အခ်စ္ကိုသက္ေသျပဖို႔ တံတားေပၚကေနခုန္ခ်ခဲ့တဲ့ 13ႏွစ္အရြယ္စံုတြဲဟာ ဖြတ္ေၾကာင့္ေရနစ္ေသဆံုးမဲ့အျဖစ္နဲ႔ၾကံဳခဲ့ရ

ငယ္ရြယ္လြန္းတဲ့ခ်စ္သူစံုတြဲေလးေတြဟာ အခ်စ္ကိုအေတာ္ေလးကိုးကြယ္ယံုၾကည္ၾကၿပီး ကမာၻေပၚမွာသူတို႔ေလာက္ ခ်စ္တတ္တာမ႐ွိဘူးလို႔ ထင္တတ္ၾကမွာပါ ။သူတို႔ရဲ႕ အခ်စ္ေတြကို သစၥာဆိုၿပီး ၊ ကတိေတြေပးၿပီး သက္ေသျပတတ္ၾကပါတယ္ ။ ဒီတစ္ေခါက္မွာလည္း ထိုင္းႏိုင္ငံမွ ခ်စ္သူသက္တမ္း8လခန္႔႐ွိေနၿပီျဖစ္တဲ့ 13ႏွစ္အရြယ္စံုတြဲေလးဟာ ေကာင္မေလးရဲ႕မိခင္ကသူတို႔စံုတြဲကို တားျမစ္ကန္႔ကြက္ခဲ့လို႔ သူတို႔ရဲ႕မေသဆံုးႏိုင္တဲ့အခ်စ္ေတြကို တစ္ေယာက္နဲ႔တစ္ေယာက္သက္ေသျပဖို႔အတြက္ဆိုၿပီး တံတားေပၚကေန အတူတူခုန္ခ်ဖို႔ဆံုးျဖတ္ခဲ့ၾကပါတယ္ ။ေကာင္မေလးရဲ႕ မိခင္ကအခ်င္းခ်င္းအဆက္အသြယ္ျဖတ္ဖို႔ေျပာလိုက္ခ်ိန္မွာေတာ့ အဆိုပါစံုတြဲဟာ August 18ရက္ေန႔က တံတားေပၚကေနခုန္ခ်ခဲ့တာပါ ။

သူတို႔ရဲ႕မယိမ္းယိုင္ႏိုင္တဲ့အခ်စ္ကို သက္ေသျပဖို႔တစ္ေယာက္နဲ႔တစ္ေယာက္ လက္ကိုကိုင္ဆြဲထားၾကၿပီး ျမစ္ထဲကိုခုန္ခ်ခဲ့ပါတယ္ ။သူတို႔ဟာ ကိုယ့္ကိုသတ္ေသဖို႔ႀကိဳးစားခဲ့ၾကတာေတာ့ မဟုတ္ပါဘူး ။ သို႔ေပမဲ့ ျမစ္ထဲသို႔ခုန္ခ်ၿပီးေနာက္ အလြန္ႀကီးမားေသာဖြတ္တစ္ေကာင္ဟာ ျမစ္ထဲမွာေရကူးေနခဲ့တာ အဆိုပါစံုတြဲဟာ ေတြ႔႐ွိသြားခဲ့ပါတယ္ ။ေကာင္မေလးဟာ ဖြတ္ႀကီးကို အလြန္ေၾကာက္လန္႔သြားၿပီး ႐ုတ္တရက္ေကာင္ေလး၏လက္ကိုလြတ္ပစ္လိုက္ၿပီး ထြက္ေျပးလြတ္ေျမာက္ႏိုင္ေအာင္ ႀကိဳးစားခဲ့ပါတယ္ ။သို႔ေပမဲ့လည္း ေကာင္မေလးဟာေရမကူးတတ္တဲ့အတြက္ ေရနစ္ျမဳပ္တဲ့ဒုကၡနဲ႔ၾကံဳေတြ႔ခဲ့ပါတယ္ ။ေကာင္ေလးမွာလည္း ေရေပၚမွာေပၚေလာေပၚႏိုင္ေအာင္ အျပင္းအထန္႐ုန္းကန္ခဲ့ေပမဲ့လည္း အဆိုပါအေျခအေနေတြေၾကာင့္ ေရနစ္ျမဳပ္ျခင္းနဲ႔ၾကံဳေတြ႔ေနခဲ့ရပါတယ္ ။အသက္႐ႈဖို႔နည္း႐ွာမေတြ႔တဲ့အဆံုး ေကာင္ေလးဟာကမ္းစပ္ဖက္သို႔ အျပင္းအထန္ႀကိဳးစားကူးခက္ခဲ့ပါတယ္ ။

ထိုအခ်ိန္မွာ ျမစ္ေခ်ာင္းေဘးသို႔ျဖတ္သြားတဲ့လူတစ္ေယာက္က ေတြ႔႐ွိခဲ့ၿပီး ျမစ္ေခ်ာင္းထဲသို႔ခ်က္ခ်င္း ခုန္ဆင္းကာ အဆိုပါစံုတြဲကိုကယ္တင္ေပးခဲ့ပါတယ္ ။ေရနစ္ေသဆံုးေတာ့မယ္ေကာင္မေလးကို ခ်က္ခ်င္းေဆးအကူအဖြဲ႔မ်ားက ကုသေပးခဲ့ၿပီး အေရးေပၚအေျခအေနသို႔ေရာက္႐ွိေနေၾကာင္း သိ႐ွိရပါတယ္ ။ေကာင္ေလး၏မိခင္ျဖစ္သူမွာလည္း သားေလးဟာ ေကာင္မေလးတစ္ေယာက္နဲ႔တြဲေနတာကိုသိ႐ွိထားၿပီး အဆိုပါစံုတြဲကိုအခ်စ္ေရးထက္ ပညာေရးကိုသာအာရံုစိုက္ရန္ ေျပာဆိုခဲ့ဖူးေၾကာင္း သိ႐ွိရပါတယ္ ။ေကာင္ေလး၏မိခင္ျဖစ္သူမွာေတာ့ သားျဖစ္သူက ယခုကဲ့သို႔ျပဳမႈမည္ကိုမထင္ထားမိခဲ့ေၾကာင္း ႏွင့္ သားျဖစ္သူ၏ အျပဳအမႈေတြအတြက္ ေကာင္မေလးႏွင့္ေကာင္မေလး၏မိဘမ်ားကို သြားေရာက္ေတာင္းပန္ခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ငယ်ရွယ်လွန်းတဲ့ချစ်သူစုံတွဲလေးတွေဟာ အချစ်ကိုအတော်လေးကိုးကွယ်ယုံကြည်ကြပြီး ကမ္ဘာပေါ်မှာသူတို့လောက် ချစ်တတ်တာမရှိဘူးလို့ ထင်တတ်ကြမှာပါ ။သူတို့ရဲ့ အချစ်တွေကို သစ္စာဆိုပြီး ၊ ကတိတွေပေးပြီး သက်သေပြတတ်ကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း ထိုင်းနိုင်ငံမှ ချစ်သူသက်တမ်း8လခန့်ရှိနေပြီဖြစ်တဲ့ 13နှစ်အရွယ်စုံတွဲလေးဟာ ကောင်မလေးရဲ့မိခင်ကသူတို့စုံတွဲကို တားမြစ်ကန့်ကွက်ခဲ့လို့ သူတို့ရဲ့မသေဆုံးနိုင်တဲ့အချစ်တွေကို တစ်ယောက်နဲ့တစ်ယောက်သက်သေပြဖို့အတွက်ဆိုပြီး တံတားပေါ်ကနေ အတူတူခုန်ချဖို့ဆုံးဖြတ်ခဲ့ကြပါတယ် ။ကောင်မလေးရဲ့ မိခင်ကအချင်းချင်းအဆက်အသွယ်ဖြတ်ဖို့ပြောလိုက်ချိန်မှာတော့ အဆိုပါစုံတွဲဟာ August 18ရက်နေ့က တံတားပေါ်ကနေခုန်ချခဲ့တာပါ ။

သူတို့ရဲ့မယိမ်းယိုင်နိုင်တဲ့အချစ်ကို သက်သေပြဖို့တစ်ယောက်နဲ့တစ်ယောက် လက်ကိုကိုင်ဆွဲထားကြပြီး မြစ်ထဲကိုခုန်ချခဲ့ပါတယ် ။သူတို့ဟာ ကိုယ့်ကိုသတ်သေဖို့ကြိုးစားခဲ့ကြတာတော့ မဟုတ်ပါဘူး ။ သို့ပေမဲ့ မြစ်ထဲသို့ခုန်ချပြီးနောက် အလွန်ကြီးမားသောဖွတ်တစ်ကောင်ဟာ မြစ်ထဲမှာရေကူးနေခဲ့တာ အဆိုပါစုံတွဲဟာ တွေ့ရှိသွားခဲ့ပါတယ် ။ကောင်မလေးဟာ ဖွတ်ကြီးကို အလွန်ကြောက်လန့်သွားပြီး ရုတ်တရက်ကောင်လေး၏လက်ကိုလွတ်ပစ်လိုက်ပြီး ထွက်ပြေးလွတ်မြောက်နိုင်အောင် ကြိုးစားခဲ့ပါတယ် ။သို့ပေမဲ့လည်း ကောင်မလေးဟာရေမကူးတတ်တဲ့အတွက် ရေနစ်မြုပ်တဲ့ဒုက္ခနဲ့ကြုံတွေ့ခဲ့ပါတယ် ။ကောင်လေးမှာလည်း ရေပေါ်မှာပေါ်လောပေါ်နိုင်အောင် အပြင်းအထန်ရုန်းကန်ခဲ့ပေမဲ့လည်း အဆိုပါအခြေအနေတွေကြောင့် ရေနစ်မြုပ်ခြင်းနဲ့ကြုံတွေ့နေခဲ့ရပါတယ် ။အသက်ရှုဖို့နည်းရှာမတွေ့တဲ့အဆုံး ကောင်လေးဟာကမ်းစပ်ဖက်သို့ အပြင်းအထန်ကြိုးစားကူးခက်ခဲ့ပါတယ် ။

ထိုအချိန်မှာ မြစ်ချောင်းဘေးသို့ဖြတ်သွားတဲ့လူတစ်ယောက်က တွေ့ရှိခဲ့ပြီး မြစ်ချောင်းထဲသို့ချက်ချင်း ခုန်ဆင်းကာ အဆိုပါစုံတွဲကိုကယ်တင်ပေးခဲ့ပါတယ် ။ရေနစ်သေဆုံးတော့မယ်ကောင်မလေးကို ချက်ချင်းဆေးအကူအဖွဲ့များက ကုသပေးခဲ့ပြီး အရေးပေါ်အခြေအနေသို့ရောက်ရှိနေကြောင်း သိရှိရပါတယ် ။ကောင်လေး၏မိခင်ဖြစ်သူမှာလည်း သားလေးဟာ ကောင်မလေးတစ်ယောက်နဲ့တွဲနေတာကိုသိရှိထားပြီး အဆိုပါစုံတွဲကိုအချစ်ရေးထက် ပညာရေးကိုသာအာရုံစိုက်ရန် ပြောဆိုခဲ့ဖူးကြောင်း သိရှိရပါတယ် ။ကောင်လေး၏မိခင်ဖြစ်သူမှာတော့ သားဖြစ်သူက ယခုကဲ့သို့ပြုမှုမည်ကိုမထင်ထားမိခဲ့ကြောင်း နှင့် သားဖြစ်သူ၏ အပြုအမှုတွေအတွက် ကောင်မလေးနှင့်ကောင်မလေး၏မိဘများကို သွားရောက်တောင်းပန်ခဲ့ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment