ဆင္းရဲလြန္းတဲ့ခ်စ္သူနဲ႔လမ္းခြဲႏိုင္ဖို႔ ျပန္ေပးဆြဲခံရၿပီးေသဆံုးသြားသလို ဟန္ေဆာင္ခဲ့တဲ့ မိန္းကေလးရဲ႕အျဖစ္

ခ်စ္သူႏွစ္ေယာက္လမ္းခြဲၾကတယ္ဆိုတာကေတာ့ ေ႐ွ႕ဆက္ေလ်ွာက္ဖို႔လံုးဝအဆင္မေျပ ညႇိယူလို႔မရေတာ့တဲ့အဆံုးၾကမွ လမ္းခြဲၾကတာမ်ားပါတယ္ ။ သို႔ေပမဲ့ ဒီတစ္ေခါက္ေဖာ္ျပမဲ့ တ႐ုတ္ႏိုင္ငံမွာေနထိုင္တဲ့ အသက္ 37 ႏွစ္အရြယ္ Yu အမည္႐ွိတဲ့မိန္းကေလးမွာေတာ့ ခ်စ္သူနဲ႔လမ္းခြဲခဲ့တဲ့ပံုစံဟာ ဆိုးဝါးလြန္းတဲ့အတြက္ အဖမ္းခံခဲ့ရတဲ့အထိပါပဲ ။ ျဖစ္စဥ္ကေတာ့ သူမရဲ႕ခ်စ္သူ Lin အမည္႐ွိတဲ့အမ်ိဳးသားဟာ ဆင္းရဲလြန္းတဲ့အတြက္ ဆက္ၿပီးမတြဲႏိုင္ေတာ့တဲ့အဆံုး ျပန္ေပးဆြဲခံရၿပီး အသတ္ခံရသလိုဟန္ေဆာင္ကာ လမ္းခြဲပစ္ခဲ့လို႔ပါပဲ ။ Yu ဟာ တ႐ုတ္ႏွစ္သစ္ကူးပြဲအတြက္ ခ်စ္သူရဲ႕ဇာတိၿမိဳ႕သို႔ အလယ္လိုက္ခဲ့ရင္းနဲ႔မွ ခ်စ္သူရဲ႕ေငြေရးေၾကးေရး အဆင္မေျပတဲ့အေျခအေနကို သိ႐ွိသြားခဲ့တာျဖစ္ပါတယ္ ။ ထိုအခ်ိန္မွစၿပီး သူမဟာခ်စ္သူနဲ႔လမ္းခြဲခ်င္ခဲ့ေပမဲ့လည္း ခ်စ္သူကလက္မခံဘဲ ျငင္းဆိုေနမွာကို သူမကစိုးရိမ္ခဲ့ပါတယ္ ။

ထို႔ေနာက္ ခ်စ္သူရဲ႕ဇာတိၿမိဳ႕ကေနျပန္လာၿပီး မၾကာခင္မွာပဲ Yu ဟာ သူမေနထိုင္ေနခဲ့တဲ့ အေဆာင္ကေန ေပ်ာက္ကြယ္သြားခဲ့ၿပီး မိနစ္အနည္းငယ္အၾကာမွာေတာ့ သူမရဲ႕ခ်စ္သူကိုဖုန္းေခၚဆိုကာ သူမရဲ႕ခင္ပြန္းေဟာင္းကသူမကိုျပန္ေပးဆြဲၿပီးေနာက္ သူမကိုေရကန္ထဲပစ္ခ်ေတာ့မည္ျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ ထို႔အျပင္ ” ငါ့ကိုလာကယ္ပါအံုး ၊ ငါခင္ပြန္းေဟာင္းက ငါ့ကိုျပန္ေပးဆြဲသြားလို႔ ၊ ျမန္ျမန္လာ ၊ ငါအခုအျမန္လမ္းေပၚကိုေတာင္ ေရာက္ေနၿပီ ” ဆိုၿပီးေျပာဆိုကာ ဖုန္ခ်သြားခဲ့ပါတယ္ ။ ထို႔အျပင္ သူမက ခင္ပြန္းေဟာင္းပံုစံဟန္ေဆာင္ကာ ခ်စ္သူထံ message မ်ားစြာေပးပို႔ခဲ့ၿပီး ယခုကဲ့သို႔ျပန္ေပးဆြဲခံရတာကိုရဲတိုင္ပါက သူမကိုသတ္ပစ္မည္ျဖစ္ေၾကာင္းလည္း စာမ်ားေပးပို႔ခဲ့ပါတယ္ ။

ခ်စ္သူျဖစ္တဲ့ Lin ကေတာ့ ဘယ္လိုလုပ္ရမွန္းလဲမသိေတာ့ဘဲ ေနာက္ဆံုးအဆိုပါကိစၥကို ရဲတိုင္ၾကားခဲ့ပါတယ္ ။ ထို႔ေနာက္ ရဲအရာ႐ွိမ်ားက ႐ွာေဖြစစ္ေဆးခဲ့ခ်ိန္မွာေတာ့ သူမရဲ႕တည္ေနရာကို Tenglong အနားမွာ႐ွိတဲ့ Motel တစ္ခုမွာေတြ႔႐ွိခဲ့ပါတယ္ ။ ထို႔ေနာက္ ရဲအရာ႐ွိမ်ားက သြားေရာက္စစ္ေဆးခဲ့ခ်ိန္မွာေတာ့ သူမဟာမိုတယ္အခန္းထဲက ကုတင္ေပၚမွာလဲေလ်ာင္ေနၿပီး Tv ၾကည့္ေနတဲ့အေျခအေနမ်ိဳးနဲ႔ေတြ႔႐ွိခဲ့ၾကပါတယ္ ။ သူမကိုစစ္ေမးခဲ့ခ်ိန္မွာေတာ့ ဆင္းရဲလြန္းတဲ့ခ်စ္သူနဲ႔လမ္းခြဲခ်င္လို႔ ယခုလိုဟန္ေဆာင္ခဲ့ရတာျဖစ္ေၾကာင္း ထြက္ဆိုခဲ့ပါတယ္ ။ ထို႔ေၾကာင့္ သူမဟာ တာဝန္႐ွိသူရဲအရာ႐ွိေတြရဲ႕ တာဝန္ဝတၱရားေတြကိုေႏွာင့္ယွက္မႈနဲ႔ 10 ရက္ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ချစ်သူနှစ်ယောက်လမ်းခွဲကြတယ်ဆိုတာကတော့ ရှေ့ဆက်လျှောက်ဖို့လုံးဝအဆင်မပြေ ညှိယူလို့မရတော့တဲ့အဆုံးကြမှ လမ်းခွဲကြတာများပါတယ် ။ သို့ပေမဲ့ ဒီတစ်ခေါက်ဖော်ပြမဲ့ တရုတ်နိုင်ငံမှာနေထိုင်တဲ့ အသက် 37 နှစ်အရွယ် Yu အမည်ရှိတဲ့မိန်းကလေးမှာတော့ ချစ်သူနဲ့လမ်းခွဲခဲ့တဲ့ပုံစံဟာ ဆိုးဝါးလွန်းတဲ့အတွက် အဖမ်းခံခဲ့ရတဲ့အထိပါပဲ ။ ဖြစ်စဉ်ကတော့ သူမရဲ့ချစ်သူ Lin အမည်ရှိတဲ့အမျိုးသားဟာ ဆင်းရဲလွန်းတဲ့အတွက် ဆက်ပြီးမတွဲနိုင်တော့တဲ့အဆုံး ပြန်ပေးဆွဲခံရပြီး အသတ်ခံရသလိုဟန်ဆောင်ကာ လမ်းခွဲပစ်ခဲ့လို့ပါပဲ ။ Yu ဟာ တရုတ်နှစ်သစ်ကူးပွဲအတွက် ချစ်သူရဲ့ဇာတိမြို့သို့ အလယ်လိုက်ခဲ့ရင်းနဲ့မှ ချစ်သူရဲ့ငွေရေးကြေးရေး အဆင်မပြေတဲ့အခြေအနေကို သိရှိသွားခဲ့တာဖြစ်ပါတယ် ။ ထိုအချိန်မှစပြီး သူမဟာချစ်သူနဲ့လမ်းခွဲချင်ခဲ့ပေမဲ့လည်း ချစ်သူကလက်မခံဘဲ ငြင်းဆိုနေမှာကို သူမကစိုးရိမ်ခဲ့ပါတယ် ။

ထို့နောက် ချစ်သူရဲ့ဇာတိမြို့ကနေပြန်လာပြီး မကြာခင်မှာပဲ Yu ဟာ သူမနေထိုင်နေခဲ့တဲ့ အဆောင်ကနေ ပျောက်ကွယ်သွားခဲ့ပြီး မိနစ်အနည်းငယ်အကြာမှာတော့ သူမရဲ့ချစ်သူကိုဖုန်းခေါ်ဆိုကာ သူမရဲ့ခင်ပွန်းဟောင်းကသူမကိုပြန်ပေးဆွဲပြီးနောက် သူမကိုရေကန်ထဲပစ်ချတော့မည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။ ထို့အပြင် ” ငါ့ကိုလာကယ်ပါအုံး ၊ ငါခင်ပွန်းဟောင်းက ငါ့ကိုပြန်ပေးဆွဲသွားလို့ ၊ မြန်မြန်လာ ၊ ငါအခုအမြန်လမ်းပေါ်ကိုတောင် ရောက်နေပြီ ” ဆိုပြီးပြောဆိုကာ ဖုန်ချသွားခဲ့ပါတယ် ။ ထို့အပြင် သူမက ခင်ပွန်းဟောင်းပုံစံဟန်ဆောင်ကာ ချစ်သူထံ message များစွာပေးပို့ခဲ့ပြီး ယခုကဲ့သို့ပြန်ပေးဆွဲခံရတာကိုရဲတိုင်ပါက သူမကိုသတ်ပစ်မည်ဖြစ်ကြောင်းလည်း စာများပေးပို့ခဲ့ပါတယ် ။

ချစ်သူဖြစ်တဲ့ Lin ကတော့ ဘယ်လိုလုပ်ရမှန်းလဲမသိတော့ဘဲ နောက်ဆုံးအဆိုပါကိစ္စကို ရဲတိုင်ကြားခဲ့ပါတယ် ။ ထို့နောက် ရဲအရာရှိများက ရှာဖွေစစ်ဆေးခဲ့ချိန်မှာတော့ သူမရဲ့တည်နေရာကို Tenglong အနားမှာရှိတဲ့ Motel တစ်ခုမှာတွေ့ရှိခဲ့ပါတယ် ။ ထို့နောက် ရဲအရာရှိများက သွားရောက်စစ်ဆေးခဲ့ချိန်မှာတော့ သူမဟာမိုတယ်အခန်းထဲက ကုတင်ပေါ်မှာလဲလျောင်နေပြီး Tv ကြည့်နေတဲ့အခြေအနေမျိုးနဲ့တွေ့ရှိခဲ့ကြပါတယ် ။ သူမကိုစစ်မေးခဲ့ချိန်မှာတော့ ဆင်းရဲလွန်းတဲ့ချစ်သူနဲ့လမ်းခွဲချင်လို့ ယခုလိုဟန်ဆောင်ခဲ့ရတာဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ် ။ ထို့ကြောင့် သူမဟာ တာဝန်ရှိသူရဲအရာရှိတွေရဲ့ တာဝန်ဝတ္တရားတွေကိုနှောင့်ယှက်မှုနဲ့ 10 ရက်ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment