္းမာေရးယိုယြင္းလာခဲ့ၾကတာပါ ။ ဒါေၾကာင့္မို႔ ဒုကၡေရာက္ၿပီးကူကယ္ရာမဲ့ေနတဲ့လူေတြကို ေငြေရးေၾကးေရးမကူညီႏိုင္ရင္ေတာင္မွ ၊ စာနာနားလည္တဲ့ အျပဳအမႈ အေျပာအဆိုေတြနဲ႔ ေဖးမကူညီေပးသင့္ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

စိတ်ကျရောဂါခံစားရပြီး ၊ ဒုက္ခတွင်းထဲနစ်နေကြသူအများစုဟာ မကြာခဏကိုယ့်ကိုအဆုံးစီရင်နေကြတာကို ကြားဖူး၊ မြင်ဖူးကြမှာပါ ။ သို့ပေမဲ့ သူတို့ရဲ့အဖြစ်ကို စာနာသနားပေးတဲ့လူတွေဟာ သိပ်မရှိကြပါဘူး ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံ ၊ Tawau မြို့မှာနေထိုင်တဲ့ အမျိုးသားတစ်ယောက်ဟာ shopping centre တစ်ခုရဲ့ 5လွှာကနေ ခုန်ချပြီးကိုယ့်ကိုအဆုံးစီရင်သွားခဲ့ပါတယ် ။ သို့ပေမဲ့လည်း ကားပေါ်တည့်တည့်ပြုတ်ကျသွားခဲ့တဲ့အတွက် အသက်မသေဆုံးသွားဘဲ ခြေထောက်နှင့်ပုခုံတို့တွင် ကျိုးအက်ဒဏ်ရာရရှိသွားခဲ့ပါတယ် ။ အဆိုပါအမျိုးသားဟာ အလုပ်လက်မဲ့တစ်ယောက်ဖြစ်ပြီး ကလေး3ယောက်နှင့်မုဆိုးဖိုတစ်ယောက်ဖြစ်ကာ ငွေရေးကြေးရေးအခက်အခဲကြောင့် ယခုလိုကိုယ့်ကိုအဆုံးစီရင်ဖို့ကြိုးစားခဲ့တာဖြစ်ကြောင်းသိရှိရပါတယ် ။

အဆိုပါ အဖြစ်အပျက် video ကို Twitter စာမျက်နှာပေါ်မှာဖော်ပြပြီးနောက် လူအများက အဆိုပါအမျိုးသားကိုသနားစာနာရမဲ့အစား ကားပိုင်ရှင်ကိုသာ သနားစာနာမိကြောင်းမျိုးစုံ မှတ်ချက်ရေးသားခဲ့ကြပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် အကူအညီမဲ့နေတဲ့လူတိုင်းကို စာနာသနားမှုပြသင့်ပေမဲ့လည်း အဆုံးစီရင်ဖို့ကြိုးစားခဲ့တဲ့အမျိုးသားကိုသာ အပြစ်တင်ဝေဖန်ခဲ့ကြပြီး ကားပိုင်ရှင်တစ်ယောက်တည်ကိုသာ စာနာသနားမှုကိုပြသခဲ့ကြပါတယ် ။

အမှန်တကယ်တော့လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေဟာ မိသားစုဝင်ငွေ ၊ အခြေခံလိုအပ်ချက် တွေကိုမဖြည့်စီနိုင်တဲ့နောက်မှာတော့ စိတ်ကျန်းမာရေးယိုယွင်းလာခဲ့ကြတာပါ ။ ဒါကြောင့်မို့ ဒုက္ခရောက်ပြီးကူကယ်ရာမဲ့နေတဲ့လူတွေကို ငွေရေးကြေးရေးမကူညီနိုင်ရင်တောင်မှ ၊ စာနာနားလည်တဲ့ အပြုအမှု အပြောအဆိုတွေနဲ့ ဖေးမကူညီပေးသင့်ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment