



Jasmine (Yatanar media)
Source: thesun

Unicode

လေယာဉ်ပေါ်ကနေခုန်ကျကာ ကိုယ့်ကိုယ်ကိုသတ်သေခဲ့တဲ့ တက္ကသိုလ်ကျောင်းသူ

Alana Cutland အမည်ရှိတဲ့အသက် 19နှစ်အရွယ် ၊ Cambridge University က တက္ကသိုလ်ကျောင်းသူမလေးဟာ အာဖရိကအရှေ့ဘက်ပိုင်းမှာရှိတဲ့ Madagascar မြို့ သို့သုတေသနပြုလုပ်ပြီး ပြန်လာတဲ့လေယာဉ်ပေါ်ကနေ ခုန်ချပြီးကိုယ်ကိုသေကြောင်းကြံစည်မှုဖြစ်ပွားခဲ့ပါတယ် ။ စုံစမ်းစစ်ဆေးသူတွေရဲ့ပြောကြားချက်အရ ငွေရေးကြေးရေးအခက်အခဲရှိခဲ့၍ သူမရဲသုတေသနပြုလုပ်တဲ့ခရီးစဉ်ဟာ အဆင်မပြေပဲကျရှုံးခဲ့တဲ့အတွက် သူမဟာစိတ်ဖောက်ပြန်မှုကို 5ကြိမ်လောက် ခံစားခဲ့ရကြောင်း သိရှိရပါတယ် ။

ဖြစ်စဉ်ကတော့ Anjajavy သစ်တောကနေထွက်ခွာလာခဲ့တဲ့လေယာဉ်ငယ်လေးပေါ်မှာ လေယာဉ်မှုး ၊ Mr Johnson နှင့် Alana တို့သုံးယောက်သာ လိုက်ပါစီးနင်းလာခဲ့ပါတယ် ။ လေယာဉ်ပျံတက်ပြီး 10မိနစ်အကြာမှာ Alana ဟာသူမရဲ့ထိုင်ခုံခါးပတ်ကိုဖြုတ်ပြီး ၊ တံခါးကိုဖွင့်ကာ လေယာဉ်ပေါ်ကနေခုန်ချဖို့ကြိုးစားခဲ့ပါတယ် ။ Mr Johnson ဟာသူမကိုဖြောင့်ဖြပြီး သူမကိုဖမ်းပြီး ဆုပ်ကိုင်ထားရန်ကြိုးစားခဲ့ပေမဲ့လည်း သူမဟာအတင်းရုန်းကန်ကာလေယာဉ်ပေါ်မှခုန်ချခဲ့ပါတယ် ။ Alana ဟာပင်လယ်ပြင်အထက် 1130m ကနေ ပင်လယ်တွင်းသို့ကျရောက်ခဲ့တာဖြစ်ပါတယ် ။

ရဲအရာရှိများနှင့် ဒေသခံများကအဆိုပါပတ်ဝန်းကျင်တွင်သူမ၏ရုပ်အလောင်းကိုရှာဖွေမှုများပြုလုပ်ခဲ့ပေမဲ့ ဝေလံလွန်းလှတဲ့နေရာဒေသဖြစ်သည့်အတွက် ရုပ်အလောင်းကိုမတွေ့ရှိနိုင်မှာဆိုးကြောင်းလည်း ပြောပြခဲ့ပါတယ် ။ သူမ၏မိဘများကတော့ သူမကိုဆုံးရှုံးခဲ့ရတဲ့အတွက် ဝမ်းနည်းကြေကွဲခဲ့ရပြီး ၊ နောက်ဆုံးအချိန်ထိသူမ၏ကြိုးစားစွာရပ်တည်ခဲ့ပုံကိုလည်း ချီးကျူ းဂုဏ်ပြုပေးခဲ့ပါတယ် ။

Jasmine (Yatanar media)
Source: thesun

Be the first to comment on "လေယာဉ်ပေါ်ကနေခုန်ကျကာ ကိုယ့်ကိုယ်ကိုသတ်သေခဲ့တဲ့ တက္ကသိုလ်ကျောင်းသူ"

Leave a comment

Your email address will not be published.


*