သူစိမ္းရဲ႕ကားၾကံဳ ကိုလိုက္စီးမိလို႔ လုယက္ခံလိုက္ရၿပီး သခ်ႋဳင္းမွာစြန္႔ပစ္ခံခဲ့ရတဲ့ အဘြားအို

ဒီအျဖစ္အပ်က္ကေတာ့ မေလး႐ွားႏိုင္ငံ ၊ Rawang ၿမိဳ႕မွာ႐ွိတဲ့အစိုးရေဆးခန္း ေ႐ွ႕မွာ Julyလ 22ရက္ေန႔ ၊ မနက္ 10:45 မိနစ္မွာ ျဖစ္ပ်က္ခဲ့တာပါ ။ အသက္ 66ႏွစ္အရြယ္ အဘြားအိုဟာ အဆိုပါေဆးခန္းမွာ ေဆးကုသမႈခံယူၿပီးေနာက္ ၊ အမ်ိဳးသားတစ္ဦးနဲ႔ အမ်ိဳးသမီးတစ္ဦးတို႔ဟာ သူမကိုအိမ္အထိကားၾကံဳ လိုက္ပို႔ေပးမည္ဟု ကမ္းလွမ္းခဲ့ပါတယ္ ။

အဘြားအိုဟာအဆိုပါစံုတြဲႏွင့္အတူ ကားၾကံဳလိုက္စီးဖို႔သေဘာတူၿပီးေနာက္မွာေတာ့ သူမကိုကားပါကင္နားေခၚေဆာင္သြားခဲ့ပါတယ္ ။ ရဲအရာ႐ွိေတြရဲ႕ေျပာဆိုခ်က္အရ အဆိုပါကားေပၚတြင္အျခားအမ်ိဳးသားႏွစ္ေယာက္႐ွိနင့္ေနၿပီး ၊ အဘြားအိုကားေပၚသို႔ေရာက္႐ွိသည္ႏွင့္ အဝါေရာင္တိတ္ေခြျဖင့္ မ်က္စိကိုပိတ္ကာ၊ လက္ကိုလည္းခ်ည္ေႏွာင္ထားခဲ့ၾကပါတယ္ ။

ထို႔ေနာက္အဘြားအိုထံမွ ပစၥည္းမ်ားလုယက္ခဲ့ၿပီး ေရႊလက္စြပ္ႏွစ္ကြင္း ၊ နားကပ္၊ ေဆးဝါးမ်ားႏွင္ ေငြသား RM110 (ျမန္မာေငြ 4ေသာင္းက်ပ္ဝန္းက်င္) တို႔ပါသြားခဲ့ကာ ၊ စုစုေပါင္းတန္ဖိုးမွာ RM3,000 (ျမန္မာေငြ 11သိန္းဝန္းက်င္) ျဖစ္ပါတယ္။ အဘြားအိုဟာ Rawang ၿမိဳ႕ရဲ႕သခ်ႋဳင္းအနားမွာစြန္႔ပစ္ခံခဲ့ရၿပီး ကံေကာင္းေထာက္မစြာျဖင့္အဆိုပါသခ်ႋဳင္းသို႔ေရာက္႐ွိေနၾကတဲ့သူေတြက ကယ္တင္ေပးခဲ့ၾကပါတယ္ ။ လက္႐ွိမွာေတာ့ ရဲအရာ႐ွိမ်ားဟာ သံသယ႐ွိသူမ်ားကို လက္လံ႐ွာေဖြဖမ္းဆီးလ်က္႐ွိပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီအဖြစ်အပျက်ကတော့ မလေးရှားနိုင်ငံ ၊ Rawang မြို့မှာရှိတဲ့အစိုးရဆေးခန်း ရှေ့မှာ Julyလ 22ရက်နေ့ ၊ မနက် 10:45 မိနစ်မှာ ဖြစ်ပျက်ခဲ့တာပါ ။ အသက် 66နှစ်အရွယ် အဘွားအိုဟာ အဆိုပါဆေးခန်းမှာ ဆေးကုသမှုခံယူပြီးနောက် ၊ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ဟာ သူမကိုအိမ်အထိကားကြုံ လိုက်ပို့ပေးမည်ဟု ကမ်းလှမ်းခဲ့ပါတယ် ။

အဘွားအိုဟာအဆိုပါစုံတွဲနှင့်အတူ ကားကြုံလိုက်စီးဖို့သဘောတူပြီးနောက်မှာတော့ သူမကိုကားပါကင်နားခေါ်ဆောင်သွားခဲ့ပါတယ် ။ ရဲအရာရှိတွေရဲ့ပြောဆိုချက်အရ အဆိုပါကားပေါ်တွင်အခြားအမျိုးသားနှစ်ယောက်ရှိနင့်နေပြီး ၊ အဘွားအိုကားပေါ်သို့ရောက်ရှိသည်နှင့် အဝါရောင်တိတ်ခွေဖြင့် မျက်စိကိုပိတ်ကာ၊ လက်ကိုလည်းချည်နှောင်ထားခဲ့ကြပါတယ် ။

ထို့နောက်အဘွားအိုထံမှ ပစ္စည်းများလုယက်ခဲ့ပြီး ရွှေလက်စွပ်နှစ်ကွင်း ၊ နားကပ်၊ ဆေးဝါးများနှင် ငွေသား RM110 (မြန်မာငွေ 4သောင်းကျပ်ဝန်းကျင်) တို့ပါသွားခဲ့ကာ ၊ စုစုပေါင်းတန်ဖိုးမှာ RM3,000 (မြန်မာငွေ 11သိန်းဝန်းကျင်) ဖြစ်ပါတယ်။ အဘွားအိုဟာ Rawang မြို့ရဲ့သင်္ချိုင်းအနားမှာစွန့်ပစ်ခံခဲ့ရပြီး ကံကောင်းထောက်မစွာဖြင့်အဆိုပါသင်္ချိုင်းသို့ရောက်ရှိနေကြတဲ့သူတွေက ကယ်တင်ပေးခဲ့ကြပါတယ် ။ လက်ရှိမှာတော့ ရဲအရာရှိများဟာ သံသယရှိသူများကို လက်လံရှာဖွေဖမ်းဆီးလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment