ခ်စ္သူေကာင္မေလးေတြကို မခံစားေစခ်င္လို႔ဆိုၿပီး ခ်စ္သူႏွစ္ေယာက္နဲ႔တစ္ၿပိဳင္တည္းလက္ထပ္ခဲ့တဲ့ အမ်ိဳးသား (႐ုပ္/သံ)

တစ္ခ်ိဳ႕လူေတြမ်ားကေတာ့ ရည္းစားမ႐ွိလို႔ single ဘဝကေနမကြၽတ္မလြတ္ႏိုင္ျဖစ္ေပမဲ့ ၊ ဒီအမ်ိဳးသားကေတာ့ ပံုမွန္လူေတြထက္ ပိုလြန္သြားခဲ့ပါတယ္ ။ အင္ဒိုနီး႐ွားႏိုင္ငံ West Kalimantanျပည္နယ္မွာေနထိုင္လ်က္႐ွိတဲ့ အမ်ိဳးသားတစ္ဦးဟာ သူ၏ခ်စ္သူေကာင္မေလးႏွစ္ေယာက္လံုး နာက်င္ခံစားသြားရမွာဆိုး၍ ခ်စ္သူေကာင္မေလးႏွစ္ေယာက္လံုးႏွင့္ မၾကာခင္ကမွလက္ထပ္မဂၤလာပြဲကိုတစ္ၿပိဳင္တည္းက်င္းပသြားခဲ့ပါတယ္ ။မဂၤလာပြဲကိုေတာ့ West Kalimantan ျပည္နယ္က Dusan Pangkalan Padan တြင္က်င္းပျပဳလုပ္ခဲ့တာျဖစ္ၿပီး သတို႔သမီးႏွစ္ေယာက္လံုးကို Rp 10,000 (ျမန္မာေငြ 1000 က်ပ္ဝန္းက်င္)ျဖင့္သာတင္ေတာင္းခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။

အဆိုပါလက္ထပ္မဂၤလာပြဲသို႔ မိသားစုဝင္အကုန္လံုးတက္ေရာက္ခဲ့ၾကၿပီး သတို႔သား ၊ သတို႔သမီးမ်ားေပ်ာ္ရႊင္ေစရန္အတြက္ ဆုေတာင္းေကာင္းခ်ီးေပးခဲ့ၾကေၾကာင္း သိ႐ွိရပါတယ္ ။သတို႔သားကေတာ့ ‘ သူတို႔ေတြ နာက်င္ခံစားရမွာကို မျမင္ရက္လို႔ ႏွစ္ေယာက္လံုးနဲ႔တစ္ၿပိဳင္တည္း လက္ထပ္ဖို႔ဆံုးျဖတ္လိုက္တာပါ ‘ဟူ၍ ေျပာျပသြားခဲ့ပါတယ္ ။

၎တို႔၏မဂၤလာပြဲ video ဟာအခုခ်ိန္မွာေတာ့အေတာ္ေလးကိုေရပန္းစားေနခဲ့ၿပီး လူအမ်ား၏တံု႔ျပန္ခ်က္အမ်ိဳးမ်ိဳးကိုလည္း ရ႐ွိခဲ့ပါတယ္ ။အဆိုပါ video ထဲမွာေတာ့ သတို႔သားဟာ သတို႔သမီးႏွစ္ဦးလံုး၏ၾကားထဲတြင္ ထိုင္ေနခဲ့ပါတယ္ ။မဂၤလာပြဲမွာေတာ့ ၎တို႔၏ဦးေခါင္းကို အျပာေရာင္ပိတ္စျဖင့္လႊမ္းျခံဳးထားခဲ့ၿပီး သတို႔သမီးေတြဟာလည္း video ထဲမွာျပံဳးေပ်ာ္ေနၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တစ်ချို့လူတွေများကတော့ ရည်းစားမရှိလို့ single ဘဝကနေမကျွတ်မလွတ်နိုင်ဖြစ်ပေမဲ့ ၊ ဒီအမျိုးသားကတော့ ပုံမှန်လူတွေထက် ပိုလွန်သွားခဲ့ပါတယ် ။ အင်ဒိုနီးရှားနိုင်ငံ West Kalimantanပြည်နယ်မှာနေထိုင်လျက်ရှိတဲ့ အမျိုးသားတစ်ဦးဟာ သူ၏ချစ်သူကောင်မလေးနှစ်ယောက်လုံး နာကျင်ခံစားသွားရမှာဆိုး၍ ချစ်သူကောင်မလေးနှစ်ယောက်လုံးနှင့် မကြာခင်ကမှလက်ထပ်မင်္ဂလာပွဲကိုတစ်ပြိုင်တည်းကျင်းပသွားခဲ့ပါတယ် ။မင်္ဂလာပွဲကိုတော့ West Kalimantan ပြည်နယ်က Dusan Pangkalan Padan တွင်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး သတို့သမီးနှစ်ယောက်လုံးကို Rp 10,000 (မြန်မာငွေ 1000 ကျပ်ဝန်းကျင်)ဖြင့်သာတင်တောင်းခဲ့ကြောင်း သိရှိရပါတယ် ။

အဆိုပါလက်ထပ်မင်္ဂလာပွဲသို့ မိသားစုဝင်အကုန်လုံးတက်ရောက်ခဲ့ကြပြီး သတို့သား ၊ သတို့သမီးများပျော်ရွှင်စေရန်အတွက် ဆုတောင်းကောင်းချီးပေးခဲ့ကြကြောင်း သိရှိရပါတယ် ။သတို့သားကတော့ ‘ သူတို့တွေ နာကျင်ခံစားရမှာကို မမြင်ရက်လို့ နှစ်ယောက်လုံးနဲ့တစ်ပြိုင်တည်း လက်ထပ်ဖို့ဆုံးဖြတ်လိုက်တာပါ ‘ဟူ၍ ပြောပြသွားခဲ့ပါတယ် ။

၎င်းတို့၏မင်္ဂလာပွဲ video ဟာအခုချိန်မှာတော့အတော်လေးကိုရေပန်းစားနေခဲ့ပြီး လူအများ၏တုံ့ပြန်ချက်အမျိုးမျိုးကိုလည်း ရရှိခဲ့ပါတယ် ။အဆိုပါ video ထဲမှာတော့ သတို့သားဟာ သတို့သမီးနှစ်ဦးလုံး၏ကြားထဲတွင် ထိုင်နေခဲ့ပါတယ် ။မင်္ဂလာပွဲမှာတော့ ၎င်းတို့၏ဦးခေါင်းကို အပြာရောင်ပိတ်စဖြင့်လွှမ်းခြုံးထားခဲ့ပြီး သတို့သမီးတွေဟာလည်း video ထဲမှာပြုံးပျော်နေကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment