ခ်စ္သူကလမ္းမခြဲေအာင္ ကိုယ္ဝန္႐ွိသလိုဟန္ေဆာင္ၿပီး ေျမးအရင္းကိုခိုးယူခဲ့တဲ့ 55ႏွစ္အရြယ္ အမ်ိဳးသမီး

တ႐ုတ္ႏိုင္ငံမွ 55ႏွစ္အရြယ္အမ်ိဳးသမီးဟာ သူမ၏ခ်စ္သူႏွင့္ လမ္းမခြဲရေအာင္ဆိုၿပီး ကိုယ္ဝန္႐ွိသလိုဟန္ေဆာင္ခဲ့ၿပီး သူမ၏ေျမးအရင္ကိုခိုးယူခဲ့မႈျဖစ္ပြားခဲ့ပါတယ္ ။ Zeng အမည္႐ွိတဲ့အဆိုပါအမ်ိဳးသမီးဟာ အရင္ကေတာ့ အိမ္ေထာင္က်ခဲ့ဖူးသူတစ္ဦးပါ ။ သို႔ေပမဲ့လည္း သူမ၏ခ်စ္သူဟာ သူနဲ႔ကေလးရခဲ့ရင္ သူမႏွင့္အတူတူေနေပးမယ္ဆိုၿပီး ကတိေပးထားခဲ့ပါတယ္ ။ အဲ့ကတည္းကစၿပီး သူမဟာကိုယ္ဝန္ရရန္အတြက္ အျမဲေမ်ွာ္လင့္ေနခဲ့ပါတယ္ ။ သူမဟာကိုယ္ဝန္ရရန္ ကာလၾကာ႐ွည္စြာေစာင့္ေမ်ွာ္ခဲ့ရၿပီး တစ္ရက္မွာေတာ့သူမဟာ ခ်စ္သူႏွင့္ရတဲ့ကိုယ္ဝန္႐ွိလာခဲ့ပါတယ္ ။သို႔ေပမဲ့လည္း သူမဟာအသက္အရြယ္ႀကီးရင့္ေနၿပီး မေတာ္တဆျပဳတ္က်ခဲ့တဲ့အတြက္ ကိုယ္ဝန္ပ်က္ၾကသြားခဲ့ရပါတယ္ ။သူမခ်စ္သူဟာ သူမအေပၚစိတ္ေျပာင္းလဲသြားမွာဆိုးခဲ့တဲ့အတြက္ အမွန္တရားကိုမေျပာျပရဲခဲ့ပါဘူး ။၎အစား သူမဟာ အက်ႌထဲေခါင္းအံုးေတြ အဝတ္ေတြထည့္ၿပီး ကိုယ္ဝန္႐ွိေနသလို႐ိုက္ထားတဲ့ဓာတ္ပံုမ်ားကို ခ်စ္သူဆီသို႔ အျမဲပို႔ေပးခဲ့ပါတယ္ ။

သူမဟာကိုယ္ဝန္႐ွိေနသလို ဟန္ေဆာင္ေနခဲ့ၿပီး ကေလးေမြးဖြားမည့္အခ်ိန္ထိအစီအစဥ္ေတြ အကုန္လံုးေရးဆြဲထားခဲ့ပါတယ္ ။ကေလးေမြးဖြားမည့္ေန႔ နီးကပ္လာတဲ့အခ်ိန္မွာေတာ့ သူမ၏ေျမးအရင္းကိုခိုးယူခဲ့ၿပီး သူမ၏ကေလးလိုဟန္ေဆာင္ေစခဲ့ပါတယ္ ။ သူမ၏ခင္ပြန္းေဟာင္းျဖစ္သူ ေျပာၾကားခ်က္အရ မိသားစုေတြအကုန္လံုးဟာ ေျမးငယ္ေလးကဲ့ full moon party ေလးကိုေရာက္႐ွိေနခဲ့ၾကၿပီး ၊ ႐ုတ္တရက္ Zeng ဟာေျမးေလးကိုခ်ီၿပီး ေပ်ာက္ကြယ္သြားခဲ့ပါတယ္ ။ဖုန္းျဖင့္ဆက္သြယ္ခဲ့ေပမဲ့လည္း Zeng ဟာဖုန္းမကိုင္ခဲ့တဲ့အတြက္ ခင္ပြန္းေဟာင္းက Zeng ဟာေျမးငယ္ေလးကို ခိုးယူသြားေၾကာင္း သံသယျဖစ္ၿပီး ရဲဌာနသို႔တိုင္ၾကားခဲ့ျခင္းျဖစ္ပါတယ္ ။

3ရက္ၾကာၿပီးေနာက္မွာေတာ့ တိုက္ခန္းတစ္ခုမွာ Zeng ဟာ ကေလးငယ္ႏွင့္အတူ႐ွိေနတာကို ရဲအရာ႐ွိမ်ားက ေတြ႔႐ွိသြားခဲ့ပါတယ္ ။ သူမ၏ခ်စ္သူအတြက္ ယခုကဲ့သို႔ျပစ္မႈက်ဴ းလြန္ခဲ့ျခင္းျဖစ္ေၾကာင္း ဝန္ခံခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း ရဲအရာ႐ွိမ်ားကို သူမကိုဖမ္းဆီးခဲ့ၿပီး စံုစမ္းစစ္ေဆးမႈမ်ားဆက္လက္ျပဳလုပ္မည္ျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တရုတ်နိုင်ငံမှ 55နှစ်အရွယ်အမျိုးသမီးဟာ သူမ၏ချစ်သူနှင့် လမ်းမခွဲရအောင်ဆိုပြီး ကိုယ်ဝန်ရှိသလိုဟန်ဆောင်ခဲ့ပြီး သူမ၏မြေးအရင်ကိုခိုးယူခဲ့မှုဖြစ်ပွားခဲ့ပါတယ် ။ Zeng အမည်ရှိတဲ့အဆိုပါအမျိုးသမီးဟာ အရင်ကတော့ အိမ်ထောင်ကျခဲ့ဖူးသူတစ်ဦးပါ ။ သို့ပေမဲ့လည်း သူမ၏ချစ်သူဟာ သူနဲ့ကလေးရခဲ့ရင် သူမနှင့်အတူတူနေပေးမယ်ဆိုပြီး ကတိပေးထားခဲ့ပါတယ် ။ အဲ့ကတည်းကစပြီး သူမဟာကိုယ်ဝန်ရရန်အတွက် အမြဲမျှော်လင့်နေခဲ့ပါတယ် ။ သူမဟာကိုယ်ဝန်ရရန် ကာလကြာရှည်စွာစောင့်မျှော်ခဲ့ရပြီး တစ်ရက်မှာတော့သူမဟာ ချစ်သူနှင့်ရတဲ့ကိုယ်ဝန်ရှိလာခဲ့ပါတယ် ။သို့ပေမဲ့လည်း သူမဟာအသက်အရွယ်ကြီးရင့်နေပြီး မတော်တဆပြုတ်ကျခဲ့တဲ့အတွက် ကိုယ်ဝန်ပျက်ကြသွားခဲ့ရပါတယ် ။သူမချစ်သူဟာ သူမအပေါ်စိတ်ပြောင်းလဲသွားမှာဆိုးခဲ့တဲ့အတွက် အမှန်တရားကိုမပြောပြရဲခဲ့ပါဘူး ။၎င်းအစား သူမဟာ အင်္ကျီထဲခေါင်းအုံးတွေ အဝတ်တွေထည့်ပြီး ကိုယ်ဝန်ရှိနေသလိုရိုက်ထားတဲ့ဓာတ်ပုံများကို ချစ်သူဆီသို့ အမြဲပို့ပေးခဲ့ပါတယ် ။

သူမဟာကိုယ်ဝန်ရှိနေသလို ဟန်ဆောင်နေခဲ့ပြီး ကလေးမွေးဖွားမည့်အချိန်ထိအစီအစဉ်တွေ အကုန်လုံးရေးဆွဲထားခဲ့ပါတယ် ။ကလေးမွေးဖွားမည့်နေ့ နီးကပ်လာတဲ့အချိန်မှာတော့ သူမ၏မြေးအရင်းကိုခိုးယူခဲ့ပြီး သူမ၏ကလေးလိုဟန်ဆောင်စေခဲ့ပါတယ် ။ သူမ၏ခင်ပွန်းဟောင်းဖြစ်သူ ပြောကြားချက်အရ မိသားစုတွေအကုန်လုံးဟာ မြေးငယ်လေးကဲ့ full moon party လေးကိုရောက်ရှိနေခဲ့ကြပြီး ၊ ရုတ်တရက် Zeng ဟာမြေးလေးကိုချီပြီး ပျောက်ကွယ်သွားခဲ့ပါတယ် ။ဖုန်းဖြင့်ဆက်သွယ်ခဲ့ပေမဲ့လည်း Zeng ဟာဖုန်းမကိုင်ခဲ့တဲ့အတွက် ခင်ပွန်းဟောင်းက Zeng ဟာမြေးငယ်လေးကို ခိုးယူသွားကြောင်း သံသယဖြစ်ပြီး ရဲဌာနသို့တိုင်ကြားခဲ့ခြင်းဖြစ်ပါတယ် ။

3ရက်ကြာပြီးနောက်မှာတော့ တိုက်ခန်းတစ်ခုမှာ Zeng ဟာ ကလေးငယ်နှင့်အတူရှိနေတာကို ရဲအရာရှိများက တွေ့ရှိသွားခဲ့ပါတယ် ။ သူမ၏ချစ်သူအတွက် ယခုကဲ့သို့ပြစ်မှုကျူ းလွန်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ် ။ သို့ပေမဲ့လည်း ရဲအရာရှိများကို သူမကိုဖမ်းဆီးခဲ့ပြီး စုံစမ်းစစ်ဆေးမှုများဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment