ဝူဟန္ၿမိဳ႕ကေန ျပန္လာတဲ့သားျဖစ္သူကို မိသားစုဝင္ေတြက အခန္းထဲပိတ္ေလွာင္ထားခဲ့ၾကတဲ့အျဖစ္ (႐ုပ္သံ)

ဝူဟန္ဗိုင္းရပ္စ္ပိုးဟာ တစ္ကမာၻလံုးကလူေတြကို တုန္လႈပ္ေၾကာက္ရြံေစရံုတာထက္ ဝူဟန္ၿမိဳ႕ကေနေရာက္လာတဲ့လူေတြက ပိုၿပီးေၾကာက္ဖို႔ေကာင္ေနပါတယ္ ။ ဒီတစ္ေခါက္မွာလည္း ဝူဟန္ၿမိဳ႕ကို အလုပ္သြားေရာက္လုပ္ကိုင္ေနခဲ့တဲ့ အမ်ိဳးသားဟာေနရပ္သို႔ ျပန္ေရာက္လာခဲ့ခ်ိန္မွာေတာ့ သူ၏မိသားစုဝင္မ်ားကေၾကာက္လန္႔ၾကၿပီး သူ၏အနားမကပ္ရဲတဲ့အဆံုး အဆိုပါအမ်ိဳးသားကိုေနအိမ္ထဲမွာပိတ္ေလွာင္ထားခဲ့ၿပီးေနာက္ အိမ္တံခါးေပါက္ကိုသစ္သားျပားေတြနဲ႔ကာထားကာ ပိတ္ေလွာင္ထားမႈျဖစ္ပြားခဲ့ပါတယ္ ။ အဆိုပါအမ်ိဳးသားက ေအာ္ဟစ္အကူအညီေတာင္းေနခဲ့ေပမဲ့လည္း မည္သူကမွ ဂ႐ုမစိုက္ဘဲ တံခါးကိုသာပိတ္ေလွာင္ခဲ့ၾကပါတယ္ ။

ဝူဟန္ၿမိဳ႕ကေန ျပန္ေရာက္လာခဲ့တဲ့သူေတြကို ဆက္ဆံတဲ့ပံုစံေတြက ဒီတစ္ခုထဲတင္မကပါဘူး ။ အျခား video တစ္ခုမွာဆိုရင္ အမ်ိဳးသမီးတစ္ေယာက္ဟာ အိမ္ထဲသို႔ဝင္ေရာက္ဖို႔ႀကိဳးစားေနခဲ့တဲ့အမ်ိဳးသားတစ္ေယာက္ကို ထိုင္ခံုနဲ႔ကာၿပီး အတင္းတြန္းဖယ္ထုတ္ေနခဲ့တာပါ ။

Video ေနာက္တစ္ခုမွာေတာ့ လူအေယာက္ေပါင္းမ်ားစြာက ေနအိမ္တစ္ခုရဲ့တံခါးေပါက္ကိုသံေခ်ာင္းေတြနဲ႔ေထာက္ၿပီး ပိတ္ေလွာင္ဖို႔ႀကိဳးစားေနခဲ့ၾကတာပါ ။ ထို႔အျပင္ အိမ္အဝင္ေပါက္အနားကိုလည္း ” ဒီအိမ္ထဲကလူေတြက အခုမွ ဝူဟန္ၿမိဳ႕ကေနျပန္ေရာက္လာတာပါ ” ဆိုတဲ့ စာတန္းအနီးႀကီးကိုပါ ကပ္ထားခဲ့ပါေသးတယ္ ။ သို႔ေပမဲ့လည္း လူအမ်ားစုက ဝူဟန္ၿမိဳ႕က ဗိုင္းရပ္စ္ပိုးစျဖစ္တဲ့ေနရာဆိုေပမဲ့လည္း ဝူဟန္ၿမိဳ႕ကလူေတြကလည္း လူပါပဲ ၊ သူတို႔ကို အဲ့လိုမဆက္ဆံသင့္ဘူး ” ဆိုၿပီး လူအမ်ားကမ်ိဳးစံုသံုးသပ္ေဝဖန္ခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဝူဟန်ဗိုင်းရပ်စ်ပိုးဟာ တစ်ကမ္ဘာလုံးကလူတွေကို တုန်လှုပ်ကြောက်ရွံစေရုံတာထက် ဝူဟန်မြို့ကနေရောက်လာတဲ့လူတွေက ပိုပြီးကြောက်ဖို့ကောင်နေပါတယ် ။ ဒီတစ်ခေါက်မှာလည်း ဝူဟန်မြို့ကို အလုပ်သွားရောက်လုပ်ကိုင်နေခဲ့တဲ့ အမျိုးသားဟာနေရပ်သို့ ပြန်ရောက်လာခဲ့ချိန်မှာတော့ သူ၏မိသားစုဝင်များကကြောက်လန့်ကြပြီး သူ၏အနားမကပ်ရဲတဲ့အဆုံး အဆိုပါအမျိုးသားကိုနေအိမ်ထဲမှာပိတ်လှောင်ထားခဲ့ပြီးနောက် အိမ်တံခါးပေါက်ကိုသစ်သားပြားတွေနဲ့ကာထားကာ ပိတ်လှောင်ထားမှုဖြစ်ပွားခဲ့ပါတယ် ။ အဆိုပါအမျိုးသားက အော်ဟစ်အကူအညီတောင်းနေခဲ့ပေမဲ့လည်း မည်သူကမှ ဂရုမစိုက်ဘဲ တံခါးကိုသာပိတ်လှောင်ခဲ့ကြပါတယ် ။

ဝူဟန်မြို့ကနေ ပြန်ရောက်လာခဲ့တဲ့သူတွေကို ဆက်ဆံတဲ့ပုံစံတွေက ဒီတစ်ခုထဲတင်မကပါဘူး ။ အခြား video တစ်ခုမှာဆိုရင် အမျိုးသမီးတစ်ယောက်ဟာ အိမ်ထဲသို့ဝင်ရောက်ဖို့ကြိုးစားနေခဲ့တဲ့အမျိုးသားတစ်ယောက်ကို ထိုင်ခုံနဲ့ကာပြီး အတင်းတွန်းဖယ်ထုတ်နေခဲ့တာပါ ။

Video နောက်တစ်ခုမှာတော့ လူအယောက်ပေါင်းများစွာက နေအိမ်တစ်ခုရဲ့တံခါးပေါက်ကိုသံချောင်းတွေနဲ့ထောက်ပြီး ပိတ်လှောင်ဖို့ကြိုးစားနေခဲ့ကြတာပါ ။ ထို့အပြင် အိမ်အဝင်ပေါက်အနားကိုလည်း ” ဒီအိမ်ထဲကလူတွေက အခုမှ ဝူဟန်မြို့ကနေပြန်ရောက်လာတာပါ ” ဆိုတဲ့ စာတန်းအနီးကြီးကိုပါ ကပ်ထားခဲ့ပါသေးတယ် ။ သို့ပေမဲ့လည်း လူအများစုက ဝူဟန်မြို့က ဗိုင်းရပ်စ်ပိုးစဖြစ်တဲ့နေရာဆိုပေမဲ့လည်း ဝူဟန်မြို့ကလူတွေကလည်း လူပါပဲ ၊ သူတို့ကို အဲ့လိုမဆက်ဆံသင့်ဘူး ” ဆိုပြီး လူအများကမျိုးစုံသုံးသပ်ဝေဖန်ခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment