ဝူဟန္ဗိုင္းရပ္စ္ပိုးကူးစက္ခံထားရတဲ့ ကိုယ္ဝန္ေဆာင္မိခင္ထံမွ ကေလးငယ္ကိုေအာင္ျမင္စြာေမြးဖြားေပးႏိုင္ခဲ့တဲ့အျဖစ္(႐ုပ္သံ)

တ႐ုတ္ႏိုင္ငံ ၊ ဝူဟန္ၿမိဳ႕မွာေနထိုင္တဲ့ ဝူဟန္ဗိုင္းရပ္စ္ပိုးကူးစက္ခံထားရတဲ့ ကိုယ္ဝန္ေဆာင္မိခင္ထံမွ ကေလးငယ္ကို ဆရာဝန္မ်ားကေအာင္ျမင္စြာေမြးဖြားေပးႏိုင္ခဲ့ပါတယ္ ။ Xiaoyan အမည္႐ွိတဲ့ အသက္ 27 ႏွစ္အရြယ္ ကိုယ္ဝန္ေဆာင္မိခင္ဟာ ဒီလအေစာပိုင္းကတည္းက ဝူဟန္ေရာဂါပိုးကူးစက္ခံထားရတယ္လို႔ သံသယ႐ွိခံထားရတဲ့သူပါ ။ သူမရဲ႕ ကိုယ္ဝန္ 37 ပတ္မွာေတာ့ သူမရဲ႕က်န္းမာေရးဟာ သိသိသာသာယိုယြင္းလာခဲ့ေသာေၾကာင့္ ဆရာဝန္မ်ားကသူမရဲ႕ကေလးငယ္ကို ခက္ခက္ခဲခဲေမြးဖြားေပးခဲ့ရပါတယ္ ။ ထို႔အျပင္ သူမဟာ ကိုယ္ဝန္႐ွိေနခဲ့တဲ့အတြက္ ကုသမႈေကာင္းေကာင္းမြန္မြန္မျပဳလုပ္ႏိုင္ခဲ့ပါဘူး ။

Xiaoyan ဟာ အေတာ္ေလးကိုကိုယ္အပူခ်ိန္ျမင့္ေနၿပီး ၊ မရပ္မနား ေခ်ာင္းဆိုးေနခဲ့တဲ့အတြက္ ခြဲစိတ္ဆရာဝန္မ်ားမွာလည္း ခြဲစိတ္မႈျပဳလုပ္ေနတုန္း ေရာဂါပိုးကူးစက္ခံရႏိုင္တဲ့အႏၱရာယ္မ်ိဳးနဲ႔ ရင္ဆိုင္ေနခဲ့ရပါတယ္ ။ ထို႔ေၾကာင့္ ဆရာဝန္မ်ားက ေရာဂါကာကြယ္ေပးတဲ့ဝတ္စံုႏွစ္စံုခန္႔ထပ္ၿပီး ဝတ္ဆင္ခဲ့ရကာ ၊ တစ္နာရီခန္႔ၾကာသည္အထိ ခြဲစိတ္မႈက်န္႔ၾကာခဲ့ရေၾကာင္း သိ႐ွိရပါတယ္ ။ ထို႔အျပင္ ဆရာဝန္က မ်က္လံုးဖံုးထားရတဲ့ မ်က္မွန္မ်ားတပ္ထားခဲ့ရတဲ့အတြက္ အသက္႐ႈေငြ႔႐ိုက္ၿပီး မည္သည့္အရာမွေကာင္းမြန္စြာ မျမင္ႏိုင္ခဲ့ရေၾကာင္း ဆရာဝန္က ေျပာဆိုခဲ့ပါတယ္ ။

ထို႔ေနာက္ 3.1 kg ကိုယ္အေလးခ်ိန္႐ွိတဲ့ ကေလးငယ္ကို ေမြးဖြားႏိုင္ၿပီးေနာက္ ၊ ေရာဂါကူးစက္ခံရမွာကိုေၾကာက္လို႔ ကေလးငယ္ကိုခ်က္ခ်င္းေနအိမ္သို႔ပို႔ေဆာင္ခဲ့ရေၾကာင္းလည္း သိ႐ွိရပါတယ္ ။ ကေလးမိခင္ Xiaoyan မွာေတာ့ ” ကြၽန္မရဲ႕ကေလးကိုပဲ က်န္းက်န္းမာမာ႐ွိေစခ်င္တယ္ ” ဆိုၿပီး ေျပာဆိုခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တရုတ်နိုင်ငံ ၊ ဝူဟန်မြို့မှာနေထိုင်တဲ့ ဝူဟန်ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတဲ့ ကိုယ်ဝန်ဆောင်မိခင်ထံမှ ကလေးငယ်ကို ဆရာဝန်များကအောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ပါတယ် ။ Xiaoyan အမည်ရှိတဲ့ အသက် 27 နှစ်အရွယ် ကိုယ်ဝန်ဆောင်မိခင်ဟာ ဒီလအစောပိုင်းကတည်းက ဝူဟန်ရောဂါပိုးကူးစက်ခံထားရတယ်လို့ သံသယရှိခံထားရတဲ့သူပါ ။ သူမရဲ့ ကိုယ်ဝန် 37 ပတ်မှာတော့ သူမရဲ့ကျန်းမာရေးဟာ သိသိသာသာယိုယွင်းလာခဲ့သောကြောင့် ဆရာဝန်များကသူမရဲ့ကလေးငယ်ကို ခက်ခက်ခဲခဲမွေးဖွားပေးခဲ့ရပါတယ် ။ ထို့အပြင် သူမဟာ ကိုယ်ဝန်ရှိနေခဲ့တဲ့အတွက် ကုသမှုကောင်းကောင်းမွန်မွန်မပြုလုပ်နိုင်ခဲ့ပါဘူး ။

Xiaoyan ဟာ အတော်လေးကိုကိုယ်အပူချိန်မြင့်နေပြီး ၊ မရပ်မနား ချောင်းဆိုးနေခဲ့တဲ့အတွက် ခွဲစိတ်ဆရာဝန်များမှာလည်း ခွဲစိတ်မှုပြုလုပ်နေတုန်း ရောဂါပိုးကူးစက်ခံရနိုင်တဲ့အန္တရာယ်မျိုးနဲ့ ရင်ဆိုင်နေခဲ့ရပါတယ် ။ ထို့ကြောင့် ဆရာဝန်များက ရောဂါကာကွယ်ပေးတဲ့ဝတ်စုံနှစ်စုံခန့်ထပ်ပြီး ဝတ်ဆင်ခဲ့ရကာ ၊ တစ်နာရီခန့်ကြာသည်အထိ ခွဲစိတ်မှုကျန့်ကြာခဲ့ရကြောင်း သိရှိရပါတယ် ။ ထို့အပြင် ဆရာဝန်က မျက်လုံးဖုံးထားရတဲ့ မျက်မှန်များတပ်ထားခဲ့ရတဲ့အတွက် အသက်ရှုငွေ့ရိုက်ပြီး မည်သည့်အရာမှကောင်းမွန်စွာ မမြင်နိုင်ခဲ့ရကြောင်း ဆရာဝန်က ပြောဆိုခဲ့ပါတယ် ။

ထို့နောက် 3.1 kg ကိုယ်အလေးချိန်ရှိတဲ့ ကလေးငယ်ကို မွေးဖွားနိုင်ပြီးနောက် ၊ ရောဂါကူးစက်ခံရမှာကိုကြောက်လို့ ကလေးငယ်ကိုချက်ချင်းနေအိမ်သို့ပို့ဆောင်ခဲ့ရကြောင်းလည်း သိရှိရပါတယ် ။ ကလေးမိခင် Xiaoyan မှာတော့ ” ကျွန်မရဲ့ကလေးကိုပဲ ကျန်းကျန်းမာမာရှိစေချင်တယ် ” ဆိုပြီး ပြောဆိုခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment